Wednesday, September 28, 2016

သင်စိတ်ညစ်နေတာလား

သင်စိတ်ညစ်နေတာလား

ဂျက်မာ့ ဂျက်မာ့ (Jack Ma) သရုပ်ဆောင် ဗေလုဝနဲ့
ချွတ်စွတ်တူတယ်ဆိုတဲ့ ဂျက်မာ့

တရုတ်ပြည်က ဘီလီယံနာသူဌေးကြီး ဂျက်မာ့
မူလတန်းမှာ စာမေးပွဲ နှစ်ခါကျတယ်
အလယ်တန်းမှာ စာမေးပွဲ သုံးခါကျတယ်
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ နှစ်ခါကျတယ်

ရဲတပ်ဖွဲ့ထဲကို ဝင်ခွင့်လျှောက်တဲ့ လူငါးယောက်မှာ
သူတစ်ယောက်ပဲ အပယ်ခံရတယ်

KFC မှာ မန်နေဂျာဖြစ်ဖို့ အလုပ်လျှောက်တဲ့
လူ ၂၄ ယောက်မှာ သူတစ်ယောက်ပဲ အပယ်ခံရတယ်

Harvard မှာ ကျောင်းတက်ချင်လို့
၁ဝ ကြိမ်လျှောက်တယ် ၁ဝ ကြိမ်လုံး အပယ်ခံရတယ်

ဒါပေမဲ့ မဆုတ်မနစ်တဲ့လုံ့လက
ဂျက်မာ့ကို အောင်မြင်စေတာပဲ

ဂျက်မာ့က အင်္ဂလိပ်စကားကို ဘယ်လောက်မှ
မတတ်သေးခင်ကတောင်
ကမ္ဘာလှည့်ခရီးသည်တွေကို လမ်းညွှန်ပေးပြီး
သူတို့နဲ့ စကားပြောရင်း အင်္ဂလိပ်စာကို လေ့လာခဲ့တယ်

အခုတော့ သူက အလီဘာဘာကို တည်ထောင်ပြီး
ဒေါ်လာဘီလီယံ ၂ဝ လောက် ချမ်းသာနေပါပြီ

သူ့ကို ကျောင်းတက်ဖို့ ဆယ်ကြိမ်လုံး ပယ်ချခဲ့တဲ့
Harvard မှာ စာတောင်ပြန်သင်ပေးနိုင်နေပါပြီ

တစ်ခါတစ်လေ ကျနော်တို့ အကြိမ်ပေါင်းများစွာ
ကျဆုံးနေတယ်ဆိုရင် သေချာတယ် အဲ့ဒါ
ပိုပြီးကြီးမားတဲ့အောင်မြင်မှုကြီး အရှေ့မှာ ရှိနေလို့ပဲ

ဂျက်မာ့က ပြောပါတယ်
"ဒီနေ့မှာ ခက်တယ်ဆိုရင်
မနက်ဖြန်ဆို ပိုဆိုးနိုင်တယ်
ဒါပေမဲ့ သန်ဘက်ခါလောက်ဆိုရင်တော့
သာယာနေပါလိမ့်မယ်"တဲ့

Inspiring Stuff's Post ကို ဘာသာပြန်ထားတာပါ
Wai Phyo Maung

No comments:

Post a Comment