Saturday, April 23, 2016

မျက်နှာလေး ပြည့်ဖူးနေအောင် လုပ်နည်း(1;2)

မျက်နှာလေး ပြည့်ဖူးနေအောင် လုပ်နည်း

မျက်နှာအတွက် အလှအပဆောင်းပါးတွေ ရေးတာ တော်တော်စုံနေပြီ၊ မှတ်မှတ်ရရ တခုပဲ ကျန်တော့တယ်။ အဲဒါတော့ မျက်နှာလေး ပြည့်ဖူးနေအောင် ပြုလုပ်တဲ့နည်းပဲဖြစ်ပါတယ်။ မျက်နှာ၊ပါးပြင်လေးတွေ ပြည့်ဖောင်းနေသူဟာ ဘယ်အချိန်ကြည့်ကြည့် အမြဲလှနေတတ်ပါတယ်။ အထူးသဖြင့် ယောကျာ်းလေးတွေရဲ့ သည်းခြေကြိုက်ပေါ။ အဲလိုဖြစ်အောင် တနည်းအားဖြင့် မျက်နှာ ပြည့်ပြည့်လေးနဲ့ ချစ်စရာပုံစံလေးပိုင်ဆိုင်အောင် ဘယ်လိုလုပ်မလဲ....
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

• ပန်းသီးတလုံးကိုယူပြီး ရေစင်အောင်ဆေးပါ။ ပြီးရင် အတုံးသေးလေးတွေလုပ်ပြီး grinder ထဲထည့်ပြီး ချေပါ။ ရလာတဲ့ ပန်းသီး ခပ်ပျစ်ပျစ်အရည် (paste)ကို ပါးပါ် လိမ်းပါ။ နာရီဝက်ထားပါ။ ပြီးမှ ရေအေးနဲ့ သေချာပြန်ဆေးပါ။

• နှင်းဆီရည် နှစ်စက်နဲ့ အလှဆီ ငါးစက်ကိုရောပြီး လိမ်းလို့လည်းရတယ်။ အနည်းဆုံး တနာရီကြာအောင် ထားပါ။ ပြီးရင် သန့်စင်တဲ့ဂွမ်းလုံးလေးနဲ့ ပွတ်ပြီး ပြန်လည်သန့်စင်ပါ။

• သံလွင်ဆီ ငါးစက်ကို ယူပြီး ပါးပြင်ပေါ် ငါးမိနစ်ကြာအောင် နှိပ်လိမ်း၊ နာရီဝက်ကြာရင် ရေပြန်ဆေးပါ။ အာနိသင်ကောင်းဖို့ တရက် နှစ်ကြိမ်လုပ်ပါ။ မျက်နှာအရေးအကြောင်းကိုပါ ကင်းစင်စေတယ်။

• ရှာစောင်းလပ်ပပ်ကို နာရီဝက်ကြာ စက်ဝိုင်းပုံလိမ်းပြီး နှိပ်ပေးတာလည်း တော်တော် ကောင်းတယ်။ တရက်ကို သုံးကြိမ်လုပ်နိုင်ရင် တပတ်အတွင်း ထင်ရှားတဲ့ ပြောင်းလဲမှုကို မြင်တွေ့မှာပါ။

• shea butter ထောပတ်ကိုလည်း လိမ်းကြတယ်။ ဖက်တီးအက်ဆစ်နဲ့ ဗီတာမင်အီးပါလို့ အသားတင်းစေတယ်။ အစိုဓာတ်ထိန်းတယ်။ ထောပတ်ကို ယူပြီး ပါးပြင်ပေါ် လိမ်းပေးပါ။ ငါးမိနစ်ကြာအောင်လိမ်းပြီး ခြောက်အောင်ထားပါ။ နာရီဝက်နေရင် ဂွမ်းစနဲ့ သေချာပြန်သန့်စင်ပါ။ ထောပတ်က မျက်နှာအသားအရေပြောင်းလဲစေရုံမက ပါးပြင်လေးတွေ ပြည့်ဖူးလာစေတယ်။

ဒုတိယပိုင်းမျှော်.........

ဒေါက်တာ အေးမင်းထူး
၂၁.၄.၁၆

(မျက်နှာလေး ပြည့်ဖူးနေအောင် ပြုလုပ်ပုံ (ဒုတိယပိုင်း)ကို instagram တွင် မကြာမှီ တင်ပေးပါမည်၊ ဆက်တင်ပေးမယ့် လေ့ကျင့်ခန်းက ပြုလုပ်ရလွယ်ကူပြီး တပတ်အတွင်း သိသာထင်ရှားတဲ့နည်း ဖြစ်ပါတယ်)
မျက်နှာလေးပြည့်ဖောင်းလာအောင်ပြုလုပ်နည်း(ဒုတိယပိုင်း)

မျက်နှာလေးပြည့်လာစေဖို့ အရေးကြီးဆုံးဓာတ်က နှစ်မျိုးပဲရှိပါတယ်။ ပထမတမျိုးက ကာဗိုဟိုက်ဒရိတ်ဖြစ်ပါတယ်။ အဲဒီအတွက် ထမင်း၊ဂျုံ၊အာလူးစတာတွေ များများစားပါ။ နောက်တမျိုးက ဗီတာမင်နဲ့ ဖောလစ်အက်ဆစ်ကြွယ်ဝတာတွေ ပိုကဲစားရမှာပါ။ စိမ်းတဲ့ဟင်းသီး ဟင်းရွက်နဲ့ အစေ့အဆံတွေမှာ ဒီဓာတ်တွေ ပါဝင်နေမယ်။ အဆိုပါ အာဟာရဓာတ်နှစ်မျိုးလုံးကို ကောင်းကောင်း ဖြည့်တင်းနိုင်တာနဲ့ မျက်နှာလေး ပြည့်ဖောင်းလာမှာ ဖြစ်ပါတယ်။ ဆက်လက်ဖော်ပြမှာက လေ့ကျင့်ခန်းဖြစ်ပါတယ်။ အဆင့်(၄)ဆင့် အတိုင်း လုပ်ပါ။

ပထမအဆင့် - ခုံတလုံးပေါ် မတ်မတ်ထိုင်ပါ။ ပါးစပ်ကို ဟပြီး နှုတ်ခမ်းကို အတွင်းဖက်ဆွဲသွင်းပါ။ နှုတ်ခမ်းထောင့်နေရာကို ဘေးတတ်နိုင်သမျှ ကားထားပါ။ ပါးစပ်ဟလျက်အနေထားအတိုင်း တမိနစ်ထားပါ။ ပြီးရင် ပုံမှန်အတိုင်း ပြန်လျှော့ပါ။ တခါလုပ်ရင်သုံးခါ တနေ့ကို သုံးကြိမ် ဆက်လုပ်ပါ။

ဒုတိယအဆင့် - ပါးစပ်ဟပြီး အသက်ကို ပါးစပ်က ခပ်ပြင်းရှုသွင်းပါ။ ပြီးရင် နှုတ်ခမ်းကို ပိတ်ပြီး လေကို ငုံထားပါ။(မြိုမချပါနဲ့) ။ ပါးစပ်ဖောင်းပြီး ပါး ညောင်းလာတဲ့ထိ စက္ကန့် (၄၀)လောက်ထားပါ။မကြာခင်  ပါးပြင် ကြွက်သားတွေ တင်းလာတာတွေ့ရလိမ့်မယ်။ အားလုံး ပြီးမှ နှုတ်ခမ်းကို အသာဟပြီး လေကို ဖြည်းဖြည်းချင်း မှုတ်ထုတ်ပါ။ ဒီအတိုင်း တခါလုပ် သုံးခါ တနေ့သုံးကြိမ်ဆက်လုပ်ပါ။ ဒီနေရာမှာ ပူပေါင်းလေမှုတ်တဲ့ လေ့ကျင့်ခန်းလည်း အစားထိုးလုပ်နိုင်ပါတယ်။ လိုရင်းက မျက်နှာနဲ့ ပါးကြွက်သားတွေ အလုပ်ပေးဖို့သာဖြစ်ပါတယ်။

တတိယအဆင့်- ပါးစပ်ပိတ်လျှက် ပြုံးလိုက်ပါ။ ပြုံးတဲ့အခါ  နှုတ်ခမ်းထောင့်တွေကိုတတ်နိုင်သမျှ ဘေးကားအောင်ထိပြုံးပါ။ ပြီးရင် ပါးပြင်ပေါ် လက်ဖဝါးတင်ပြီး (၅)စက္ကန့်ကြာ ဖိဆွဲထားပါ။ ထုံးစံအတိုင်း တခါလုပ် သုံးခါ တနေ့သုံးကြိမ်ဆက်လုပ်ပါ။

စတုတ္ထအဆင့် - ပါးစပ်ကို တင်းတင်းစေ့ပြီး ပြုံးပါ။ နှုတ်ခမ်းအပြင်ဖက် ထောင့်စွန်းကို ဘေးတတ်နိုင်သမျှ ကားထားပါ။ ဆယ်စက္ကန့်ထားပြီး နှုတ်ခမ်းအပြင်ဖက် ထောင့်စွန်းတွေကို အတွင်းဖက် ပြန်စုပါ။ ဒီလေ့ကျင့်ခန်းကို တခါလုပ်သုံးခါ၊ မနက်နဲ့ ညကို လုပ်ပေးပါ။ ရက်သတ္တပတ်အနည်းငယ်အတွင်း ပါးပြင်လေးတွေ ပြည့်ဖောင်းလာတာ တွေ့ရပါလိမ့်မယ်။

ဒေါက်တာ အေးမင်းထူး
၂၁.၄.၁၆

(instagram မှာ စာအကုန်မပါလို့ ပြန်တင်လိုက်ပါသည်။ပုံကိုတော့ ပထမပိုင်းက ကောင်မလေးပုံပဲတင်လိုက်ပါတယ် 😜😜)

No comments:

Post a Comment