မိန်းကလေးအများစုရဲ့
ချစ်သူကို အချစ်စမ်းတဲ့ အနေနဲ့
စမ်းသပ်ချက်လေးတွေ
ရှိတတ်ကြပါတယ်
ဖြိုး သယ်ရင်း boy fri လေးတွေ
အတွက် တွေးမိတာလေး
ရေးကြည့် တာပါ
မိန်းကလေးတိုင်းလို့
မဆိုလိုပါဘူးနော် ~~~~~~
( 1 ) ချစ်သူကို အနိုင်ယူတယ်ဆိုတာ
ကိုယ့်ကိုတစ်ကယ်ချစ်လား မချစ်လား
စမ်းသပ်တာပါ ။
( 2 ) ချစ်သူကို ရစ်တယ်ဆိုတာ
ကိုယ့်ကိုဘယ်လောက်ထိ
သည်းခံနိုင်လည်းဆိုတာ
စမ်းသပ်တာပါ ။
( 3 ) ချစ်သူကို စိတ်ကောက်တယ်ဆိုတာ
ကိုယ့် ကိုဘယ်လောက်အထိ
စိတ်ရှည်နိုင်မလည်းဆိုတာ
စမ်းသပ်တာပါ ။
( 4 ) ချစ်သူကိုအရွဲ့ တိုက်တယ်ဆိုတာ
ကိုယ့်အပေါ်ဘယ်လောက်အထိ
နားလည်ပေးနိုင်မလည်းဆိုတာ
စမ်းသပ်တာပါ ။
( 5 ) ခဏခဏလမ်းခွဲမယ်လို့ ပြောတယ်ဆိုတာ
ချစ်သူရဲ့ နှလုံးသားထဲမှာကိုယ့်အတွက်
ဘယ်အတိုင်းအတာအထိ
နေရာပေးထားလည်းဆိုတာ
စမ်းသပ်တာပါ ။
( 6 ) boy fri လေးတွေအနေနဲ့
ကိုယ့်ချစ်သူရဲ့
စိတ်နေသဘောထားလေးတွေကို
ဖတ်တတ်ဖို့တော့လိုတာပေါ့ နော် ။
ချစ်တဲ့ သူတိုင်းဆုံဆည်းနိုင်ကြပါစေ ။
ဖြိုးရူပါလင်း
( အတွေးပုံရိပ် )
No comments:
Post a Comment