အာဏာရှင်တို့ရဲ့ လမ်းစဉ်အတိုင်းသာ လျောက်လှမ်းနေတော့မှာလား NLD
မနက်ကမျက်ရည်ကြားကဆုံးအောင်ဖတ်လိုက်ရတဲ့ပို့စ်လေးပါ။
ဘိုကလေးမြို့နယ်၊ရုပ်ဆိုင်ကျေးရွာမှာ လွန်ခဲ့တဲ့ ၁၃ နှစ်ကတိုင်ဖွင့်ခွင့်ရခဲ့တဲ့
ပရဟိတဘုန်းတော်ကြီးသင်(ဘကကျောင်း)ကို အာဏာပိုင်တွေကကျောင်း
ဆက်လက်ဖွင့်ခွင့်ရုပ်သိမ်းလိုက်တာကြောင့် နေရပ်ပြန်ဘို့လုပ်နေတဲ့ကျောင်း
သား/ ကျောင်းသူ၊ဆရာ/ ဆရာမများရဲ့ပုံရိပ်တွေပါ။
ယခုနှစ်မှဖွင့်ခွင့်ရတဲ့အထက်တန်းကျောင်းခွဲအောက်ကို ပြောင်းရွှေ့ခိုင်းတာ
မှာ အများကလက်မခံလို့ယခုလို အပြီးပိတ်လိုက်တာလို့သိရပါတယ်။
တည်ရှိပြီးသားအသိုက်အမြုံကိုအလွန်ဖျက်ဆီးချင်တဲ့သူများကိုရွံရှာမိတယ်။
တကယ်ဆိုကိုယ့်ကျောင်းကပိုကောင်းရင်လာကြမှာပါ။ခုတော့ကျောင်းသား
တောင်အာဏာနဲ့လုယူတဲ့ခေတ်ရောက်နေပါပြီကော .... ။
ကလေးတွေရင်ထဲကခံစားမှုဟာ ကောင်းကောင်းကူးဆက်လာပါတယ်။
အာဏာရှင်စနစ် အမြန်ကျဆုံးပါစေ ။
Photo & Source >>> Soe Aung MKK
No comments:
Post a Comment