Thursday, September 1, 2016

သင်ဟာ မဟာချန်ပီယံပါ

သင်ဟာ မဟာချန်ပီယံပါ
**********************

မမျိုးဥအိမ်ဆီကူးခတ်လာတဲ့ အမျိုးသားကလွှတ်လိုက်တဲ့သုတ်ပိုးဟာ သန်း ၂၀၀ မှ ၃၀၀ ရှိပါတယ်။ အဲဒီထဲကမှ  ထောင်ချီကသာ သားအိမ်ဝကနေ မမျိုးဥပြွန်ဆီကိုဦးတည်လာနိုင်ခဲ့တယ်။ အဲဒီထဲကမှ ရာချီဂဏန်းသာ မမျိုးဥရှိရာနယ်ပယ်ကို အရောက် ကူးခတ်လာနိုင်ခဲ့တယ်။ အဲဒီထဲကမှ တစ်ခုသော သုတ်ပိုးကောင်ကသာ မမျိုးဥနဲ့ဖူးစာဆုံနိုင်ခဲ့တာပါ။

သင်သိပါသလား အဲဒါဟာ သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ သင်ဟာမမွေးဖွါးမှီကတည်းက သန်းပေါင်း ၂၀၀-၃၀၀ ယှဉ်ပြိုင်တဲ့ ရေဆန်ခရီးမှာ ချန်ပီယံဖြစ်ခဲ့တာပါ။ အဲဒီပွဲမှာ သင်နိုင်ခဲ့တယ်။ ဒါ့ကြောင့် သင်ဟာ လူသားတစ်ယောက်အနေနဲ့မွေးဖွါးလာခဲ့တယ်။ အားပေးတဲ့ပုရိသတ် တစ်စုံတစ်ယောက်မှမရှိပါပဲ ခြေတစ်လှမ်းနောက်ကျရင် လူဖြစ်ရမယ့်အခွင့်အရေး ကမ္ဘာတစ်သန်းလောက်နောက်ကျသွားနိုင်တဲ့ ပြိုင်ပွဲကြီးမှာ သင်ဟာ သန်းပေါင်းရာချီကို အနိုင်ယူဗိုလ်စွဲခဲ့တဲ့ချန်ပီယံတစ်ယောက်ဖြစ်ပါတယ်။

အခုအချိန်မှာ သင်ဟာ ဘယ်လောက်ပဲခက်ခဲပင်ပန်းတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရပါစေ ပထမဆုံးသောပြိုင်ပွဲလောက် လူပေါင်းသန်းချီကို ရင်ဆိုင်နေရလောက်အောင် မခက်ခဲသေးပါဘူး။ ဒါ့ကြောင့် ဘာကိုအားငယ်နေရမလဲ။ အခန်းတံခါးကိုပိတ် မျက်စိစုံမှိတ်ပြီး ဘာလို့ဝမ်းနည်းနေရမလဲ။ သင်ဟာ သန်းပေါင်းရာချီကို ကျော်ဖြတ်အနိုင်ယူခဲ့တဲ့ချန်ပီယံပဲလေ။ ဒါကိုဘယ်တော့မှမမေ့ပါနဲ့။
လဲရင်ပြန်ထ ဒါဘဝပဲမဟုတ်ပါလား။ အားတင်းလိုက်စမ်းပါ ချန်ပီယံကြီးရာ။

Credit;Myu Tsaw Kasa

No comments:

Post a Comment