Friday, September 16, 2016

အောင်မြင်လိုတဲ့သင့်ကို နောက်ပြန်ဆွဲခေါ်နေတဲ့ အကြောင်းတရားများ

အောင်မြင်လိုတဲ့သင့်ကို နောက်ပြန်ဆွဲခေါ်နေတဲ့ အကြောင်းတရားများ
============================================

လူတိုင်းနီးပါးအောင်မြင်လိုကြတဲ့ထဲမှာ သင်လည်း အောင်မြင်ချင်တဲ့သူတစ်ယောက်လို့ ယူဆပါတယ်။ ဒီလိုအောင်မြင်ဖို့အတွက် သင် တစ်စုံတစ်ခု အားထုတ်ပြီးပြီလား?
အားထုတ်ရက်သားနဲ့ သင်လိုချင်တဲ့အောင်မြင်မှုကို မရနိုင်သေးဘူးဆိုရင်တော့ အားထုတ်မှု မလုံ့လောက်သေးလို့။ ဒါမှမဟုတ်ရင် ဒီအကြောင်းအရာတွေက
သင့်အောင်မြင်မှုကို ဟန့်တားနေတာဖြစ်လို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘယ်အကြောင်းအချက်တွေက ကိုယ့်ကို နောက်ပြန်ဆွဲနေသလဲဆိုတာ တစ်ချက်လောက်
သတိထားကြည့်ရအောင်။
.
၁။ သင့်သံသယစိတ်တွေ။

သင်ပါးစပ်က အောင်မြင်ချင်ပါတယ်လို့ ဘယ်လောက်တောင်မှ တဖွဖွပြောပြော။ သင့်ရဲ့ဦးနှောက်က အောင်မြင်မှုအကြောင်း ဘယ်လောက်တောင်မှပဲ တွေးတွေး။
သင့်မသိစိတ်ထဲမှာ ငါဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ သံသယစိတ်ဟာ သင့်ရဲ့စိတ်စွမ်းအင်တွေအားလုံးကို ဝါးမြိုပစ်လိုက်ပါတယ်။ ငါက သန်းကြွယ်သူဌေးကြီးတော့ ဖြစ်ချင်ပါရဲ့
ဒီဘဝမှာ ဖြစ်နိုင်ပါ့မလား? ငါ့ထက်တော်တဲ့သူတွေတောင် မချမ်းသာနိုင်ကြသေးတာ။ ငါဆိုရင်တော့? ဆိုတဲ့ သံသယအတွေးတွေက သင့်မသိစိတ်ထဲမှာ
ကောင်းကောင်းကြီး ရှင်သန်နေပါတယ်။ ဒါကို ကြီးထွားခွင့်မပေးပါနဲ့။ အောင်မြင်မှုကိုရဖို့အတွက် သင့်ကိုယ်သင် ဘယ်တော့မှ သံသယမဝင်ပါနဲ့။
သင်ဟာ အောင်မြင်မှုနဲ့ ထိုက်တန်ပါတယ်။
.
၂။ သင့်မှာ အစီအစဉ်မရှိဘူးဆိုရင်။

အောင်မြင်မှုဆိုတာ မိုးပေါ်က ကျလာတဲ့ ကံကောင်းခြင်းလက်ဆောင် မဟုတ်ပါဘူး။ ကိုယ်တိုင် အားထုတ်ယူရတဲ့ ဆုလဒ်တစ်ခုပါ။ သင့်မှာသာ သင်လိုချင်တဲ့
အောင်မြင်မှုကို ဘယ်လိုရအောင် လုပ်ရမလဲဆိုတဲ့ အစီအမံမရှိရင် သင်အောင်မြင်နိုင်ဖို့ မလွယ်ကူပါဘူး။ ဒ့ါကြောင့် အောင်မြင်မှုကို ရချင်တယ်ဆိုရင်
တစ် - သင်ဘာလိုချင်လဲ သိရမယ်။ နှစ် - သင်ဘယ်လိုလုပ်ရမလဲ သိရမယ်။ ဒီလောက်ဆို တော်တော်လေး လုံလောက်နေပါပြီ။
.
၃။ အောင်မြင်ဖို့အတွက် မိတ်ဖက်လိုတယ်။

လူတစ်ယောက် အောင်မြင်ရင် တစ်ယောက်တည်းရဲ့ နာမည်နဲ့အတူ တစ်ယောက်တည်းပဲ အောင်မြင်တယ်လို့ လူတွေက ယူဆကြတယ်။ တကယ်တော့
လူတစ်ယောက် အောင်မြင်ဖို့အတွက် သူနဲ့အတူ ဆိုးတူကောင်းဖက် တိုက်ပွဲဝင်မယ့် မိတ်ဖက်လိုပါတယ်။ ကိုယ့်ကိုကူညီပြီး ကိုယ်ကပြန်ကူညီရမယ့် မိတ်ဆွေတွေ
လိုပါတယ်။ ဘီလ်ဂိတ်မှာလည်း သူအောင်မြင်ဖို့အတွက် ဘေးကအထောက်အပံ့တွေရှိတယ်။ စတိဂျော့ဖ်မှာလည်း သူအောင်မြင်ဖို့အတွက် ဘေးက အထောက်အပံ့
တွေ သူရှာရတယ်။ အောင်မြင်တဲ့သူတိုင်းမှာ စစ်မှန်ပြီးအားကိုးနိုင်မယ့် မိတ်ဆွေတွေ ကိုယ်စီရှိကြပါတယ်။
.
၎။ အောင်မြင်မှုကိုရဖို့ အကြောင်းပြချက်လွဲနေရင်။

သင် ပိုက်ဆံတွေရချင်တယ်။ ဘာလို့လဲ? ငွေတွေ သုံးချင်၊ဖြုန်းချင်။ ကဲချင်လို့။ ဒါဆိုရင်တော့ သင့်အကြောင်းပြချက်က မှန်တဲ့ထဲမှာ မပါပါဘူး။ (သင်မအောင်မြင်နိုင်ဘူး
လို့ ဆိုလိုတာ မဟုတ်ပါဘူး။) လူတစ်ယောက်ဟာ စစ်မှန်တဲ့ အကြောင်းပြချက်တစ်ခုကြောင့် အောင်မြင်ချင်တယ်ဆိုရင် ဒီအကြောင်းပြချက်ဟာ သူ့အောင်မြင်မှုအတွက်
လောင်စာတစ်ခုဖြစ်နိုင်ပါတယ်။ အထောက်အပံ့တွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်အောင်မြင်မှုနဲ့ပတ်သက်ပြီး ငါဘာလို့ဖြစ်ချင်တာလဲဆိုတာကို မေးဖြစ်အောင်မေးပြီး
ဖြေဖြစ်အောင် ဖြေကြည့်ပါ။
.
၅။ သင့်အတိတ်တွေကို အခြေခံပြီး သင့်ကိုယ်သင်ဆုံးဖြတ်တယ်။

လူတိုင်းမှာ မှားယွင်းတဲ့အတိတ်ကိုယ်စီ ရှိပါတယ်။ အတိတ်မှာ ကျရှုံးဖူးတယ်။ ဒါပေမယ့် ဒါတွေကို အနာဂတ်ထိ သယ်လာပြီး သင့်အောင်မြင်ရေးလမ်းကြောင်းပေါ်မှာ
ပိတ်ဆို့ထားလို့ မဖြစ်ပါဘူး။ သင်သိရမှာက ထိပ်တန်းအောင်မြင်သူတွေမှာလည်း ကျရှုံးဖူးတဲ့အတိတ်တွေရှိတယ်ဆိုတာပါပဲ။ ဘာလို့လဲဆိုတော့ ကျရှုံးခြင်းဆိုတာ
အောင်မြင်မှုလမ်းကြောင်းပေါ်မှာ အကြိမ်ရေများများတွေ့ရမယ့် အရာမို့လို့ပါ။
ဒီတော့ သင်အတိတ်မှာ ကျရှုံးမှုတွေကိုကြည့်ပြီး သင့်ကိုယ်သင် လူညံ့လို့ သတ်မှတ်စရာမလိုပါဘူး။ သင့်အတွက် ကျရှုံးခဲ့တယ်ဆိုတာ မရှိပါဘူး။ ကြိုးစားမှု
မလုံလောက်ခဲ့တာပဲ ရှိပါတယ်။ ဒါတွေကို သင်ယူပြီး အနာဂတ်ရဲ့အောင်မြင်မှုကို တည်ဆောက်ပါ။
_________
လေးစားမှုများဖြင့်..
ရွှေညာမောင် (Focus Youth)
Ref:TB

Focus Youth E-magazine ၏ August Issue အား အောက်ပါ Link မှတစ်ဆင့် အခမဲ့ Dowload ရယူနိုင်ပါပြီ။
Download Link -
http://bit.ly/SepLink1 (6 MB)

(Focus Youth E-magazine အား See First လုပ်ထားခြင်းဖြင့် လစဉ်အခမဲ့ ထုတ်ဝေသော Magazine များနှင့်တကွ လူငယ်များနှင့်သက်ဆိုင်သော အောင်မြင်ရေး၊ အလှအပရေး၊ ကျန်းမာရေးနှင့် အခြားဗဟုသုတရဖွယ် Posts များအား မလွတ်တမ်း ဖတ်ရှုနိုင်ပါပြီ။)

No comments:

Post a Comment