ဘောနက်ပေါ် ဘောနက်ပေးမည်အစီအဉ်
*************
အမြန် မောင်းတင်ကာ
မောင်လို့ အကျယ်ကြီး ခေါ်လိုက်စမ်းပါ------
မောင်တစ်ကြိမ်ခေါ်ရင်
ဘောနက်အနေနဲ့
မောင် အကြိမ်တရာ ထပ်ခေါ်ခွင့်ရမယ်----
ဘောနက်ပေါ် ဘောနက်ဆင့်ကာ
မောင်ခေါ်တိုင်း တစ်ခွန်ကိုမောင်တစ်ရာ
ခေါ်နိုင်မည့်အခွင့်အရေးနော်-----------
မောင် တစ်ကြိမ်ခေါ်ကြည့်လိုက်ပါ
Permit ထပ်တောင်းစရာမလို့
freedom of Permission တွေနဲ့
မောင်ကုဋေကုဋာ ခေါ်ခွင့်ရမယ်-------
ချစ်သူ သူများတွေမဦးခင်မှာ
အခွင့်အရေး လက်မလွတ်ရအောင်
မောင်းတင်ကာ မောင်အမြန်ခေါ်လိုက်နော်-----
မင်းခေါ်မည့် မောင်ဆိုတဲ့အသံကို
အမိအရ saveလုပ်ဖို့
ငါ့နှလုံးသားလေး ဖွင့်ပေးထားတယ်-----
(မှတ်ချက်) ဘောနက်အဖြစ်ရရှိသော
မောင်ဆိုတဲ့စာလုံးအသံဖြင့် အခြာသူကို မခေါ်ရ၊
အိပ်နေတဲ့အချိန် မခေါ်ရ။ သာယာနာပျော်ဖွယ်ခေါ်ရမည်။
(ဒီစာဖတ်ရင် ခေါ်တာအကြုံးမဝင်ပါ၊ ဖုန်းဆက်ခေါ်မှ အကြုံးဝင်မည်)
No comments:
Post a Comment