အောက်ချင်းငှက်၏ ချစ်သစ္စာ
*******
အချစ်ကို သစ္စာမေတ္တာတွေနဲ့
ကျားကန်ပြီ
အချစ်ကြီးချစ်တတ်တဲ့
အောက်ချင်းကို လေးစာမိတယ်-----
အဖိုသေရင်
အမလိုက်သေးသလို
အမသေးရင်လည်း
အဖိုကလိုက်သေးကာ ချစ်ပြခဲ့ကြတယ်-----
အောက်ချင်းငှက်ဟာ
သူ့အပ်ါချစ်မေတ္တာနဲ့
သစ္စာမပျက်သူကိုသာ ချစ်ခင်လေ့ရှိပြီ
မိမိကိုယ်တန်ဖိုးထားတဲ့
ချစ်သူကိုသာ အပြန်အလှန်ချစ်ခဲ့ကြတယ်---
အုပ်စုဖွဲ့ပြီ နေလေရှိတဲ့
အောက်ချင်းငှက်ဟာ
အချစ်တွေခိုင်မြဲသွားတဲ့အချိန်မှာ
နှစ်ကောင်တည်း အတူခွဲထွက်ပြီ
တစ်အိုးတစ်အိမ်ထူထောင်ကာ
အိပ်ရင်တောင်မှ ကိုယ်ချင်းကပ်
အတောင်ချင်းယှက်လျက် အိပ်လေ့ရှိတယ်----
ချစ်သူနားက မခွာပဲ
ရာသက်ပန် ဇနီးနှင့်သားသ္မီးတွေကို
ရှာဖွေကျွေးမွေးလေ့ရှိတာကတော့
တခြားငှက်တွေနဲ့မတူတဲ့
အောက်ချင်းငှက်ဖို့ရဲ့
ထူးခြာချက် တစ်ခုပေါ့----
ကိုယ်ဝန်ရှိပြီဆိုတာနဲ့
ငှက်မ ဥဥဖို့ သစ်ခေါင်းကို အတူရှာကာ
ငှက်ဖိုက ငှက်မကို
အရမ်းအလိုလိုက် ဂရုစိုက်ပြတတ်တယ်----
အိမ်စောက်ဖို့ သစ်ခေါင်းရှာ
ငှက်မက သစ်ရွက်နှင့်အမိုက်တွေစုပြီ
ငှက်ဖို့က အရှေ့အနောက်တောင်မြောက်
ကျွန်းလေးကျွန်းကမြေကို
အခေါက်ခေါက် ကိုက်ချီယူပေးကာ
သားဖွားခန်းအတွက်
မိဘကောင်းဖြစ်ဖို့ ကြိုးစာလေ့ရှိကြတယ်----
အောက်ချင်းငှက်ရဲ့
မေတ္တာနှင့်သစ္စာရှိမှုကို
ကဗျာဆရာတွေ တေးရေးဆရာတွေက
ဂန္တဝင်မှာ စံတင်ကာ
ချီးမွမ်းဖွဲ့ဆို ဂုဏ်ပြုလေ့ရှိကြတယ်----
နောက်ငှက်ဖိုရဲ့တာဝန်က
ငှက်မကို သစ်ခေါင်းအတွင်းထားပြီ
နှုတ်သီးထွက်ရုံအပေါက်ကလေးချန်ကာ
သစ်စေးမျိုးစုံနဲ့ ပိတ်ထားပေးလျက်
ငှက်မလည်းထွက်မရ
ငှက်ဖိုလည်းဝင်မရ
သားပေါက်တဲ့အထိ
ငှက်မနှင့်သားသ္မီးကို
စောင်ရှောက်နေလေ့ရှိကြတယ်---
အဲ့ဒီတော့ ငှက်မ သစ်ခေါင်းထဲမှာ
ရှိနေသမျှ ကာလပတ်လုံး အစာရှာကျွေးရဖို့ တာဝန်သည်
လုံးဝငှက်ထီးပဲ...အဲ့ဒီလိုပဲ သားပေါက်လာရင်လည်း
သားသမီးအတွက်ရော မယားအတွက်ပါ
ရှာကျွေးပေးတော့ပဲ အထဲက မထွက်မချင်း
အဖိုက အစာကို နှုတ်သီးနဲ့ချီတယ်
ရေကို သူ့မှာအပိုပါတဲ့အမောက်ထဲကို ထည့်တယ်
အဲ့ဒီအမောက်ထဲက ရေလှောင်ကန်လိုဖြစ်နေတော့
မိန်းမအတွက်ရော သားသမီးအတွက်ရော ရေကမပူရဘူး
အဲ့ဒီလိုမျိုး အစာနဲ့ရေကို သယ်သယ်ပြီး
မိန်းမနဲ့ ကလေးတွေဆီကို ပြေးရလွှားရတာ
အဖိုတွေမှာ တစ်နေ့ကို အကြိမ် ၆ဝ၊ ၇ဝ လောက်
လွန်းထိုးနေရတာပါ ဘယ်လောက်ချစ်လဲ
စဉ်းစားသာကြည့်...
အဲ့ဒီမှာ အဖိုက သူခုနက သစ်စေးတွေနဲ့
အပြင်ကနေ အင်္ဂတေကိုင်ထားတဲ့နေရာမှာ
သူ့အမှတ်အသားနဲ့သူကိုင်ထားတယ်
ဖြစ်သလို လုပ်ထားတာမဟုတ်ဘူး
ဘာလို့အဲ့လိုလုပ်လဲဆိုတော့ သူမရှိတုန်း
တခြားတစ်ကောင်က သူ့မိန်းမကို လာကြောင်မှာစိုးလို့
စိတ်မချလို့ အဲ့လိုလုပ်ထားတာ ဒါမှ တခြားတစ်ကောင်
သူ့မိန်းမကို အစာလာကျွေး၊ ရေလာတိုက်နဲ့ လာလုံးရင်
သူသိမှာလေ...
အဲ့လိုပဲ အထဲက အမကလည်း
အပြင်က သူ့ယောက်ျား သူ့ဆီကို ပေါ်မလာဘဲ
နည်းနည်းကြာနေရင် စိတ်ကပူပြီ
ငါ့ယောက်ျား တခြားငှက်မနဲ့များ သွားကြူနေလားဆိုပြီး
အထဲကနေ အသဲကွဲပြီ
အဲ့ဒီတော့ ငှက်ဖိုကလည်း အချိန်မှန်ရတယ်
ပြီးတော့ ငှက်ဖိုကလည်း သူ့အမှတ်အသားတွေကို
နေ့စဉ်စစ်တယ်...ပျက်နေလို့ကတော့
အစာလည်းမကျွေးတော့ဘူး ရေလည်းမတိုက်ဘူး
သူလည်းသတ်သေတာပဲ...
အဖိုကလည်း တစ်နေ့တစ်နေ့ အခေါက် ၆ဝ၊ ၇ဝ လောက်
သူ့မိန်းမကို အစာကျွေး ရေတိုက်လုပ်ရတာကို
နည်းနည်းမှ စိတ်မပျက်ဘူး ပျော်နေတာ
ဒီလိုနဲ့ သူတို့သီရိဂေဟာလေးမှာ
ကလေးတွေ မွေးလာတယ်
အဲ့ဒီမှာ အချိန်တန်တော့ သူ့တို့သစ်စေးတွေနဲ့
အင်္ဂတေကိုင်ထားတဲ့ အပေါက်ကို
ဝိုင်းခွာကြတယ် ပွင့်လည်းသွားရော
ငှက်ဖိုကြီးမှာ သူ့မိန်းမ မီးနေသည်ကိုကြည့်ပြီး
ကရုဏာသက်ရပြန်ရော...
ဘာလို့လဲဆိုတော့ သူ့မိန်းမမှာ အမွှေးတွေ
အတောင်တွေ မရှိတော့ဘူးလေ
ကိုယ်တုံးလုံးဖြစ်နေပြီ ကလေးတွေလိုပဲ
အထဲမှာ လနဲ့ချီပြီး နေခဲ့ရတာကို
ပျံလည်းမပျံနိုင်သေးဘူး အညောင်းမိနေလို့
အဲ့တော့ တစ်ခါ ငှက်ဖိုကြီးမှာ မိန်းမနဲ့ ကလေးတွေ
အတောင်စုံပြီး ပျံနိုင်တဲ့အထိ မမောမပန်းနဲ့
ရှာကျွေးရပြန်ရော...ဒါသူ့ဝတ္တရားကိုး...
ကဲ...ဒီတော့ ကိုယ့်ရည်းစားတွေကို
စိန်ခေါ်လိုက်ကြစမ်းပါဦး
အောက်ချင်းငှက်လို ချစ်ရဲလားဟေ့လို့...
(ဓာတ်ပုံတွေကို google က ရှာထားတာပါ
စာတွေကတော့ အောက်ချင်းငှက်အကြောင်း
ရေးထားသမျှ စာအုပ်စာတမ်းများမှ
ကောက်နုတ်ထားတာပါ...)
Wai Phyo Maung
12.8.2016
No comments:
Post a Comment