ဝေဒနာ ကဗျည်းထိုးမိသူ
*********
တခါတလေ
ကိုယ်ဘက်က
အပြုံးအတွက် စကားလုံးတွေ
ဖောင်ဖွဲ့လွတ်လိုက်မိတယ်
သူ့ထံရောက်သွားတဲ့အခါ
အပြုံးမဟုတ်ဘဲ အမုန်းတွေ
ဖြစ်နေတတ်တယ်
တခါတလေ
ကိုယ်ဘက်က
ပျော်ရွှင်ခြင်းအတွက် စကားလုံးတွေ
ဖောင်ဖွဲ့ လွတ်လိုက်မိတယ်
သူ့ထံရောက်သွားတဲ့အခါ
ပျော်ရွင်ခြင်တွေ မဟုတ်ဘဲ
သောကတွေ ဖြစ်နေတတ်တယ်
စေတနာနဲ့ဝေဒနာဟာ
အလှည့်အပြောင်း
လိုက်ကာ တစ်ချပ်လောက်တောင်
မခြားတဲ့ အခါမျိုးလည်း
ရှိတတ်ပါလားလို့
သိလိုက်တဲ့ အခါမှာ
သူတပါးရဲ့ ဝေဒနာမှတ်တမ်းမှာ
ကဗျည်းထိုးမိပြီသား ဖြစ်နေပြီလေ------
No comments:
Post a Comment