Monday, September 26, 2016

အမျိုးဂုဏ်စောင့်ထိန်းခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီးဦးအောင်ဆန်းဦးရဲ့ပြောစကားကိုသဘောကျလို့ယူလာတာပါ။

အမျိုးဂုဏ်စောင့်ထိန်းခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့သားကြီးဦးအောင်ဆန်းဦးရဲ့ပြောစကားကိုသဘောကျလို့ယူလာတာပါ။

ကိုအောင်ဆန်းဦး နဲ့ ပါတ်သက်လို့
မေးလာသူတွေရှိလာပါတယ်။
အဓိကတော့ ကိုအောင်ဆန်းဦးကတော့  ၅၉(စ) နဲ့ လွတ်မလားဆိုတာမျိုး-
ကိုအောင်ဆန်းဦးဇာတာလေးကိုစစ်ဆေးပေးပါလားလို့ တောင်းဆိုလာတာ
ကိုတွေ့ ရပါတယ်- နိုင်ငံရေးနဲ့ ပါတ်သက်လာရင် ဇာတာ တစ်ခုနဲ့ ဒင်ပြောလို့ မ
ရပါဘူးကအဓိ politic ကို Political Point of view နဲ့ ဘဲ သုံးသပ်လို့ ရတာမျိုး
ပါ။ကိုအောင်ဆန်းဦးနဲ့ ပါတ်သလို့ သူ့ သဘောထားတွေကိုပြောပြပါ့မယ်၊

ကျွ န်တော်အမေရီကန်မှာနေစဉ်က ကိုအောင် ဆန်းဦးနဲ့ တွေ့ ခွင့် ကြုံ ခဲ့ဘူးပါ
တယ်။ကိုအောင်ဆန်းဦးက
တစ်နှစ်တခါ ဗိုလ်ချုပ်မွေးနေ့ တိုင်းမှာဘုန်းကြီး
ဆွမ်းကပ်လေ့ရှိခဲ့ပါတယ်၊အဲဒီတုံးက ကိုအောင် ဆန်းဦးကို အများစုက၀ိုင်း
ကျင်ထားကြတာပါဒါပေမဲ့ကယ်လီဖိုးနီးယာ-နော်ဝပ် ကျောင်းကဆရာတော်
ဦးရေ၀တ နဲ့ ကျွန်တော်လိုက်သွားခဲ့ပါတယ်ဆရာတော် ဥိးရေ၀တဆိုတာယနေ့ 
ကုန်ဒလဘောင် မှာဘုရားတည်စာသင်ကျောင်းတွေ ဆောက်လှူ ပြီးပရဟိတ
လုပ်ငန်းတွေကို အများဆုံးလုပ်နေတဲ့ဆရာတော်တစ်ပါးပါဘဲ။
မှတ်မှတ်ရရ ဗိုလ်ချုပ်မွေးနေ့ ၃ နှစ်ဆက်တိုက်ကိုအောင်ဆန်းဦးအိမ်ကိုရောက်
ခဲ့ပါတယ်၊သူ နဲ့ တွေ့ တော့ ဖေါ်ရွေတယ်-နုညံ့တယ်သိမ်မွေ့ တယ်-မနာမရှိဘဲ
ပွင့်ပွင့်လင်းလင်းပြောတာတွေကိုတွေ့ ခဲ့ရပါတယ်။သူ့ ရဲ့ စာကြည့်ခမ်းမှာ
ဧည့်တယ်ပြီးဗိုလ်ချုပ်ရဲ့ သမိုင်းအထ္တုပ္ပတိ ကိုအင်္ဂလိပ်လိုသူရေးထုတ်ထား
တဲ့စာအုပ်ကြီးကိုပြခဲ့ပါတယ်။ပြီးတော့ သူ့ မှာယ္ခုနေတဲ့ သပ်ရပ်လှပတဲ့အိမ်
လေးကိုကြွေးမှီကင်စွာနဲ့ ဝယ်ထားကြောင်းပြီးတော့ သူ ပင်စင်ရရင် USD
2500 ကျော်လောက်ရနိုင်သလို သူ့ မှာ ဆေးကုသခွင့် Medical Care လည်း
ရှိနေတာမို့ သူဘ၀အတွက်လုံလောက်နေတာမို့ ဘာလောဘမှမရှိကြောင်း။
သူ့ 
ကိုနိုင်ငံတော်က ပုဂံမြစ်ကမ်းနဖူးမှာမြေကွက်လေးပေးထားတာမို့ သူပုဂံမှာ
မြန်မာမှု့ လက်ရာတွေနဲ့ တန်ဆာဆင်ထားမဲ့ Bungalow လေးတစ်ခုသို့ မဟုတ်
Motel လေးတစ်ခုကိုဆောက်ဘို့ စိတ်ကူးထားကြောင်းတဲ့ သူ့ ရဲ့ အဆောက်
အဦးDesign တွေကိုလည်းထုတ်ပြခဲ့ပြီးဒါပေမဲ့ ပိုက်ဆံတော့ မရှိသေးပါဘူးဗျား
ကျွန်တော်စုရအုံးမှာပါလို့ ပွင်ပွင့်လင်းလင်းပြောခဲ့ပါတယ်။

အဲလိုစကားလက်ဆုံပြောနေစဉ်မှာဘဲကျွန်တော့ မှာအသိအလင်းတစ်ခုဝင်လာ
ပြီးရုတ်တရက်.. ကိုအောင်ဆန်းဦးနိုင်ငံရေးမလုပ်ဘူးလားဗျားလို့ မေးမိလိုက်ပါ
တယ်၊ ဒီတော့ သူက ကျွ န်တော့ မျက်နှာကိုသေချာကြည့်ပြီးပြုံးရင်ကနေ
ဒီမေးခွန်းကမေးသင့်ပါတယ်လို့ ဆိုပြီး ယ္ခုလိုရှင်းပြခဲ့ပါတယ်၊
နိုင်ငံရေးလုပ်တယ်ဆိုတာ မိမိကအစကတည်းကနိုင်ငံရေး field မှာနေနေခဲ့မှ
နိုင်ငံရေးလုပ်သင့်တာမျိုးပါ-ကျွ န် တော့အဖေက ကျောင်းသားဘ၀ကတည်း
ကနိုင်ငံရေးလုပ်လာပြီးသူ့ ဘ၀တစ်ခုလုံးကိုနိုင်ငံရေးမှာ
ဘဲမြုပ်နှံထားခဲ့တာပါ၊
ကျွ န်တော် က အသက်ရဲ့  လေးပုံသုံးပုံ လောက်အချိန်တွေက နိုင်ငံခြားမှာ
ဘဲနေနေပြီးပညာတွေသင်နေခဲ့သလို Field က Political Science နဲ ဘွဲ့ 
ယူခဲ့တာမဟုတ်ဘဲ Computer Science နဲ့ ဖြစ်နေတော့  field ချ င်အရန်
ခြားနားနေပါတယ်-လောကမှာသူ့  field နဲ့ သူဘဲတွင်ကျ ယ်တာမျိုးပါ။
နောက်အရေးအပါဆုံးကကျွန်တော်
ကဗိုလ် ချုပ်သားဖြစ်တယ်ဆိုပြီးယ္ခု မှ
ပြေးပြီးတိုင်းပြည်ခေါင်းဆောင်လုပ်ချ င်လို့ မရပါဘူး၊ဘာကြောင့်လည်းဆိုရင်
လက်ရှိတိုင်းပြည်ခေါင်းဆောင်တွေက လွတ်လပ်ရေးရကတည်းကအလွန်ကြမ်း
တမ်းတဲ့ဘက်စုံနိုင်ငံရေးခရီးကြမ်းကြီးကိုဖြတ်သန်းနေခဲ့ကြရသလိုတိုင်းပြည်မပြိုကွဲ
ကွဲမပျ က်စီးအောင် အသက်ပေါင်းများစွာကို စတေးပြီးတိုင်းပြည်ကိုကာ
ကွယ်ပေးနေခဲ့တဲ့ခါင်းဆောင်တွေဖြစ်ပါတယ်ပြီးတော့ ကျွန်တော်ကဗိုလ်ချုပ်
သားဖြစ်နေတာကလွဲလို့ တိုင်းပြည်အတွက် မြက်တစ်ပင်တောင်စိုက်ပေးခဲ့
သူလည်းမဟုတ်ပါဘူး၊

ဒီတော့ ကျွ န်တော်ကယ္ခု မှ ပြေးပြီးလက်ရှိဝါရင့်ခေါင်း
ဆောင်တွေကိုကန်ထုတ်ပြီးခေါင်းဆောင်လုပ်လို့ ကျွ န်တော်ကအာင်မြင်နိုင်
မှာတဲ့လား? မအောင်မြင်နိုင်ပါဘူး၊ဒီတော့ခေါင်းဆောင်တက်လုပ်မှလက်ရှိ
ခေါင်းဆောင်တွေထက်မသာဘဲ လက်ရှိခေါင်းဆောင်တွေလောက်မှတိုင်း
ပြည်ကိုတည်ငြိမ်အောင်မထိမ်းသိမ်းနိုင်လို့ တိုင်းပြည်ပြိုကွဲသွားဖြင့် တိုင်း
ပြည်အတွက်လည်းမကောင်းဘူး-ကျွန်တော့ အတွက်လည်းမကောင်းတဲ့ပြင်
ကျွ န်တော့ အဖေရဲ့ သမိုင်းကိုပါထိခိုက်သွားမဲ့အပြင်ကျွန်တော့ လက်
ထက်ကျ မှတိုင်းပြည်ပြိုကွဲသွားရင်-လက်ရှိမင်းတွေလက်ထက်-မှာထက်
တိုင်းပြည်ကပိုဆိုးသွားရင် ကျွ န် တော့ အဖေသမိုင်းက ပါ မြန်မာပြည်မှာ
မှေးမှိန်လို့ ပြောက်ကွယ်သွားနိုင်ပါတယ်၊ ဒါကြောင့်ကျွ န်တော်ဘယ်
တော့ မှမြန်မာပြည်မှာလက်ရှိခေါင်းဆောင်တွေကိုကန်ထုတ်ပြီးခေါင်းဆောင်
လုပ်ဘို့ စဉ်းစားမှာမဟုတ်ပါဘူး။ လို့  ကိုအောင်ဆန်းဦး ကသဘာဝဓမ္မကျ
ကျ ရှင်းပြသွားခဲ့ပါတယ်၊
copyယူလာသည်
Bella Liberty

No comments:

Post a Comment