Thursday, September 15, 2016

နောင်တော်ကြီးက မယ်တော်ကြီးကို အာခံတယ်ပေါ့လေ… ဝီရသူ (မစိုးရိမ်)

နောင်တော်ကြီးက မယ်တော်ကြီးကို အာခံတယ်ပေါ့လေ…
ဝီရသူ (မစိုးရိမ်) / 4 weeks ago

နောင်တော်ကြီးက မယ်တော်ကြီးကို အာခံတယ်ပေါ့လေ…
ဝီရသူ(မစိုးရိမ်)
19.8.2016
(73း0 PM)
------------------------------------------------------------

“မြန်မာနိုင်ငံကို တရားဥပဒေကင်းမဲ့ဇုန်အဖြစ် ကြေညာမယ်
မြန်မာ့တရားဥပဒေစိုးမိုးရေးက ၁၅ ရာခိုင်နှုန်းကျဆင်း”
===============================

ရန်ကုန်၊ သြဂုတ် ၁၆
ယခုအစိုးရ၏ တရားဥပဒေစိုးမိုးရေးသည် ယခင်အစိုးရ၏ တရားဥပဒေစိုးမိုးရေးအောက်သို့ ကျဆင်းလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာ စကော့မာဖီရှယ်၏ ရိုဟင်ဂျာဟု သုံးနှုန်းသွားခြင်းအပေါ် ကန့်ကွက်ဆန္ဒပြခဲ့သည့်အတွက် တရားစွဲခံရသည့် မကွေးဆရာတော်က ပြောသည်။
“ပြီးခဲ့တဲ့အစိုးရလက်ထက် တရားဥပဒေစိုးမိုးမှုမရှိခြင်းဟာ ၇၅ ရာခိုင်နှုန်းရှိခဲ့ပြီး အခုအစိုးရလက်ထက်မှာတော့ ၉၀ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့တာကိုတွေ့ရတယ်။ ဒါကြောင့် သက်ဆိုင်ရာအနေနဲ့ တရားဥပဒေစိုးမိုးမှုရှိအောင် အမြန်ဆုံး ပြုပြင်ပြင်ဆင်သင့်တယ်။ မပြင်ဆင်ဘူးဆိုရင် ဘုန်းကြီးတို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို တရားဥပဒေကင်းမဲ့ဇုန်းအဖြစ် ကြေညာရမှာဖြစ်တယ်” ဟု မကွေးဆရာတော်က မိန့်သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့အနီး စက်လှေနစ်မြုပ်ခဲ့မှုဖြစ်စဉ်တွင် ဘင်္ဂါလီများ သေဆုံးခဲ့ခြင်းအပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်က ၀မ်းနည်းစကားပြောစဉ် ဘင်္ဂါလီဟုမသုံးနှုန်းဘဲ ရိုဟင်ဂျာဟုသုံးခဲ့ခြင်းအပေါ် မကွေးဆရာတော်အပါအ၀င် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂနှင့် မျိုးချစ်လူငယ်များ ကန့်ကွက်ဆန္ဒပြခဲ့ရာ မကွေးဆရာတော်အပါအ၀င် သံဃာတော်သုံးပါးနှင့် လူပုဂ္ဂိုလ်လေးဦးတို့ကို ကမာရွတ်တရားရုံးက သြဂုတ် ၁၆ ရက်တွင် တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
“ကမာရွတ် ရဲစခန်းမှူးသိန်းဟန်က တရားလိုပြုထားတယ်။ တိုင်းရင်းသားလူမျိုး (၁၃၅)မျိုးမှာ  ပါဝင်ပတ်သက်မှုမရှိတဲ့ ဘင်္ဂါလီဆိုတဲ့အစား ရိုဟင်ဂျာလို့ သုံးလို့ မျိုးချစ်တွေက ဆန္ဒထုတ်ဖော်ခဲ့တာကို တရားစွဲတာပါ။ ဆရာတော်တွေနဲ့ လူတွေထဲက ကိုဝင်းကိုလတ်၊ ကိုနောင်တော်လေး၊ ကိုသက်မျိုးဦးနဲ့ ကိုနေ၀င်းအောင်တို့ပါတယ်” ဟု ဆရာတော်က တရားစွဲခံရသူများ၏အမည်ကို ထည့်သွင်းပြောသည်။
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ အခန်း (၈)ပုဒ်မ- ၃၈၅ ၌ မြန်မာနိုင်ငံ၏လွတ်လပ်ရေး အချုပ်အချာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ ပြုလုပ်ခဲ့ခြင်းဖြစ်သည့်အတွက် ယင်းဆန္ဒထုတ်ဖော်မှုသည် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ခြင်းဖြစ်သည်ဟု ဆရာတော်က သုံးသပ်သည်။
“ဘုန်းကြီးတို့ ပြစ်မှုမကျူးလွန်ဘူး၊ ကျူးလွန်တဲ့သံအမတ်ကို အရေးယူခြင်းမပြုတာဟာ ဥပဒေသည် တရားသောဥပဒေလို့ ပြောလို့မရဘူး၊ လှည်းတန်းခုံးပေါ်မှာ မျက်နှာဖုံးစွပ် ဆန္ဒပြသွားတဲ့ အဖွဲ့တွေကို ရဲကဖမ်းဆီးပြီး တရားရုံးကို စွဲတင်ခြင်းမပြုဘူး၊ အဲဒီလို တရားရေးမဏ္ဍိုင် ယိမ်းယိုင်ပြိုလဲပျက်စီးနေခြင်းကြောင့် လက်မှတ်မထိုးခဲ့ဘူး”ဟု မကွေးဆရာတော်က တရားရုံးအာမခံရရှိရေးအတွက် ကိုယ်တိုင်ခံဝန်၌ လက်မှတ်မထိုးခဲ့သည့်အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားသွားသည်။
ယင်းအမှုနှင့် ပတ်သက်သည့် ရုံးချိန်းကို သြဂုတ် ၃၀ ရက် မွန်းလွဲ ၂ နာရီတွင် ချိန်းဆိုထားကြောင်း၊ ပုဒ်မ- ၁၉ ဖြင့် တရားစွဲခံရသူ ခုနစ်ဦး အာမခံရရှိရေး ကိုယ်တိုင်ခံဝန်ပြုလုပ်ရာတွင် မကွေးဆရာတော် ဦးပါမောက္ခ တစ်ပါးတည်းသာ လက်မှတ်မထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အမေရိကန်သံရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ခွင့်ရဖို့ လျှောက်လွှာတင်သေးတယ်ခင်ဗျ၊ သူတို့က ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ကွင်းမှာပြုလုပ်ဖို့ပဲ ခွင့်ပြုခဲ့တယ်၊ ဒါကြောင့် သက်ဆိုင်တဲ့နေရာဖြစ်တဲ့ ကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတယ်။ ပုဒ်မ-၁၈ ကို ချိုးဖောက်လို့ဆိုပြီး ပုဒ်မ-၁၉နဲ့ တရားစွဲခံရတာ ဖြစ်တယ်”ဟု ကိုနောင်တော်လေးက ပြောသည်။
18.8.2016 ရက်နေ့ထုတ် Bullet သတင်းဂျာနယ်

Visit website

No comments:

Post a Comment