သစ်ပင်ရင်း၏ ဂုဏ်(၁၀)မျိုး လင်္ကာ
************
၁။သစ်ဝါးစသည် ဆောက်ဦးကင်းလို့
၂။မပြုပြင်ဘဲ နေနိုင်ပေ။
၃။ကြီးသူကလည်း မထစေလို့
၎။ကဲ့ရဲ့ ဖွယ်မှု ဖုံးမနေ။
၅။လွင်ပြင်နေသူ လူများကဲ့သို့
ကိုယ်တောင်တင်းမှု မဖြစ်ပေ။
၆။ငါ့ဥစ္စာဟု သိမ်းပိုက်ကင်းလို့
၇။ကျောင်း၌တွယ်တာ ပယ်နိုင်ပေ။
၈။အိမ်၌ကဲ့သို့ ဘေးဖယ်ရလို့
နှင်ထုတ်ရမှု မရှိပေ။
၉။နေသောသူမှာ ပီတိဖြစ်လို့
၁၀။ရလွယ်သောကြောင့် မငဲ့ပေ။
အဲ့ဒါက
ရုက္ခမူလ ဂုဏ်ဆယ်ဝ
မှတ်ရ အလွယ်ပေ။ ။
အလင်းအိမ်(တက္ကသိုလ်)
******&&&&&*******
သစ်ပင်ရင်း၏ ဂုဏ် (၁၀)မျိုး
****************
၁။(သစ်ပင်ရင်း၌ ကပ်ဝင်ရုံမျှသာဖြစ်၍) သစ်ဝါးစသည် အဆောက်အဦ မရှိသည်၏ အဖြစ်ဟူသောဂုဏ်
၂။(တံမျက်လှည်း၍၎င်း,မလှည်းဘဲ၎င်း သုံးစွဲခြင်း၌ ချမ်းသာသည်သာ ဖြစ်သောကြောင့် )သုတ်သင်ပြုပြင်ခြင်း မရှိသည်၏ အဖြစ်ဟူသောဂုဏ်
၃။ကြီးသူက မထစေထိုက်သည်၏ အဖြစ်ဟူသောဂုဏ်
(ဝါ+သီတင်းကြီးက မထစေထိုက်သည်၏ အဖြစ်ဟူသောဂုဏ်)
၎။(သစ်ပင်ရင်း၌ မကောင်းမှုကို ပြုသူသည် အရှက်ရတတ်သောကြောင့်)
ကဲ့ရဲ့ ဖွယ်ကို မဖုံးကွယ်တက်သည်၏
အဖြစ်ဟူသောဂုဏ်
၅။လွင်ပြင်၌နေရခြင်းကဲ့သို့ ကိုယ်ကို တောင်တင်းမှု မဖြစ်သည်၏
အဖြစ်ဟူသောဂုဏ်
၆။ငါ့ဥစ္စာဟု သိမ်းပိုက်မှုကို ပြုရခြင်း မရှိသည်၏ အဖြစ်ဟူသောဂုဏ်
၇။ကျောင်း၌တွယ်တာမှုကို ပယ်နိုင်သည်၏ အဖြစ်ဟူသောဂုဏ်
၈။(များစွာသောလူတို့နှင့် ဆက်ဆံသောအိမ်၌ကဲ့သို့ သစ်ပင်ကို သုတ်သင်အံ့ ဘေးဖယ်ပါဦးပြော၍)
နှင်ထုတ်ရမှု မရှိသည်၏ အဖြစ်ဟူသောဂုဏ်
၉။နေသောပုဂ္ဂိုလ်မှာ ပီတိဖြစ်သည်၏ အဖြစ်ဟူသောဂုဏ်
၁၀။(ရုက္ခမူကျောင်းကို ရောက်ရာ အရပ်၌ ရလွယ်သောကြောင့်) ငဲ့ကွက်ခြင်းမရှိသည်၏ အဖြစ်ဟူသောဂုဏ်
{ဏီဋ္ဌ၊၄၁။ဏီဘာဋီ၊၁၇၇/၁၇၈}
တက္ကသိုလ်စာသင်သား(10-7-2014)
No comments:
Post a Comment