ပင်မြင့်စံပန်းမို့ မလှမ်းရက်ခဲ့
***********
ကြည်လင်တောက်ပတဲ့ အလှအပနဲ့အတူ
ဆောင်းလေနဲ့ ပါလာတဲ့ သဇင်ပန်းနံလေးကို
ရှူရှိုက်ခံစားမိလိုက်တယ်-------
ပန်းအလှကို ခူးစွပ်ကာ အနမ်းပေးလိုက်ချင်ပေမဲ့
နန်းစံပန်းအလှမို့ ပင်မြင့်မှာတင့်စေတော့ဆန္ဒဖြင့်
မခူးစွပ်ခဲ့ပါဘူး-------
ပန်းအနားမှာခိုနာရင်း ပန်းအလှကိုငေးမောလျက်
ဆောင်လေအဝှေ့မှာ သင်းပျံလာတဲ့
ပန်းနံ့လေးနဲ့ပဲ ကျေနပ်ကာ
ပန်းလေး ထာဝရ ရှင်သန်စေဖို့
ပန်းဖျက်ပိုး တားဆေးလေးတော့
ပြန်လည်ပေးခွင့်ရခဲ့တယ်---------
သို့သော်
သူမှာလည်းထိုဆေး အဆင်သင့်ရှိပြီးသားပါ-------
No comments:
Post a Comment