Monday, April 11, 2016

ဓမ္မစကား ... ၁

ဓမ္မစကား ... ၁
************
သင်္ကြန်ဆိုတာ ကူးပြောင်းခြင်းဆိုတဲ့အဓိပ္ပါယ်ပါ။
တစ်နှစ်က နေ တစ်နှစ်ကို ကူးပြောင်းသလို
လူတွေရဲ့စိတ်ဟာလည်း
အဆိုးက နေ အ ကောင်းကို ကူးပြောင်းဖို့
အ၀ိဇ္ဇာက နေ ၀ိဇ္ဇာပညာဉာဏ်အဖြစ် ကူးပြောင်းဖို့
လောဘ က နေ အ လောဘတွေ ပိုဖြစ်လာအောင်
ဒေါသ က နေ အ ဒေါသ တွေ ပိုဖြစ်လာအောင်
မောဟ က နေ အ မောဟ တွေ ပိုဖြစ်လာအောင်
ကိုယ့်ကိုယ်ကိုယ် သတိလေးထားထားပြီး
ပြောင်းလဲအောင်ကြိုးစားနိုင်မှ ဘ၀အကျိုးရှိမယ့်
တကယ့်ပြောင်းလဲခြင်းအစစ်အမှန်ဖြစ်ပါလိမ့်မယ်။

မဟာသင်္ကြန် ကာလ
ဒီနှစ် ဒီလ ဒီရက် ဒီအချိန်ကစပြီးတော့
စိတ်ကောင်းဖို့နဲ့ စိတ်ပြောင်းဖို့ ၀ိပဿနာ
သတိပဋ္ဌာန်လုပ်ငန်းဖြင့် ဆင်ခြင်ရှုမှတ်ကြပါစို့။
>>>>>>>>>>>>>>>
ဓမ္မစက္ကဦးမောင်မောင်
တွံတေးတောကြီးတန်း ၀ိပဿနာတောစခန်းရိပ်သာ
၁၁.၄.၂၀၁၆ ပထမ နေ့ သြ၀ါဒ

No comments:

Post a Comment