Tuesday, September 6, 2016

♡ ဘာ ? ♡ မင်း..အချစ်ရူး ဖြစ်သွားပြီ ♡

♡♡♡ ဘာ ? ♡ မင်း..အချစ်ရူး ဖြစ်သွားပြီ ♡♡♡
♡♡♡♡♡♡♡♡♡♡♡

အမှတ်တမဲ့ စကားပြောမိတာလေးကို
အမှတ်တရ စွဲလမ်းမိခဲ့တာ အချစ်လား။

နှုတ်မဆက်ပဲ ထားခဲ့တဲ့အချိန်မှာ
နာကျင်ခံစားရပေမဲ့ စိတ်မဆိုးနိုင်ခဲ့တာ အချစ်လား။

သူပုံဓာတ်ပုံလေးကို ကြည့်ပြီ
အရူးတစ်ယောက်လို့ စကားတွေပြောနေမိတာ အချစ်လား။

အမှတ်တမဲ့စကားတွေကို
အမှတ်တရအဖြစ် သတိရနေမိတာ အချစ်လား။

နှလုံးသားရဲ့ ခံစားချက်တွေကို
အမှန်အတိုင်း ပြောမထွက်ရဲတာ အချစ်လား။

အချစ်လား အရူးလား
ကိုယ့်ကိုယ်ကိုယ် မခွဲခြားနိုင်ခဲ့တော့တဲ့အချိန်မှာ
အတွေးတွေရဲ့ သွားလမ်းကို
ဦးနောက်က comment ပေးသံကြားလိုက်မိတယ်
မင်း အချစ်ရူးဖြစ်သွားပြီတဲ့......
                                     (အလင်းအိမ်)

No comments:

Post a Comment