Wednesday, September 28, 2016

“အဖြည့်ခံ နှလုံးသား နဲ့ အမုန်းခံလူစား (သို့) ဆရာတော် ဦးဝီရသူ”

“အဖြည့်ခံ နှလုံးသား နဲ့ အမုန်းခံလူစား (သို့) ဆရာတော် ဦးဝီရသူ”
■■■■■■■■■■■■■■■■■■■■■■■■

“တပည့်တော်တို့ သံဃာတွေဟာ မသိလိုက်မသိဖာသာ နေနေကြပါတယ်။ ရပ်ရွာထဲကို ခရစ်ယာန်တွေ၊ အစ္စလာမ်တွေ သူတို့ဘာသာအတွက် စည်းရုံးရေးဆင်းနေကြပြီ။ ဘုန်းကြီးတွေ ဘာမှမနိုးကြားဘူး။ ဆွမ်းလေး
စားလိုက်၊ သီလပေးစရာရှိ သီလလေးပေးလိုက်နဲ့ ဖြစ်ကတက်ဆန်း သာသနာပြုနေကြတယ်”။

“ရန်ကုန်၊ မန္တလေးမြို့ကြီးတွေကို ကြည့်လိုက်ပါ။ ဗုဒ္ဓဘာသာ အတော်နည်း
သွားပြီ။ အရဟံဆိုတဲ့ဆိုင်းဘုတ် မတွေ့ရတော့ဘူး။ ဒါဘာ့ကြောင့်လဲဆိုရင် တပည့်တော်တို့သံဃာတွေ ညံ့လို့ လို့ ပြောလို့ ရတယ်။

ရွာမှာကျောင်းထိုင်တဲ့ ကျောင်းထိုင်ဘုန်းကြီးတွေက မိမိရဲ့ရပ်ရွာက ဘာသာေ
ရးသာသနာရေး၊ ရပ်ရေးရွာရေးကို ဦးဆောင်လမ်းပြပေးရမယ်။ မြို့ဆိုလည်း ဒီတိုင်းပဲပေါ့။ ဒီလိုမလုပ်ဘဲနဲ့ ကျောင်းမှာပဲထိုင်ပြီး ပဒေသရာဇ်ခေတ်ကလို
လုပ်နေကြမယ်၊ ဘာမှမသိတော့ဘူးဆိုရင် အဖြူကလည်း တွယ်သွားမှာပဲ၊ အမည်းကလည်း တွယ်သွားမှာပဲ။ သံဃာတွေဟာသာသနာအတွက် အလုပ်လုပ်ဖို့လိုပါတယ်။

တပည့်တော်တို့ သံဃာတွေဟာအဲဒီလိုပဒေသရာဇ်ဆန်ဆန်ရပ်တည်မှာလား၊ အသိဉာဏ်ပေးသူအဖြစ်ဦးဆောင်မှာလား။
“ပဒေသရာဇ်ခေတ်ကလိုနေမယ်ဆိုရင် ကိုယ်သက်သာမယ်၊ သာသနာနနစ်နာမယ်”။

“အသိဉာဏ်ပေးသူအဖြစ် ဦးဆောင်မယ်ဆိုရင် ကိုယ်ကတော့ အနည်းအကျဉ်းဆင်းရဲမယ်၊ သာသနာတော် ထွန်းကားမယ်”။
အဲ့ဒီတော့ ဦးပဉ္ဖင်းတို့ အဲ့ဒီနည်း နှစ်နည်းကို ကြိုက်တာရွေးပါ။

အထက်ပါစကားတို့သည် လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကာလများက ရန်ကုန်မြို့တွင်ဖွင့်လှစ်သော နွေရာသီအဘိဓမ္မာသင်တန်းကြီး၌ မြန်မာနိုင်ငံအနှံ့အပြားမှတက်ရောက်သင်ယူကြသည့် ထောင်ပေါင်းများစွာသော စာသင်သားသံဃာတော်များအား ဟောပြောခဲ့သည့် ဟောပြောချက်များမှ တစ်ပိုင်းတစ်စဖြစ်၏။

တခြားသော ဘာသာရေးခေါင်းဆောင်တွေ သူတို့ဘာသာအတွက် မနေမနား ကြိုးစားအလုပ် လုပ်နေချိန်မှာ ဗုဒ္ဓဘာသာရဲ့ ခေါင်းဆောင်ဖြစ်တဲ့ သံဃာေ
တ်ာတွေ သာသနာအတွက် အလုပ်မလုပ်ကြဘဲ သာသနာကို ခိုစားနေသလြို
ဖစ်နေကြသည့်အတွက် သာသနာကို ကိုယ်ကျိုးအတွက်အသုံးမချဘဲ၊ မိမိကို
ယ်ကိုသာ သာသနာအတွက်အသုံးချရန် ဟောပြောနြေ့ခင်းဖြစ်သည်။

ဟောပြောသည့် ဆရာတော်ကား မန္တလေးမြို့မှ နာမည်ကျော် မစိုးရိမ်တို
က်သစ်ကြီး၏ နာယကတစ်ပါးဖြစ်သည့် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ခေါ်) ဝီရသူ(မ
စိုးရိမ်)ပင် ဖြစ်သည်။

  “သောတုဇန သံဃာငယ်တို့၏ လမ်းပြကြယ်“
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
ဆရာတော် ဦးဝီရသူသည် လွန်ခဲ့သည့် ဆယ့်ငါးနှစ်ခန့်ကပင်အမျိုးသားရေး တရားများကို စတင်ဟောကြားခဲ့သည်။ ထိုသို့အမျိုးသားရေးတရားများေ ဟာကြားရာ၌ “သံဃာတော်များ၏အခန်းကဏ္ဍ”
“နိုင်ငံတော်၏ အခန်းကဏ္ဍ” “ပြည်သူများ၏ အခန်းကဏ္ဍ”ဟူသော ကဏ္ဍများခွဲခြား၍ ဟောကြားတော်မူခဲ့သည်။

“အမြဲရှုံးနေသော ဘောလုံးပွဲ” “မိခင်ရွာကသာသနာ” “လက်ဖဝါးပေါ်က ကံကြမ္မာ”“လောကမိခင်”အစရှိသည့်တရားများကိုသံဃာတော်များအတွက် ဟောကြားခဲ့သည်။ အစိုးရအတွက် “အဆင်သင့်ရှိပါစေ” “မင်းသုံးပါးစစ် ဆင်ရေး” “သတ္တိရှိစမ်းပါ” အစရှိသည့်တရားများကို ဟောကြား၍ အစိုးရအား ပဲ့ပြင်ထိန်းကျောင်းပေးခဲ့သည်။

ထို့အတူ ပြည်သူ ဒကာ၊ဒကာမများအတွက်လည်း “နောက်မကျစေနဲ့” “အချိန်မီသေးတယ်” အစရှိသည့်တရားများကို ဟောကြားလမ်းပြပေးခဲ့သည်။
ဆရာတော်ဟောကြားခဲ့သည့်တရားတော်များကြောင့် အမျိုးသားရေးသတိ၊ ဘာသာရေးအသိများ တိုးပွားလာခဲ့သည်။ အထူးသဖြင့် သံဃာတော်များသည် သိသိသာသာ သာသနာပြုစိတ်ဓာတ်များ ထွန်းကားလာခဲ့၏။

သီရိလင်္ကာ၊ အိန္ဒိယ၊ ထိုင်း အစရှိသည့် ပြည်ပနိုင်ငံများ၌ ခေတ်မီပရိယ တ္တိစာပေများကို သင်ကြားနေကြသည့် သံဃာတော်များသည် ဆရာတော် ၏တရားများကိုနာကြား၍ ပြောင်းလဲလာကြသည်က များ၏။

စာရေးသူကိုယ်တိုင်ပင် ဆရာတော်၏တရားများ မနာကြားမီက သာသနာကို အရေးမပေး ပေါ့ပေါ့အေးအေးသာ နေခဲ့၏။ အတန်းပညာအထိုက်အသင့်တ တ်မြောက်ရင် ကျောင်းထိုင်းပြီး ဆွမ်းစား၊ကွမ်းလေးနဲ့ အေးအေးဆေးေ ဆးနေမည်ဟုသာ မိမိအတွက်သာကြည့်ပြီး ပေါ့ပေါ့တွေးထား၏။

သာသနာတော်တည်တန့်ပြန့်ပွားအောင် ဆိုသည် အတွေး ရေးရေးမျှမပါချေ။ ဆရာတော်၏ အသိဉာဏ်ဖွင့် အမျိုးသားရေးရေးတရားများကို နားကြားခဲ့ပြီး သည့်အချိန်မှသာ သာသနာပြုစိတ်ထားများ ပေါက်ဖွားလာခဲ့ခြင်းဖြစ်၏။
ဘာသာခြားတို့၏ ခေါင်းဆောင်းများ ၎င်းတို့ ဘာသာအတွက် ငွေအား ၊လူအားစိုက်ထုတ်ပြီး အလုပ်လုပ်နေချိန်မှာ၊ ဗုဒ္ဓဘာသာခေါင်းဆောင်ဖြစ်တဲ့ သံဃာတော်တွေဟာ ကိုယ်ချမ်းသာရေး ကိုယ်ကောင်းစားရေးကိုပဲ မလုပ်သင့် ဘူးဆိုသည့် အသိဝင်လာသည်။  

ဘာသနာအတွက်မတွေးကိုယ်တယောက်တည်းကောင်းစားရေးအတွက် ပေါ့ပေါ့လေးတွေးခဲ့မိသည်ကို နောင်တရမိ၏၊အရှက်ရမိ၏။ သို့သော် နောင်တ ကား နှောင်းမသွားခဲ့ချေ။ ဆရာတော်၏ ကျေးဇူးတရားကြောင့် အချိန်မီ အသိဝင် သတိနှင့်ဆင်ခြင်နိုင်ခဲ့ပြီး ဘာသာသနာအတွက်ဆိုသည့် စိတ်တစ် တည်းဖြင့် ကြိုးစားခဲ့ရာ ပြည့်တွင်း၊ပြည်ပက ပရိယတ္တိဆိုင်ရာဘွဲ့ထူးများ ကိုဆွတ်ခူးနိုင်ခဲ့၏။

စိတ်တိုင်းကျကြီးမဟုတ်သည့်တိုင် စိတ်ဖြေသာနိုင်လောက်သော အတိုင်းအ တာတစ်ခုအထိ အမျိုး ဘာသာ၊သာသနာအတွက် အလုပ်လုပ်နိုင်ခဲ့သည်။
ပြည်ပတွင် စာပေသင်ကြားနေကြသည့် မိတ်ဆွေသံဃာတော်များကို စာရေးသူ၏ သာသနာပြုစိတ်ဓါတ် ဖြစ်တည်လာပုံကိုပြောပြသည့်အခါ မိတ်ဆွေ သံဃာများကလည်း မိမိနည်းတူ ဆရာတော်၏ အမြင်ဖွင့်တရားေ တ်ာများကြောင့် ဘာသာ၊သာသနာနှင့် တိုင်းပြည်၊လူမျိုးအတွက် လုပ်ဆော င်လိုစိတ်များ ပေါ်ပေါက်လာကြပုံများကို ပြောပြကြပါသည်။

ပြည်တွင်၌လည်း ယဉ်ကျေးလိမ္မာသင်တန်းများ၊ဓမ္မစကူလ်း၊ဓမ္မကျောင်းတော် စသည့် ဘာသာရေးအခြေပြု သင်တန်းကျောင်းများဖွင့်လှစ် သာသနာပြုေ နသည့် သံဃာတော်များနှင့် ပညာရေး၊ကျမ္မာရေး၊ ဓမ္မရေးစသည့် လောက အကျိုးပြု ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေကြသည့် သံဃာတော် များမှာလည်း ဆရာတော်၏ အသိဖွင့်ပေးမှုကြောင့်ရလိုမှုကင်း ပေးဆပ်ခြ င်းနှင့် သာသနာအကျိုးကို ကိုယ်ကျိုးစွန့်ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း ဆိုင်ရာဆရာတော်များ၏ ပြောပြချက်အရသိရပါသည်။

ဆရာတော်၏ တရားအလှူ၊အသိအလှူကြောင့် အမျိုးဘာသာ သာသနာအ တွက် များစွာအကျိုးတက်သွားခဲ့ရပြီဖြစ်၏။ဆရာတော်သည့် သံဃာတော်တို့၏ သာသနာပြုလုပ်ပြကြယ်ပင်ဖြစ်သည်။

“ဆရာတော် နှင့် NLD“
¤¤¤¤¤¤¤¤¤¤¤¤¤¤¤
ဦးဝီရသူ ဟုဆိုလိုက်လျှင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ကိုဆန့်ကျင်သူ~ အဖြစ် မြင်ကြသူကများသည်။ ထိုသို့မြင်အောင်လည်း ကြားကနေ ပုံဖော်တဲ့ သူတွေကလည်း အင်းနဲ့အားနဲ့ ဒေါင်းနဲ့မောင်းနဲ့ လူအားငွေအား အပြည့်အစုံ ဗျူဟာတွေ၊မူယာတွေအစုံအလင်ဖြင့် ပုံဖော်နေကြသည်။

ဆရာတော်အကြောင်း မသိရှိသူတို့မှာ လုပ်ကြံသူ၊အပုတ်ကြံသူ၊ခလောက်ဆံ သူတို့၏ လှည့်ဖျားမှုကို အဟုတ်ကြီးထင်၍ ဆရာတော်အကြောင်းကို မလေ့ လာ၊ ဆရာတော်၏သီလကိုမဆန်းစစ်တော့ဘဲ အကောက်ကြံသူအကြိုက် ပြ စ်မှာစော်ကားနေကြသည့်ကို တွေ့ရသည်။

ဆရာတော်သည် ဒေါ်အောင်ဆန်းစုကြည် ကိုအားကိုး၏။ NLD ကိုအားေ ပး၏။ ထို့သော် ဆရာတော်၏ အားကိုး၊အားပေးခြင်းသည် ကျဉ်းမြောင်းသည့် ပုဂ္ဂိုလ်ရေးအတွက်မဟုတ်၊ တိုင်းပြည်နှင့် ဘာသာ သာသနာအတွက်ဖြစ်၏။ ဆရာတော်၏ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အပေါ်မည်မျှအထိ ထော က်ခံခဲ့သည်၊၀န်ရံခဲ့သည်၊အားကိုးခဲ့သည်ဆိုသည်မှာ နိုင်ငံရေးသမားကြီးများအားလုံးအသိပင်ဖြစ်၏။အထူးသဖြင့် မန္တလေးNLD ကပို၍အသိဆုံးဖြစ်၏။

ဆရာတော်သည် စစ်အစိုးရလက်ထက်က နိုင်ငံရေးပုဒ်မအပါအ၀င် ပုဒ်မ( ၅)ခုဖြင့် ထောင်ဒဏ်(၂၅)နှစ် အထိ အာဏာရှင်တို့၏ ဖမ်းဆီးအကျဉ်း ချခံရသည့် “နိုင်ငံရေး အကျဉ်းသားဟောင်း”ဖြစ်၏။ မတရား ဖမ်းဆီးထောင် ချခံရခြင်း၏ အဓိကအကြောင်းမှာ အမျိုးသားရေး နိုင်ငံရေးတရား များ ဟောကြားခြင်းကြောင့်ဖြစ်၏။

ထိုစဉ်က စစ်အာဏာရှင်ခေတ်ဖြစ်သည့်အားလျှော်စွာ ၎င်းတို့ကို ဆန့်ကျ င်သူ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ထောက်ခံသူတိုင်းကို အကြောင်းအမျိုးမျိုးပြကာဒုက္ခပေးတတ်၊ဖမ်းဆီးတတ်သောကြောင့် နိုင်ငံရေးဆိုလျှင်စကားပင်မဟရဲကြ။ VOA,BBC,ကိုပင် ကျယ်ကျယ်မဖွင့်ရဲ့ကြပေ။

NLD ထောက်ခံသည့် သံဃာဆိုလျှင် စစ်အစိုးရ၏ ၀ါဒဖြန့်စကားကို သံယော င်လိုက်၍ မခေါ်မပြောလိုကြ။ အခုမှသာ မိုးကျရွှေကိုယ် အမေစုခေါ်သူ အသက်နှင့်လဲမည်သူတို့ကား ထုနဲ့ဒေးပင်၊ အံ့သြဖွယ်ကောင်းလေစွ၊တ ရားကျဖွယ်ကောင်းလေစွ။

ဆရာတော်ဦးဝီရသူ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံခြင်းသည် ကိုယ်ကျိုးအတွက်ချစ်ခြင်းမဟုတ် အများအကျိုးအတွက် ချစ်ခင်ဖြစ်သည်။ NLD ကိုထောက်ခံခြင်းသည် နေရာရရေး၊ ကိုယ်ကောင်းစားရေးအတွက်မဟုတ် အမျိုးဘာသာ သာသနာ သာယာရေးအတွက်ဖြစ်သည်။ ထို့ကြောင့် ယုံကြည်ခဲ့ခြင်း၊အားပေးခဲ့ခြင်း၊အားကိုးခဲ့ခြင်းဖြစ်သည်။ဆရာတော်သည် ဒေါ်အောင်ဆန်းစုကြည် ကောင်းစားမှ ခေါင်းထလာခဲ့သူမဟုတ်။ ခေတ်မကောင်း၍ အကျဉ်းအောင်းနေရစဉ်ကလည်း ကအားပေးခဲ့၏။ဖေးမခဲ့၏။

ဆရာတော်အိုးဘိုအကျဉ်းထောင်တွင်အကျဉ်းကျနေစဉ်ကဖြစ်၏။ ဒေါ်အောင်ဆန်းကြည်စုသည် နေအိမ်အကျယ်ချုပ်ဘ၀ဖြင့်တက္ကသိုလ်ရိပ်သာလမ်းနေအိမ်၌်အကျယ်ချုပ်ခံနေရစဉ်အမေရိကန် နိုင်ငံသာမစ္စတာဂျွန်ယက်တောက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း ခိုးဝင်ရောက်မှုနှင့်ပတ်သက်၍ ဒေါ်ေ အာင်ဆန်းစုကြည်အားစည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ အင်းစိန်ထော င်ဝင်းအတွင်း ဧည့်ဂေဟာ၌ ခေတ္တပြောင်းရွှေ့နေထိုင်ပြီး တရားရင်ဆိုင်ေ နရ၏။

ထိုသတင်းကို ဆရာတော်ကြားသိသည့်အခါ ဒေါ်အောင်ဆန်းစုကြည်အတွက် များစွာစိတ်ပူပန်သွား၏။ မြန်မာနိုင်ငံနှင့် အမျိုးဘာသာ သာသနာကို တိုးတ က်အောင်လုပ်ဆောင်နိုင်သူမှာ ဒေါ်အောင်ဆန်းစုကြည်သာဖြစ်သည်ဟု ယုံကြည်ထား၏။ ထို့ကြောင့် ဒကာမကြီးကို အားပေးချင်၏။

အာပေးလိုစိတ်ကား တားမရအောင်ပြင်းထန်းနေ၏ သို့သော် ကိုယ်တိုင် က ထောင်းသွင်းအကျဉ်ကျခံနေရသည့် အကျဉ်းသမားဖြစ်နေသော်ကြောင့် အခက်တွေ့နေ၏။ ဂျာနယ်တွေမှာ ဆောင်းပါးတွေရေးပြီးအားပေးရင် ဖတ်ရနိုင်သည်ဟုတွေးပြီး “မွေးမေထံသို့  အေးစေသံ” ဆိုတဲ့ခေါင်းစဉ်ဖြင့် တရားအဆုံးအမ လမ်းညွှန်ချက်များဖြင့် အကောင်း၊အဆိုးလောကဓံကိုရ င်ဆိုင်နိုင်ဖို့ ရည်ရွယ်ပြီး ဆောင်းပါး(၅)ပုဒ်ကို ပေးပို့ခဲ့ပါသည်။

(ထိုဆောင်းပါးများကို ၂၀၁၂၊ခုနှစ်၊စက်တင်ဘာလတွင် “နှလုံးသားကို သဖန်းပင်ပေါ်မှာ ထားခဲ့သူ” အမည်ဖြင့် စာအုပ်ထုတ်ထားပါသည်။)

ထိုစဉ်က ဆရာတော်သည် အိးုဘိုထောင်တွင်“အကျဉ်းစံ၊အညှင်းခံ” ဘ၀ဖြင့် နေရသူဖြစ်သည်။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ကား မိမိနေအိမ်မှာပင် “အကျယ်စံ”နေရသည်။ အကျဉ်းစံ၊အညှင်းခံသူက အကျယ်စံသူကို ပြန်အားပေးသည်ဆိုကတည်းက ဆရာတော်ဦးဝီရသူ၏ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားသည့် မေတ္တာ၊စေတနာကို ခန့်မှန်၍ ရနိုင်မည်ဖြစ်၏။

မန္တလေး၊မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော်၏ကျောင်းသို့ ရောက်ဖူးသူတိုင်း သိကြပါလိပ်မည်၊ ဆရာတော်ပုံထက် ဒေါ်အောင်ဆန်းစုကြည်၏ ပုံများက ပို၍များပြားနေပါသည်။ဆရာတော်သည် အကျဉ်းမကျခင်က NLD ကိုထောက်ခံအားပေးခဲ့သည့်အတိုင်း အကျဉ်းထောင်မှ ပြန်လည်လွှတ်ြေ မာက်လာသည့်အခါ၌လည်း NLD အတွက် ဟောပြောပွဲများကို တက်ရောက်ဟောပြောခဲ့ပါသည်။

“ဒေါင်းအလံ အောက်မှာ ခိုလှူံကြဖို့ ပြည်သူများကို ဟောပြောခဲ့သည်။ ဆရာတော်သည် အမျိုးသားရေးကို ထောင်ကျသည့်အထိ လုပ်ခဲ့ပြီးဖြစ် သဖြင့်တာဝန်ကျေပြီဟု ယူကြ၏ ထို့ကြောင့် အမျိုးသားရေးတရား များဟောကြားခြင်းကို ရပ်နားခဲ့၏။ နိုင်ငံရေးစစ်စစ်သာလုပ်တော့မည်ဟုံ သန္နိဋ္ဌာန်ချ၍ NLD နှင့်တွဲကာ နိုင်ငံရေးလုပ်ခဲ့၏။ ထိုစဉ်က မန္တလေးရှိ NLD ပွဲများတွင် ဆရာတော်မပါသည့်ပွဲမရှိချေ။ဆရာတော်ပါမှ ပွဲစည်သည့်သေ ဘာအထိဖြစ်၏။

နိုင်ငံရေးဟူသည် ကိုယ်နိုင်ငံအတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆရာေ တ်ာကလက်ခံထားသည်။ အာဏာရရေး၊နေရာရရေး၊ပြည်ပအကျိုးစီးပွား ထက် ကိုယ်နိုင်ငံ၏အကျိုးစီးပွားအတွက်ဖြစ်ရမည်ဟုယုံကြည်သည် ။

နိုင်ငံရေးလုပ်ခြင်းသည် အခြားနိုင်ငံများကဲ့သို့ ကိုယ်နိုင်ငံ၊ကိုယ်လူမျိုး၊ကို ယ်ဘာသာအတွက်ဖြစ်ရမည်ဟုအမြင်ရှိသည်။ ၂၀၁၂-ခုနှစ် ရခိုင်ပြည်န ယ်တွင်ဖြစ်ပွားသည့် မသီတာထွေး အရေးအခင်း၌ NLD ၏ ရပ်တည်ချက်ကို ၊သဘောထားကို ဆရာတော်သည့်သဘောမကျ၊အားမရချေ။ နိုင်ငံနှင့် ပြည် သူအတွက်တာဝန်မဲ့ရာရောက်သည်ဟု ထင်၏။ ထို့ကြောင့် ပါတီဝင်များကို စည်ရုံးသည်။နားချသည်။ သို့သော် မည်သူမျှ နိုင်ငံနှင့် ပြည်သူတို့၏ အဓိကအရေးတွင် ခေါင်းမခံချင်ကြ။

ဒီလိုဖြစ်ရခြင်း၏ ပြဿနာအရင်းမြစ်ကိုလေ့လာကြည့်သည့်အခါ စစ်အစိုး ရခေတ်က အာဏာပိုင်းများအတွင်သို့ လူမျိုးခြားများနေရာယူ တန်ခိုးထွားခဲ့ သကဲ့သို့ ယခုလည်း ပါတီတွင်း၌ ထိုသို့ဖြစ်နေကြာင်း သိမြင်လာ၏။ ထို့ကြော င့် ဆရာတော်သည် မနေသာတော့ဘဲ ပြည်သူရှေ့မှ မားမားမတ်မတ် ရပ်၍အမျိုးသားရေးတရားတော်များ ပြန်လည်ဟောကြားလာခဲ့ရ၏။

မိတ္ထီလာတရားပွဲတွင် “ခွတ်ဒေါင်းက မွတ်ဒေါင်းဖြစ်နေပြီး” ဆိုသည့် ဒကာတစ်ဦး၏ လျှောက်ထားချက်ကို ပြန်လည်ပြောပြလိုက်သည့်အတွက် ဆရာတော်နှင့် NLD ကြားမှာ စည်းခြားသွား၏။သံယောဇဉ်နဲ့ ပြင်ေ စလို၍ပြောပေမဲ့ ကြားထဲကနေ ဆရာတော်နှင့် NLD ကိုအစကတည်းက ပြိုကွဲစေလိုသည့် လူတစ်စု၏ ခလောက်ဆန်မှု၊ အကောက်ကြံမှုများေ
ကြာင့် ဝေးသတဲ့ဝေးသွား၏။ရန်သူအကြိုက်ဖြစ်သွားတော့၏။

“NLD ကိုမဲမပေးရဘူးလို့ ဦးဝီရသူပြော”
“ NLD မဲနိုင်ရင် ဆရာတော်ဦးဝီရသူ ထိုင်းတွင်သွားနေမည်”
“ဒေါ်ခင်ဝိုင်းကြည် အနိုင်မရလျှင် ဦးဝီရသူ ကိုယ့်ကိုယ်ကို သတ်သေမည်” အစရှိသည့် သတင်းအတုများဖြင့် ဆရာတော် နှင့် NLD ကိုနှောက်ကြ သည်။ သွေးထိုးပေးကြ၊ဘေးတီးပေးကြသည်။

၎င်းသတင်းတုများကို ယုံစစားကာ ဦးဝီရသူကို ရိုင်းပြစွာဆဲဆိုကြသည်။ ထိုဆဲသူများသည် ဗုဒ္ဓဘာသာအယောင်ဆောင်၊မြန်မာအယောင်ဆောင် များသာဖြစ်သည်။ တချို့ဆိုလည် သံဃာအယောင်ဆောင်များပင်ပါ၏။ ဦးဝီရသူမကောင်းကြောင်းကို သင်္ကန်းဝတ်ဖြင့် Vieo ရိုက်ပြီး အင်တာနက်တွင်တင်ကြ၏။ Video ရိုက်ပြီးသည့်အခါ သင်္ကန်ပြန်၍ချွတ်၏။

ထိုကဲ့သို့ နည်းမျိုးစုံဖြင့် ကောက်ကျစ်စဉ်းလဲစွာ သွေးခွဲ လိုက်သည့်အခါ၌ မြ
န်မာတို့လည်း အကြောင်း၊အကျိုး၊အမှား၊အမှန် မစဉ်းစား၊မဝေဘန်တော့ဘဲ မကြားဝံ့မနာသာ  ပြောကြ၊ဆဲကြ၊စော်ကားကြတော့။ မနေသာ၍ အဖြစ်မှန် ကို ရှင်းပြသည့်သံဃာများအားလည်း စစ်အာဏာရှင်များလက်ထက်ကအ တိုင်း ဘုန်းကြီးတု၊  လက်ကိုင်ဒုတ် စသည့် တံဆိပ်မျိုးစုံတပ်ကာ မျက်စေ့စုံမှိ တ်ပြီး စော်ကားလာတော့သည်။

ကြာလာတော့ သံဃာနဲ့ ပါတီသည် တစ်သားထဲကနေ စည်းတစ်ဘက်ခြား မျဉ်ပြိုင်များလို ဆန့်ကျင်ဘက်တွေဖြစ်လာတော့၏။ ထို့သို့ဖြစ်နေခြင်းသည် သာသနာအတွက်လည်းမကောင်း၊တိုင်းပြည်အတွက်လည်းအကျိုးမရှိ၊ ပစ္စုပ္ပန်အတွက်လည်း အကျိုးမများ သံသရာအတွက်လည်း ကောင်းကျိုးမရှိေ ပ။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုသည့်အတိုက် အခွင့်စောင့်နေသည့် ခွင်ခြောင်းသူများ၏ အကြိုက်ဖြစ်သွားမည်သာဖြစ်သည်။

ဆရာတော်ဦးဝီရသူသည် NLD ကို ပြည်သူအားကိုးထိုက်သည့် ပြည်သူပါ တီကြီးစစ်စစ်ဖြစ်စေချင်သည်။ အမျိုးဘာသာ သာသနာတိုးတက်ရေးအတွက် ဆရာ၊ဒကာလက်တွဲလုပ်လိုလှသည်။ ထို့ကြောင့် အမြဲတမ်းတံခါးဖွင့်
ထားသည့် ကမ်းလင့်နေသည်။

ဆရာတော်သည် တိုင်းပြည်နှင့်လူမျိုး ဘာသာ၊သာသနာအတွက်ဆိုလျှင် မိမိကိုယ်ကို တံတားလိုသဘောထားသည်။ ငြမ်းလိုသဘောထား သည်။ဆရာတော်သည် ပေးဆပ်ခြင်းနှလုံးသားနဲ့ အမုန်းခံပြီးချစ်သူဖြစ်သည်။

လူသားတို့သည် အမုန်းခံရမည်ကိုစိုးကြောက်ကြသည်၊ မိမိအတွက်အ ကျိုးမရှိဘဲ အများအတွက်ဆိုလျှင် ပို၍အမုန်းမခံနိုင်ကြ။မပေး ဆပ်လိုကြ။အမု န်းခံ၍ချစ်ခြင်းသည် သာမာန်မည်ကာမတ္တချစ်ခြင်းမျိုးမဟုတ်ပေ မိမိနှင့်မခြား
ချစ်၍သာလျှင် အကျိုးလိုလားသောကြောင့် ပေးဆပ်သည့်နှလုံးသားနှင့် အမုန်းခံ၍ ချစ်ခြင်းဖြစ်သည်။ ဆရာတော်အရှင်ဝိစိတ္တာဘိဝံသ ခေါ် ဦးဝီရသူသည်မိမိအတွက်မငဲ့ကွက်ဘဲ အသက်နှင့် ခန္ဓာ ရှိသမျှအားအင်ကို အမျိုးဘာသာ၊သာသနာအတွက် ပေးဆပ်လှူဒါန်းထားသူဖြစ်သည်။

“(ဦး)၀ီရသူ

အာဂလူကား

ဇမ္ဗူတစ်လွှား

ရှာမှ ရှားတည်း”

(ဆက်လက်ဖော်ပြပါသည်)

ဓမ္မ၀ီရ ဒေါက်တာတေဇနိယ

Copy(ပုံ-စာ)ဓမ္မဝီရ ဒေါက်တာအရှင်တေဇနိယ ဖေ့စ်ဘွတ်စာမျက်နှာမှကူးယူဖော်ပြသည်၊၊

No comments:

Post a Comment