Monday, September 19, 2016

ဆရာတော်ဦးဝီရသူ နှင့် တပ်ချုပ်တို့အားဆော်ကား သောပို့စ်တင်သူ ရာပြည့်ကို ၆၆/ဃ ဖြင့်တရားလိုလုပ် ဆွဲထားသော ရွှေရုပ်(မှော်ဘီ)အား အမျိုးသားရေးသမား တို့အနေနှင့်ဝိုင်းရံပေးကြပါရန် နှိုးဆော်လိုက်ပါသည်။

ဆရာတော်ဦးဝီရသူ နှင့် တပ်ချုပ်တို့အားဆော်ကား
သောပို့စ်တင်သူ ရာပြည့်ကို ၆၆/ဃ ဖြင့်တရားလိုလုပ်
ဆွဲထားသော ရွှေရုပ်(မှော်ဘီ)အား အမျိုးသားရေးသမား
တို့အနေနှင့်ဝိုင်းရံပေးကြပါရန် နှိုးဆော်လိုက်ပါသည်။

ရွှေရုပ်တရားဆွဲဆိုခြင်းသည် တစ်ဦးတစ်ယောက်
ကောင်းစေဘို့ဆွဲခြင်းမဟုတ်ပါ အမျိုးသားရေးသမားတို့
အတိုက်ခံရသည့်ကိစ္စ အပေါ်မခံမရပ်နိုင်သည့်အတွက်
မိန်းခလေး တန်မဲ့ရဲဝန့်စွာရှေ့တန်းထွက်ရပ်ခဲ့သောကိစ္စ
ဖြစ်ပါတယ်။

PDP ပါတီအတွက်ဆွဲခြင်းမဟုတ် အမျိုးသားရေးဦး
ဆောင်ဆရာတာ် ဦးဝီရသူအားပုတ်ခတ်ဆော်ကားခြင်း
နိုင်ငံတော်ကာကွယ်ရေးဦးစီချုပ်အား ပုတ်ခတ်ဆော်
ကားခြင်း တ်ို့ကို ဦးတည်၍တရားဆွဲခဲ့ခြင်းဖြစ်သည်ကို
အမျိုးသားရေးသမားများအားလုံးအမြင်ရှင်းစေ့ခြင်ပါ
တယ်။ ဒါဟာအမှန်တရားပါ

ရွှေရုပ်အခုလိုပြုလုပ်ခြင်းအတွက်ပေးစပ်လိုက်ရတာတွေ
ကတော့ ။
၁။   ကျန်းမရေးမကောင်းသည့်အဖေ့ကိုကောင်းစွာ
       မပြုစုနိုင်ခြင်း။
၂။   နေ့ ည မအား ဒေတာတွေစုဆောင်းရခြင်း
       စာရွက်စာတမ်းများ ပြည့်စုံအောင် အိပ်စိုက်ထုတ်
       ရခြင်း။
၃။   လက်ရှိ စီးပွါးရေး ပိတ်လိုက်ရခြင်း
၎။   ရန်သူများလာပြီး အညှိုးအတေးများ များလာခြင်း
၅။   ရုံးချိန်း မပျက်မကွက် လာရခြင်း
၆။   လာရောက် ဝိုင်းရံသော အမျိုးသားရေးသမားတို့
       အားတတ်နိုင်သလောက်ပြုစုခြင်း ကျေဇူးတင်
       ကျေးဇူးတင်စကားပြောကြားခြင်း။
တဖက်လူတွေ၏စောင်းမြောင်းပြောဆိုခံရပြီး အနေကျပ်
အထိုင်ကျပ်ဖြစ်ခြင်း စသည့်ပေးဆပ်မှု့တွေနဲ့ ကြုံတွေ့ခဲ့
ရရှာနေသူပါ။
မပြောမဖြစ်ပြောရရင် သူဒီလိုလုပ်တဲ့အတွက် တစ်ဖက်
ကနစ်နာသူဖြစ်သော နေမျိုးဝေ အတွက်အထောက်အ
ကူတစ်ခုတော့ရသွားတာအမှန်ဖြစ်ပါတယ်။ မငြင်းပါဘူး
ဒါပေမဲ့ အဓိကကျတာကတော့ အမျိုးသားရေးသမား
တွေကို နှိပ်ကွတ်လို့ မရဘူးဆိုတာတော့ ကျနော်တို့
ဝန်မခံလို့မရပါဘူး။ အခုမိန်းမသားတန်မဲ့ သတ္တိရှိရှိရဲဝန့်
စွာဆောင်ရွက်ခဲ့သောေ ရွှရုပ် လေးကိုကျနော်တို့မှ ပြစ်
ပယ်ထားမယ်ဆိုရင် တရားမျှတမှု့ရှိပါ့မလားဆိုတာတွေး
ကြပါဗျာ ရွှေရုပ်မှာ ဘာရာထူး ဘာအာဏာမှ မရှိပါဘူး
အမျိုးသားရေးသမားတို့ရဲ့အင်အားဘဲရှိတာပါ ဒါကျနော့
အမြင်ပါ ဒါကြောင့်ကျန်တာတွေ မကြည့်ဘဲ ရွှေရုပ်ကို
ဝိုင်းရံပေးဘို့မနက်ဖြန် ကြာသပတေးနေ့ ၁၅ ရက်နေ့မှာ
မှော်ဘီတရားရုံးကို အရောက်လှမ်းခဲ့ကြပါလို့ဖိတ်ခေါ်
လိုက်ပါရစေ။

တင့်လွင်
အမျိုးသားရေးတက်ကြွလှုပ်ရှားသူ
14.9.2016
3:33 pm

No comments:

Post a Comment