Friday, September 2, 2016

အရာရာတိုင်း မေတ္တာဖြင့်ရနိုင်ပါသလား

အရာရာတိုင်း မေတ္တာဖြင့်ရနိုင်ပါသလား
------------------------------------

ဘုရားရှင်ဥပုသ်ပြုခါနီးမှာ ပရိတ်သတ်ထဲမှာ
မစင်ကြယ်တဲ့ရဟန်းတပါးပါနေတဲ့အတွက်
ဘုရားရှင်က မပြုပဲစောင့်နေတယ် ဒါကို
ရှင်မဟာမောဂ္ဂလန်ကိုယ်တော်မြတ်ကြီးကသိတော့
ငါ့ရှင် သင့်ကိုဘုရားရှင်မြင်တော်မူတယ်
ထွက်သွားပါပြောပေမဲ့ အဲဒီရဟန်းကမထွက်ပဲ
ပေကပ်နေတယ် ရှင်မဟာမောဂ္ဂလန်ကိုယ်
တော်မြတ်ကြီးလည်းပြောလို့ မရတဲ့အဆုံး
လက်မောင်းကနေကိုင်ဆွဲပြီးခပ်ကြမ်းကြမ်းပဲ
ဆွဲခေါ်ထုတ်ပစ်လိုက်ရတယ်

ဒုဋ္ဌဂါမဏိမင်းကြီးဆိုတာ နောက်ပွင့်တော်မူမည့်
အရိမေတ္တယျဘုရားရှင်ရဲ့ လက်ယာရံကြီးပါပဲ
သူဟာ သာသနာတော်တည်မြဲဖို့ အတွက်ဆိုပြီး
ကျည်းကုလားသုံးသန်းကို စစ်တိုက်ပြီး
သတ်ပြစ်ခဲ့ရတယ်

သာသနာတော်တည်မြဲဖို့ ကို ဘယ်လိုကာကွယ်
ရမယ်လို့ သတ်မှတ်ချက်မရှိပါဘူး အခြေအနေနဲ့ 
အချိန်အခါအလိုက်ကြည့်ပြီး ကာကွယ်ရမှာပါ

ဗုဒ္ဓကအရာရာမေတ္တာနဲ့ အောင်ခဲ့တာပဲ
ရန်ကိုရန်ခြင်းမတုန့် နှင်းပါနဲ့ ဆိုတာဟာ
ပုဂ္ဂိုလ်တဦးတရောက်ချင်းစီနဲ့ ပါတ်သတ်လို့ တော့
မှန်ကောင်းမှန်ပါလိမ့်မယ်

လူတိုင်းကို မေတ္တာနဲ့ ရနိုင် မရနိုင်ဆိုတဲ့အချက်က စဉ်းစားစရာပါ
ဘာဖြစ်လို့ လည်းဆိုတော့ မေတ္တာသုတ်ကို
ခွင့်ပြုခဲ့သလို အာဋာနာဋိယ သုတ်တို
ရတနာသုတ်တို့ 
ကမ္မဝါဖတ်ဖို့ တို့ ကိုလည်း ဘုရားရှင်ညွန်ကြား
ခဲ့တာပါပဲ

ဝေသာလီကပ်ဆိုက်တော့ဘုရားရှင်ကိုယ်တော်တိုင်
ရွတ်ဖတ်သရဇ္ဈယ် အာနန္ဒာကိုယ်တိုင်ပရိတ်ရေတွေ
ဖြန်းလို့ ဘီလူးတွေ တစ္ဆေသရဲတွေထွက်ပြေး
ရခဲ့ပါတယ် တကယ်လို့ မေတ္တာနဲ့ သာ ရမယ်ဆိုရင်
ဘုရားရှင်ဟာ ဘာ့ကြောင့်နှင်ထုတ်ရပါသလဲ

စိုးရိမ်စရာကောင်းလှတဲ့ မြန်မာနိုင်ငံရဲ့
ဗုဒ္ဓဘာသာတည်မြဲဖို့ ဆိုတာဟာ ဖျက်စီးနေသူ
တွေကိုမေတ္တာချည်းပို့ နေလို့ အဆင်ပြေနိုင်ပါ့
မလား

ကိုယ့်ဘာသာကိုဆုတ်ယုတ်အောင်လုပ်နေသူတွေကို
အဟန့် အတားဖြစ်ဖို့ အတွက် ထိုက်သင့်တဲ့
ဟန့် တားမှူ့ မလိုအပ်ဘူးလား
(သူတို့ ကို သတ်ရန်မဟုတ်ပါ)
မိစ္ဆာဒိဋ္ဌိတွေအင်အားမကြီးခင်မှာ ဘယ်လို
ကာကွယ်ခဲ့သလဲဆိုတဲ့ အတိတ်ကသင်ခန်းစာ
တွေကို မယူသင့်ဘူးလား

ဗုဒ္ဓဘာသာဟာ
အခြားဘာသာတွေနဲ့ ယှဉ်လိုက်ရင်အင်မတန်မှ
အင်အားနည်းလွန်းလှပါတယ် အရာရာကို
ဂရုစိုက်ပြီး ကာကွယ်ဖို့ မလိုဘူးလား

ဘုရားရှင်လက်ထပ်ကတည်းက မင်းကောင်း
မင်းမြတ်တွေဟာ ဗုဒ္ဓသာသနာတည်မြဲဖို့ 
အာဏာစက်ကော ဓမ္မစက်ကော နှစ်မျိုးစလုံး
ကိုအသုံးပြုခဲ့ကြတာပါ

အဲဒီတော့

ဒီကနေ့ ဗုဒ္ဓဘာသာမှာ မေတ္တာနဲ့ ပဲတုန့် ပြန်
သင့်တယ်လို့ လက္ခံထားတဲ့သူတွေရှိသလို
ကြမ်းသင့်ရင်တော့ကြမ်းရမှာပဲဆိုတဲ့သူတွေလည်း
အများကြီးပါ

ကိုယ်ယုံကြည်ရာကိုယ်လက္ခံထားပြီး
ကျင့်သုံးကြပါ ဒါပေမဲ့ အချင်းချင်းပဋိပက္ခတော့
မဖြစ်ကြစေချင်ပါဘူး

ဗုဒ္ဓဘာသာအချင်းချင်း စိတ်ဝမ်းကွဲပြားတာဟာ
အင်မတန်မှ ဝမ်းနည်းစရာကောင်းလှပါတယ်
ဒါဟာ ဗုဒ္ဓဘာသာတည်မြဲဖို့ အတွက်
အကြီးမားဆုံးအဖျက်အစီးပါပဲ

ဒါ့ကြောင့် စည်းလုံးကြစေလိုပါတယ်
အားလုံးဟာ ဗုဒ္ဓဘာသာတည်မြဲဖို့ ဆိုတဲ့
ရည်ရွယ်ချက်ချင်းတူညီနေတဲ့အတွက်
ပဋိပက္ခမဖြစ်သင့်ပါဘူး

နွားကွဲရင် ကျားဆွဲတတ်ပါတယ်

                            ဦးမြင့်ခိုင်

No comments:

Post a Comment