ကျန်းမာရေး အဖြေအရ
သမ္မတလောင်း ထရန့် နှင့်
သမ္မတလောင်း ဟီလာရီကလင်တန်
မည်သူသမ္မတဖြစ်မည်နည်း...?
@@@@@@@@@@@@@@@@@@
အမေရိကန် ရီဗာပလင်ကန် (Republican)ပါတီမှလျှာထားသော သမ္မတ ဒေါ်နယ်ထရန့်နှင့် ဒီမိုကရက်တစ်ပါတီ( Democratic)မှသမ္မတအဖြစ် လျှာထား သော ဟီလာရီ ကလင်တန် တို့အား တွေ့မြင်ရစဉ်။(အောက်၌ ဖော်ပြထားသောပုံ)
အဆိုပါ အမေရိကန်သမ္မတဖြစ်ရေး အလားအလာရှိဆုံး ဖြစ်သော ဒေါ်နယ်ထရန့် အနေဖြင့် ၎င်း၏ဆေးစစ်ချက် အဖြေများသည် များစွာကောင်းမွန်ကြောင်း ၂၀၁၆ခုနှစ်စက်တင်ဘာလ ၁၅ရက် ကြာသာပတေးနေ့၌ ဒေါက်တာ ဟယ်ရိုဘော်စတိုင်း(Dr. Harold Bornstein) နှင့် ဒေါက်တာ အိုဇ်( Dr. Oz)တို့မှ၎င်းတို့၏ တင်ပြစာ ရပို့၌ဖော်ပြခဲ့ကြပါသည်။
ဆက်လက်၍ ဒေါက်တာ ဟယ်ရိုဘော်စတိုင်း(Dr. Harold Bornstein)၏ တင်ပြစာ၌ ထရန်အနေဖြင့် အသက်၇၀ ရှိသော်လည်း ခန္ဒာကိုယ်
အလေးချိန် ၂၃၆ပေါင် ရှိကာ အရပ် ၆ ပေ၃လက္မခွဲရှိကာ အသက်၁၁အရွယ်ခန့်၌ နယူးယောက်မြို့၌အူအတက်ခွဲစိတ်မှုတစ်ကြိမ်သာပြုခဲ့ရဖူးကြောင်း ဖော်ပြထားပါသည်။
ဆက်လက်၍ ဒေါက်တာ ဟယ်ရိုဘော်စတိုင်း(Dr. Harold Bornstein)၏ဖော်ပြချက်အရ ထရန့်အနေဖြင့်လွန်စွာကျမ်းမာရေးကောင်းသော မိဘများမှမွေးဖွားလာသူဖြစ်ကာ ၎င်းအနေဖြင့် အသ်က် ၈၀မှ၉၀အထိပင် နှလုံးနှင့်ပက်သက်သော ရောဂါမရနှိုင်ကြောင်း ဆက်လက်ဖော်ပြထားခဲ့ပါသည်။
ဒေါက်တာ လိစာ ဘာဒက်ခ်(Dr. Lisa Bardack)၏ ကြာသာပတေးနေ့ ဆေးမှတ်တမ်း၌မူ ဟိလာရီအနေဖြင့် အဆုတ်လေပြွန်ရောင်ရောဂါ အတွက် ကျမ်းမာရေးအရ ကာကွယ်ကုသမှေုပြုရန် ဖော်ပြထားခဲ့ပါသည်။
ဟီလာရီအနေဖြင့် လက်ရှိ အချိန်တွင် မူးယစ်ဆေးဝါးများပါဝင်သော ဆေးများဖြစ်သည့်
၁။ သိုင်းရိုက်ဒ်/လည်ပင်းကြီးရောဂါကုဆေး(Thyroid (လည်ပင်းအကြိတ်ရောဂါပျောက်စေရန်/hypothyroidism))
၂။ကူမေဒင်(Coumadin)
(သွေးခဲခြင်းအားလျှော့နည်းစေရန်ဆေး(blood clots),
၃။ခလင်း နစ်စ်(Clarinex)
(အလဂျီ ဖြစ်ချင်း( allergy) ကို ကုသသည့်ဆေး)
၎။ ဘီ-၁၂ ဆေး(B-12)အစရှိသော ဆေးများအားသူမ၏ အဆုပ်လေပြွန်ရောင်ရောဂါ
(pneumonia)အတွက်
မှီဝဲနေရဆဲဖြစ်ပါသည်။
ပထမဆုံးသော အမေရိကန်သမ္မတဖြစ်ချင်နေသော ဟီလာရီ အနေဖြင့် ကျမ်းမာရေး သိပ်ကောင်းလှသူတယောက်မဟုတ်ပါ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ၂၀၁၂ခုနှစ်၌လည်း သူမအနေဖြင့် ဦးနှောက်၌ သွေးခဲခြင်း( blood clot)ရောဂါအားခံစားရခဲ့ဖူး ပြီဖြစ်ပါသည်။
အသက် ၆၈ နှစ် ရှိ ပြီဖြစ်သော ဟီလာရီကလင်တန်အနေဖြင့် စက်တင်ဘာလ ၁၁ရက်နေ့ ၌နယူးယောက်ရှိ လူထုဟောပြောပွဲတစ်ခု၌ ရုတ်တရက် ရှော့ဖြစ်သော ဝေဒနာဖြစ်ပွားခဲ့ပါသေးသည်။
ထို့အပြင်သူအနေဖြင့် အဆုပ်ရောင်ရောဂါ(pneumonia)ပါရှိနေကာ ရုတ်တရက်ဒေါသဖြစ်မှု ဖြစ်ပါက (overheated) ဖြစ်သော ရောဂါပါရှိနေပါသေးသည်။
သို့သော်လည်း သမ္မတဟောင်း ဘီကလင်တန်၏ ရပို့၌မူ ဟီလာရီအနေဖြင့် နိုင်ပြီဖြစ်ကြောင်း ဆန်ကျင်ဖော်ပြထားခဲ့ပါသည်။
ထိုအခြေအနေများကြောင့် လက် တလောတွင် ဟီလာရီကလင်တန်အား အားပေးနေသော ဘားရက် အိုဗားမားသည်ပင် ၎င်းအနေဖြင့် အမေရိကန်သမ္မတသည် မည်သူဖြစ်လာမည်ဆိုသော ထင်မြင်ချက်ပေးရန်ပင် နှုတ်ဆိတ်သွားခဲ့ပြီဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် ဒီမိုကရေစီစနစ်ကျင့်သုံးနေသောနိုင်ငံတစ်ခုတွင် ပြည်သူများအနေဖြင့် သမ္မတတယောက်အား မည်သို့ရွေးကြရသည်၊ရွေးခွင့်ရှိသည်၊သမတ္တအနေဖြင့်မည်မျှအရည်အချင်းရှိသင့်သည်၊မည်မျှကြိုးစားရသည်ကို မြန်မာပြည်သူများသိရှိကြစေရန် ရေးသားရပါသည်။
မိတ်ဆွေအပေါင်း ပျော်ရွှင်ဖွယ်နေ့လေးဖြစ်ပါစေ
No comments:
Post a Comment