Thursday, April 7, 2016

သဝန်တိုပေးပါ !

သဝန်တိုပေးပါ !
ငါနင့်ကို သဝန်တိုအောင်စရင်...

တားမြစ်ပေးပါ !
နင်မကြိုက်တဲ့ကိစ္စတွေ ငါအရွဲ့တိုက်လုပ်ပြရင်...

ဂရုစိုက်ပေးပါ !
ငါစိတ်တွေရှုပ်လို့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိရင်...

အလျော့ပေးပါ !
ငါစိတ်ညစ်လို့ အော်ပြောမိရင်...

ဆွဲထားပေးပါ !
ငါလမ်းခွဲစကားပြောမိသွားရင်...

ချွဲခွင့်ပေးပါ !
ငါနင့်ကို ကျီစယ်ချင်ရင်...

ခဏခဏပြောပေးပါ !
ချစ်တယ်ချစ်တယ်ဆိုတဲ့စကားကိုဖုန်းချခါနီးရင်...

လက်ဖဝါးလေးကိုအမြဲကိုင်ထားပေးပါ !
လူကြားထဲလမ်းလျှောက်သွားရင်...

အနမ်းလေးတစ်ပွင့်ပေးပါ !
အိမ်ပြန်ချိန်ရောက်လို့ လမ်းခွဲခါနီးရင်...

ကတိတစ်ခုပေးပါ !
ဘာအကြာင်းကြောင့်နဲ့မှလမ်းမခွဲပါဘူးလို့...

Credit WunnaAung

No comments:

Post a Comment