Friday, September 16, 2016

ကော်မရှင်ဟောင်းရဲ့ အစီရင်ခံစာမှ ဘင်္ဂါလီတို့၏ အကြမ်းဖက်လုပ်ရပ်များ

ကော်မရှင်ဟောင်းရဲ့ အစီရင်ခံစာမှ
ဘင်္ဂါလီတို့၏ အကြမ်းဖက်လုပ်ရပ်များ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မောင်သွေးချွန်

ကိုဖီအာနန် ဦးဆောင်တဲ့ 'ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်'ရဲ့ အစီရင်ခံစာပေါ်ထွက်လာဖို့ တစ်နှစ် ဝန်း ကျင်ခန့် စောင့်ရဦးမှာပါ။ နိုင်ငံခြားသား အားကိုးနဲ့ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ အရေး ကို ဖြေရှင်းမယ်ဆိုတာ ရဟန်း ရှင်လူ ပြည်သူအပေါင်းတို့က လုံးဝလက်မခံကြ ပါဘူး။ ဒါ့ကြောင့် ကိုဖီအာနန် ကော်မ ရှင်အဖွဲ့ ရခိုင်မြေခြေချစနေ့ကပင် ပြည် သူတွေက တစ်ခဲနက် ဆန္ဒပြကန့်ကွက် နေကြပြီ ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒကို လေးစားသောအားဖြင့် အာနန်ကော်မရှင် ကို ဖျက်သိမ်းပေးမယ်ဆိုရင်တော့ အစီ ရင်ခံစာသစ်ကို စောင့်ကြည့်စရာ မလို တော့ပါဘူး။

ရခိုင်သမိုင်း၊ ရခိုင်ပြည်နယ်ပဋိပက္ခ ဆိုင်ရာ စာတမ်းမှတ်တမ်းအများကြီး ပေါ် ထွက်ခဲ့ပြီးဖြစ်ပါတယ်။ ရခိုင်အရေး ဆွေး နွေးအဖြေရှာနိုင်ဖို့ လုံလောက်တဲ့ သက် သေအထောက်အထားများလို့ ဆိုနိုင်ပါ တယ်။ ပြည်တွင်း ပညာရှင်ရဲ့ စုံစမ်းလေ့ လာ သုသေတနပြုချက်တွေဟာ ဘက် လိုက်မှုရှိနိုင်တယ်လို့ ယူဆတဲ့အတွက် နိုင်ငံခြားသားများပါဝင်တဲ့ ကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပြီး သူတို့ရဲ့ အစီရင်ခံစာ အပေါ်မှာ ပြန်လည်သုံးသပ်ပြီး အကောင် အထည်ဖော်သွားဖွယ် ရှိပါတယ်။

ကိုဖီအာနန်မတိုင်မီကတည်းက နိုင်ငံခြားသားတွေ ရခိုင်မှာ ခြေချင်းလိမ် နေတာပါ။ ကုလသမဂ္ဂ အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေရော၊ အိုင်အင် ဂျီအိုအမည်ခံတွေရော နိုင်ငံခြားသားတွေ ပေါမှပေါ။ သူတို့ပြောသမျှ ကျူးကျော် ခိုးဝင် ဘင်္ဂါလီ မွတ်ဆလင်တွေဘက်က ရပ်တည် အရေးဆိုခဲ့ကြတာချည်းပါပဲ။ နိုင်ငံခြားသား အများစုဟာ ဘင်္ဂါလီတွေ အတွက် ဘက်လိုက်ခဲ့ကြတာချည်းပါပဲ။ ဒါ့ကြောင့် နိုင်ငံခြားသား သုံးယောက်ပါ ဝင်တဲ့ အာနန်ကော်မရှင်အပေါ်မှာ ရာ နှုန်းပြည့် အယုံအကြည်မရှိဘဲ ကန့်ကွက် နေကြခြင်းဖြစ်ပါတယ်။
၉-၉-၂ဝ၁၆ ထုတ် အောင်ဇေယျ တုဂျာနယ် အမှတ် ၁၃၉ မှာ 'ကိုဖီအာ နန်ကို ဇာတိမာန်သီချင်းနဲ့ ဧည့်ခံကြပါစို့' ဆိုတဲ့ ဆောင်းပါးကို ကျွန်တော် ရေးသား တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာ နိုင်ငံခြားသားတွေ ဘယ်လို ဘက်လိုက် ယုတ်မာခဲ့တယ်ဆိုတာ 'ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မ ရှင် အစီရင်ခံစာ' (၂ဝ၁၃) ကို ကိုးကား တင်ပြခဲ့ပါတယ်။

ဒီအစီရင်ခံစာမှာ ရခိုင်သမိုင်း နောက်ခံနဲ့တကွ ဘင်္ဂါလီမွတ်ဆလင်တို့ ရဲ့ ကျူးကျော်စော်ကားမှုများကို မြ>ွခင်း မချန်ဖော်ပြထားပါတယ်။ ကျွန်တော်တို့ အကြိမ်ကြိမ် ဖော်ထုတ်ပြောဆိုနေတဲ့ ၁၉၄၂ ဘင်္ဂါလီတို့ရဲ့ ဂျီဟတ်စစ်ပွဲကြီး ကြောင့် 'ရခိုင်လူမျိုး ၂ဝဝဝဝ (နှစ် သောင်း)ကျော် သေဆုံးခဲ့ပြီး ရခိုင် ကျေး ရွာပေါင်း မြောက်မြားစွာ ဖျက်ဆီးခံခဲ့ရ ကာ ယနေ့အချိန်ထိ ပြန်လည် နာလန်မ ထူနိုင်တော့ဘဲ ဘင်္ဂါလီများ ကြီးစိုးရာ ဒေသဖြစ်သွားရသည်ဟု ရခိုင်လူမျိုးများ က နာကြည်းစွာ ပြောဆိုနေကြဆဲ ဖြစ် ပါသည်။ ထိုအချိန်မှစ၍ နှစ်ဖက် လူ့ အဖွဲ့အစည်းအကြား ပြန်လည်၍ အ ဖတ်ဆည်မရအောင် ယုံကြည်မှုပျက် ပြားသွားသည်မှာ ယနေ့ကာလ မျိုး ဆက်အထိဖြစ်တယ်လို့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ဘင်္ဂါလီမွတ်ဆလင်တွေ အပေါ် ယုံကြည်မှု ပျက်ပြားသွားခဲ့တာ ခုမှမဟုတ်ဘဲ ၁၉၄၂ ခုနှစ်က စတင်ခဲ့ ကြောင်းမှတ်ယူအပ်ပါတယ်။ ၂ဝ၁၂ က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများကတော့ အနာ ဟောင်း ပြန်ပေါ်လာတာဖြစ်ပြီး ယမ်းပုံ ပေါ် မီးကျခဲ့ခြင်းလို့ ဆိုနိုင်ပါတယ်။ ဘင်္ဂါလီတွေရဲ့ အဖျက်လုပ်ရပ်တွေကို အောက်ပါအတိုင်း အကျဉ်းအားဖြင့် မှတ် တမ်းတင်ထားခဲ့ပါတယ်။

'၈-၆-၂ဝ၁၂ သောကြာနေ့တွင် အစ္စလာမ်ဘင်္ဂါလီအများစုရှိနေသော မောင်တောမြို့ မြို့မအနောက်ရပ်ကွက် ရှိ ဂျာမေဗလီ (ခေါ်) ကျောက်ဗလီနှင့် မြို့မ၊ ကညင်တန်းအုပ်စုရှိ သုသာန်ဗလီ တို့မှ သောကြာနေ့ ဝတ်ပြုဆုတောင်းအ ပြီး ပြန်ထွက်လာသော ဘင်္ဂါလီလူအုပ် ကြီးသည် ကြိုတင်စီစဉ်ထားသည့်အ တိုင်း လမ်းမပေါ်သို့ ထွက်လာကာ ဘင်္ဂါ လီဘာသာစကားဖြင့် 'မွတ်ဆလင်များ ရှင်သန်ပါစေ၊ ရခိုင်များသေပါစေ'ဟု ကြွေးကြော်အော်ဟစ်ကြကာ မြို့မ ရပ်ကွက်ရှိ တိုင်းရင်းသားများ၏ နေအိမ် များကိုဖျက်ဆီးမီးရှို့ခြင်း၊ တိုင်းရင်းသားများအား လိုက်လံတိုက်ခိုက်သတ် ဖြတ်ခြင်း၊ ပစ္စည်းဥစ္စာ လုယူခြင်းများကို လူအုပ်ဖြင့် အကြမ်းဖက်လုပ်ဆောင် ခဲ့ကြသည်ဟု ဒေသခံ ရခိုင်လူမျိုးများနှင့် အခြား ဘာသာရေးခေါင်းဆောင်များက ပြောဆိုကြပါသည်။'

'၈-၆-၂ဝ၁၂ နေ့မှာပင် မောင် တောတစ်ဝိုက်နှင့် တောင်ပိုင်းဒေသများ သို့ ကူးစက်ကာ တိုင်းရင်းသား ကျေး ရွာများကို ထောင်ဂဏန်းပမာဏရှိသော ဘင်္ဂါလီအင်အားဖြင့် ပတ်ဝိုင်းကာ ဘင်္ဂါ လီ ဘာသာစကားဖြင့် 'ရခိုင်တွေ ဒီမြေ မှာ မနေနိုင်အောင် အားလုံး သတ် ပစ်ကြ'ဟုြေ<ွကးကြော် အော်ဟစ်ပြီး တစ်ပြိုင်နက်တည်းမှာပင် အကြမ်းဖက် တိုက်ခိုက် မီးရှို့သတ်ဖြတ်မှုများ စတင် ပြုလုပ်ခဲ့ကြသည်ဟု ဒေသခံများက ဆို ပါသည်။'
'အကြမ်းဖက်မှု ဖြစ်စဉ်များကို ကြည့်ပါက ၂ဝ၁၂ ဇွန်လ ၈ ရက်နေ့ တစ်ရက်တည်း၊ တစ်ချိန်တည်းတွင် နေ ရာအနှံ့ဖြစ်ပွားခဲ့သည်ကို တွေ့ရပါသည်။ ထို့ကြောင့် ထို ဖြစ်စဉ်များအားလုံး၏ နောက်ကွယ်တွင် ကြိုးကိုင်ထိန်းချုပ် သူရှိနေကြောင်း သိသာ ထင်ရှားစေ ပါသည်။ ထိုဖြစ်စဉ်များမှတစ်ဆင့် ရသေ့တောင်၊ ကျောက်တော်၊ ပေါက် တာ၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ရမ်းဗြဲစသည်ဖြင့် ရခိုင်ပြည်နယ်ရှိ ဒေသ အများအပြားတွင် အပြန်အလှန် အကြမ်း ဖက်တိုက်ခိုက် မီးရှို့သတ်ဖြတ်မှုများ နေ ရာအနှံ့ ကူးစက်ပြန့်ပွားခဲ့ရပါသည်။'
'နိုင်ငံတော်အစိုးရမှ တည်ငြိမ်မှု ပြန်လည်ရရှိစေရန် ကြိုးပမ်းဆောင်ရွက် နေချိန်တွင် ဘင်္ဂါလီများအနေဖြင့် ဆူပူမှု မဖြစ် ဖြစ်အောင် တမင်ဖန်တီးနေသည် ဟု ယူဆဖွယ်ရာ ဖြစ်လာပါသည်။'

ရခိုင်လူမျိုးတွေအပေါ် ဆက်လက် ကျူးလွန်တဲ့ ဘင်္ဂါလီတွေရဲ့ လူသတ်မှု တွေကို အစီရင်ခံစာက အကိုးအကားပြ ထားပါတယ်။ အဲဒီနောက် ၂ဝ-၁ဝ-၁၂ မှာ မင်းပြားမြို့ ပိုက်သည်ရပ်ကစပြီး အဓိကရုဏ်းကြီးတွေ ဆက်လက်ဖြစ်ပွား ခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ရခိုင် ပြည်နယ် မြို့ခုနစ်မြို့မှာဖြစ်ပွားခဲ့ခြင်း ဖြစ် ပြီး ဇွန်လတုန်းကမဖြစ်ခဲ့တဲ့ ကျောက် ဖြူနဲ့ မြေပုံမြို့များမှာ ဖြစ်ပွားခဲ့တာပါတဲ့။

'ထိုဖြစ်စဉ်များအားလုံးတွင် လူ ပေါင်း ၈၉ ဦးသေဆုံးခဲ့ပြီး ၁၂၄ ဦး ဒဏ်ရာရရှိကာ နေအိမ်အဆောက်အဦး ပေါင်း ငါးထောင်ကျော် ထပ်မံပျက်စီး ဆုံးရှုံးခဲ့ပါသည်'လို့ အစီရင်ခံစာက ဆို ပါတယ်။
ပဋိပက္ခတွေ အဓိကရုဏ်းတွေ ဘာ့ကြောင့် ဖြစ်ပွားခဲ့ရသလဲဆိုတာ အစီရင်ခံစာက အောက်ပါအတိုင်း သုံး သပ်ထားပါတယ်။
'ရခိုင်လူမျိုးအများစုအနေဖြင့် ရခိုင် ပြည်နယ်အတွင်း ဖြစ်ပွားသော ပဋိပက္ခ များသည် ဘင်္ဂါလီများမှ ရခိုင်ပြည်နယ် နယ်မြေနှင့် စီးပွားရေးတို့ကို ထိန်းချုပ် ရန် ကြိုးစားခြင်းမှ ဖြစ်ပွားလာသည်ဟု ယုံကြည်ကြပါသည်။ မောင်တော၊ စစ် တွေ၊ ကျောက်တော်၊ ရသေ့တောင်၊ ကျောက်ဖြူ၊ ဘူးသီးတောင်မြို့နယ်များ တွင် နေထိုင်သော ရခိုင်လူမျိုး ၁၂ဝဝ ဦးအား ပဋိပက္ခများဖြစ်ပွားရသည့် အဓိ က အကြောင်းရင်းကို မေး မြန်းရာတွင် ၈၄ ဒသမ ၇ ရာခိုင်နှုန်းက ဘင်္ဂါလီများ ၏ ရခိုင်ပြည်အားသိမ်းပိုက်ရန် ကြိုး စားမှုကြောင့်ဟုဖြေဆိုကြပါသည်။'

ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်မှုတွေ ဟာ ကြိုတင်ကြံစည်မှုရှိခဲ့ပြီး ဘင်္ဂလား ဒေ့ရှ်၊ ပါကစ္စတန်ရှိ ဘာသာရေး ပြင်း ထန်သူများထံမှ အကြံÓာဏ်နှင့် ငွေကြေး အထောက်အပံ့များရယူကာ ရခိုင်ပြည် နယ်ကိုမွတ်ဆလင်ပြည်နယ်ဖြစ်အောင် လုပ်ဆောင်နေကြတယ်လို့ ရခိုင်လူမျိုး များက ပြောပြခဲ့ပါတယ်။
'ဖြေဆိုသူများ၏ ၉၆ ရာခိုင်နှုန်း ကလည်း ပဋိပက္ခဖြစ်ပွားလာခြင်းသည် အစိုးရမှ တိုင်းရင်းသားများအား အကာ အကွယ်မပေးနိုင်ခြင်း၊ အကျင့်ပျက် ဝန် ထမ်းများမှ ဘင်္ဂါလီများ၏ လာဘ်ငွေများ ကို ရယူ၍ တရားမဝင် ဝင်ရောက်လာ သူများအား အကာအကွယ်ပေးခြင်း၊  ဒေသအာဏာပိုင်များမှ ဥပဒေနှင့် မညီ သည့် လုပ်ရပ်များကို ပြုလုပ်ခြင်းများ ကြောင့် ပဋိပက္ခများဆိုးဝါးစွာ ပြန့်နှံ့လာ ခြင်းဖြစ်သည်ဟု ဆိုကြပါသည်။'

ရင်လေးဖွယ် အခြေအနေများကို ကော်မရှင်ဟောင်းရဲ့ အစီရင်ခံစာမှာ အ ခုလို ဆက်လက်ဖော်ပြထားပါတယ်။

''စစ်တမ်းကောက်ယူရာတွင် ပါဝင် ဖြေဆိုသူများ၏ ၈၂ ရာခိုင်နှုန်းကလည်း ကျောက်တော်မှစ၍ အရေးပါသော ရေလမ်းကြောင်းနေရာများတွင် ဘင်္ဂါ လီရွာများ ကြီးစိုးနေကြပြီး တစ်ဖက် နိုင်ငံမှဘင်္ဂါလီများ တရားမဝင် အလွယ် တကူ ဝင်ရောက်လာနိုင်သည်ဟု ယုံ ကြည်ကြပါသည်။ ¤င်းအပြင် ဘင်္ဂါလီ များက စစ်တွေမြို့နှင့် အခြား အချက် အချာကျသည့် မြို့များကိုလည်း ထိန်း ချုပ်ရန် ကြံစည်နေသည်ဟု ထင်မြင်ကြ ပါသည်။ ထို့ပြင် အစိုးရအနေဖြင့် နိုင်ငံ တော် လုံခြုံရေးအတွက် အန္တရာယ်ရှိ သည့် ထိုသို့သော အခြေအနေကို မည် သို့မျှ အရေးယူဆောင်ရွက်ခြင်းမရှိသည့် အတွက် ရခိုင်လူမျိုးများသည် မွတ်ဆ လင်များ၏ ကြီးစိုးရန် လုပ်ဆောင်မှုကို တတ်နိုင်သမျှ ရပ်ဆိုင်းအောင် ကြိုးစား သည့်အနေဖြင့် ဘင်္ဂါလီများကို အင်အား ဖြင့် ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုကြသူများလည်း ရှိပါသည်။'

ဘင်္ဂါလီတွေကို မေးမြန်းကြည့်ရာ မှာတော့ ၉၂ ရာခိုင်နှုန်းသော ရခိုင်လူ မျိုးတို့ရဲ့ သဘောထား မပြည့်ဝမှုနဲ့ လူ မျိုးကြီး စိတ်ဓာတ်များကြောင့် ပဋိပက္ခ  ဖြစ်ရတယ်လို့ ဆိုပါတယ်။ ဘင်္ဂါလီတွေ ဟာ မသီတာထွေးကို မုဒိမ်းကျင့် သတ် ဖြတ်ခဲ့တာကို 'မသိဘူး'လို့ ဖြေဆိုကြပြီး တောင်ကုတ်မှာ အစ္စလာမ်ဘာသာဝင် ဆယ်ဦး အသတ်ခံရတာကိုတော့ 'သိ တယ်'လို့ ဖြေဆိုကြပါတယ်။ ဒီဖြစ်စဉ် က ဘင်္ဂါလီတွေရဲ့ အတွင်းသဘောကို ဖော်ပြနေပါတယ်။
ရခိုင်၊ ဘင်္ဂါလီ လူမှုအဖွဲ့အစည်း နှစ်ခုအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရန် မဖြစ်နိုင်ကြောင်းကိုလည်း အစီရင်ခံစာအရ သိရပါတယ်။

'ရခိုင်လူမျိုးများ၏ ဘင်္ဂါလီများ အပေါ် မုန်းသော အမုန်းသည် မွေးရာ ပါ အမုန်း၊ အတူနေထိုင်နေသမျှ လွယ် လွယ်နှင့်ပျောက်ကွယ်မသွားနိုင်တော့ သည့် အမုန်းအဖြစ် တွေ့ရှိရပါတယ်။ ဤအမုန်းသည် ရခိုင်လူမျိုးများအတွက်  သမိုင်းကြောင်းအရရော၊ ပထဝီအနေ အထားအရပါ ဆက်ခံရရှိသော အမွေ ဆိုး တစ်ခုပင်ဖြစ်ပါသည်။ ယင်းအခြအ နေနှင့် ပတ်သက်ပြီး ရခိုင်လူမျိုး ၁၂ဝဝ အား စစ်တမ်းကောက်ယူကြည့်ရာတွင် ထို ၁၂ဝဝ ဦးလုံးက ¤င်းတို့သည် ငယ် ရွယ်စဉ်မှစ၍ အသက်ကြီးသည်အထိ ¤င်းတို့၏ ဘိုးဘွားမိဘ ဆရာသမားများ ထံမှ မွတ်ဆလင်များသည် ¤င်းတို့ ရခိုင် လူမျိုးများအပေါ် သဘောထားဆိုးရွားစွာ ထားရှိပြီး မဟုတ်မမှန် ပြောဆိုခြင်းများ ရှိသည်ဟူသော ပြောစကားများကို အမြဲ တမ်းကြားခဲ့ရသည်ဟု ဆိုပါသည်။ ¤င်း ပြင် ရခိုင်လူမျိုးများကြားထဲတွင် မွတ်ဆ လင်များသည်ဧည့်သည်ကောင်းများ မဟုတ်ကြဘဲ အိမ်ရှင်ဖြစ်သော ရခိုင် လူမျိုးများအား ဖယ်ထုတ်၍ ရခိုင်ပြည် နယ်ကို ထိန်းချုပ်ရန် ကြိုးစားနေသည် ဟုလည်း ¤င်းတို့ကယုံကြည်ကြပါသည်။'
'အင်တာဗျူးပြုလုပ်ခဲ့သော ရခိုင် လူမျိုး ၁၂ဝဝ တွင် ၇၅ ရာခိုင်နှုန်းက ¤င်းတို့တွင် မွတ်ဆလင်အသိများရှိ ကြောင်း၊ သို့ရာတွင် ထိုသူငယ်များ အ ပေါ် ယုံကြည်စိတ်ချမှု မရှိကြောင်း' ပြော ဆိုခဲ့တယ်လို့ ဆိုပါတယ်။ အများစုက 'အစ္စလာမ်ဘာသာဝင်များက ယုံကြည် ၍ မရသော လူမျိုးများလို့ ဖြေဆိုခဲ့ပါ တယ်။

ရခိုင်သာမက အခြားတိုင်းရင်းသား များကလည်း ဘင်္ဂါလီတွေအပေါ် ယုံ ကြည်မှု နည်းပါးလာတယ်လို့ဆိုပါတယ်။ ဘင်္ဂါလီတွေရဲ့ လူမှုရေးဆိုင်ရာ အမူအ ကျင့်ကို လုံးဝ မနှစ်သက်ကြပါဘူးတဲ့။ မောင်တောမြို့နယ် သရေကုန်းဘောင် ကျေးရွာမှာ ရခိုင်ကျောင်းဆရာ ဦးအောင် ချမ်းသာကို ¤င်းရဲ့အရင်းနှီးဆုံး တပည့် ဘင်္ဂါလီလူမျိုး သုံးဦးက သတ်ဖြတ်လိုက် တဲ့အတွက် ရခိုင်နှင့်ဘင်္ဂါလီကြားက လူ မှုဆက်ဆံရေးဟာ ဆုံးရှုံးပျက်စီးခဲ့တယ် လို့ သိရပါတယ်။
'မောင်တောတွင် ဗုဒ္ဓဘာသာဆိုင် ရာ သာသနိက အဆောက်အအုံများ၊ ရုပ်ပွားဆင်းတုတော်များကို ဖျက်ဆီးခံရ မှုများသည်လည်း ဗုဒ္ဓဘာသာဝင်များ အား ပိုမိုဒေါသဖြစ်စေခဲ့ပြီး မြန်မာနိုင်ငံ အတွင်းရှိ အခြားတိုင်းရင်းသား လူမျိုးများ ကပါ ဘင်္ဂါလီလူမျိုးများအပေါ် အမျက် ဒေါသဖြစ်လာကြပါတယ်။ ထို့ကြောင့် ရခိုင် ပြည်နယ်တွင်သာမက မြန်မာနိုင်ငံ၏ အ ခြားဒေသများတွင်ပါ ဘင်္ဂါလီလူမျိုးများ အပေါ် မုန်းတီးမှုများ ဖြစ်လာခဲ့ပါသည်။' လို့ ကော်မရှင်ဟောင်းရဲ့ အစီရင်ခံစာက ဆိုပါတယ်။

'လက်ရှိအခြေအနေတွင် ရခိုင် လူမျိုးများ၏ ဘင်္ဂါလီလူမျိုးများအပေါ် ပြင်းထန်သော အမုန်းတရားများကြောင့် လူ့အဖွဲ့အစည်းနှစ်ရပ်၏ အပြန်အလှန် ဆက်ဆံရေး ရပ်တန့်သွားမည့် အနေ အထားသို့ ဦးတည်နေပါသည်။ ရခိုင် လူမျိုးများအနေဖြင့် ဘင်္ဂါလီများနှင့် ဆက် ဆံပါက ပြင်းထန်သည့် ရှုတ်ချမှုများနှင့် လူမှုရေးဆိုင်ရာအပြစ်ပေးမှုများကို ပြု လုပ်လျက်ရှိပါသည်။ ထို့ပြင် ဘင်္ဂါလီလူ မျိုးများအား ဆက်ဆံခဲ့သည့်အတွက် 'သစ္စာဖောက်'ဟု စွပ်စွဲကာ ပြင်းထန် သည့် လူမှုရေးဆိုင်ရာ ချိုးနှိမ်မှုများကိုပါ ပြုလုပ်ခဲ့ပါသည်။'
ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မ ရှင်သစ်လည်း ဒီအခြေအနေတွေကို မလွဲမရှောင်သာ တွေ့ရမှာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းနှစ်ခု(ရခိုင် ဘင်္ဂါလီကြား) ချစ်ကြည်ငြိမ်းချမ်းမှု ထူထောင်ရေးဆို တာ လုံးဝမဖြစ်နိုင်ကြောင်း တွေ့ရပါ လိမ့်မယ်။

'ရခိုင်ပြည်နယ်အတွင်းတွင် ရခိုင် နှင့် ဘင်္ဂါလီလူမျိုးများ ပဋိပက္ခဖြစ်ပွား ကာ အပြန်အလှန် တိုက်ခိုက်မှုများ ကြောင့် ရုပ်ပိုင်းဆိုင်ရာသာမက စိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်စေခဲ့ပါ တယ်။ ရခိုင်လူမျိုးများ အနေဖြင့် ဘင်္ဂါ လီအရေးကိစ္စတွင် မြန်မာနိုင်ငံသားများ ဘက်မှ ထောက်ခံအားပေးမှုများစွာရရှိ ခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း တိုင်း ရင်းသား အများစုမှာ ရခိုင်လူမျိုးများ သည် တရားမဝင် ဝင်ရောက်နယ်ချဲ့ နေထိုင်သူများ၏ အန္တရာယ်အား ကာကွယ်ပေးသူ၊ ဘာသာရေးအရ နယ်ချဲ့လာသူများအား ကာကွယ်ပေး သူများ အဖြစ် အသိအမှတ်ပြုနေကြ ပါသည်။ ကမ္ဘာအရပ်ရပ်တွင် နေထိုင်ကြ သော ရခိုင်တိုင်းရင်းသားများကလည်း များစွာ ထောက်ခံအားပေးခဲ့ပါသည်။'
'သို့သော်လည်း ဘင်္ဂါလီလူမျိုး များနှင့် ကမ္ဘာအရပ်ရပ်မှာ အစ္စလာမ် ဘာသာဝင်များကမူ ရခိုင်လူမျိုးတို့အား ရက်စက်ကြမ်းကြုတ်သူများအဖြစ် စွပ် စွဲနေကြပါသည်။ အထူးသဖြင့် အစ္စ လာမ်မစ်ကမ္ဘာတွင် ရခိုင်လူမျိုးများ သည် ဘင်္ဂါလီလူမျိုးများအား လူမျိုး တုံး သတ်ဖြတ်သူများအဖြစ်စွပ်စွဲပြော ဆိုနေကြပါသည်'
တကယ့်ဖြစ်ရပ်မှန်က ရခိုင်လူမျိုး များသာ အကြမ်းဖက်ခံရ လူဦးရေ သောင်းချီပြီး အသတ်ခံရကြောင်း အစီ ရင်ခံစာထဲမှာပင် တွေ့မြင်လေ့လာနိုင် ပါတယ်။

'မြန်မာပြည်တွင်း၌မူ ဘင်္ဂါလီလူ မျိုးများသည် မြန်မာတိုင်းရင်းသားများ အား အစ္စလာမ်ဘာသာဝင်များ ဖြစ် လာစေရန်အတွက်ကြိုးပမ်းနေသည့် ဘာသာရေးအစွန်းရောက်သူများ အဖြစ် သတ်မှတ်ထားကြပါသည်။ ထို့ ပြင် သနားညှာတာမှုကင်းသော၊ တစ် ကိုယ်ကောင်းဆန်သော၊ လူမှုဆက်ဆံ ရေး မကောင်းသော လူမျိုးများအဖြစ် သတ်မှတ်ကြသည့်အတွက် ဘင်္ဂါလီလူ မျိုးများနှင့် အခြား တိုင်းရင်းသားတို့၏ ဆက်ဆံရေးမှာ အဖြစ်သဘောသာ ဖြစ် ပါသည်။'

ဒါ့ကြောင့် ရခိုင်အရေးအခင်းကြီး နောက်ပိုင်းမှာ 'နိုင်ငံတဝှမ်း၌ အစ္စလာမ် ဘာသာဝင်များအပေါ် အမြင်မကြည် လင်မှုများ တိုးပွားလာပါတော့သည်။ ထို အချက်သည် အနာဂတ်မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေး ဖြစ်စဉ်တွင် ကြီးစွာသောအနှောင့် အယှက်ဖြစ်လာနိုင်ပါသည်'လို့ အစီရင် ခံစာမှာ သုံးသပ်ထားပါတယ်။

'၁၉၈၄ ခုနှစ် ဧပြီလအတွင်းတွင် တောင်ကုတ်မြို့နယ်၌ မြန်မာ-ရခိုင် ဗုဒ္ဓ ဘာသာဝင်အမျိုးသမီးတစ်ဦးနှင့် အိမ် ထောင်ပြုနိုင်လျှင် ဆုငွေမည်၍မည် မျှပေးမည်ဟူသော လှုံ့ဆော်လက်ကမ်း စာရွက်များ ကားဂိတ်နှင့် မော်တော်ဆိပ် များတွင် ပျံ့နှံ့သွားသဖြင့် ရခိုင်လူမျိုးများ စုစည်းလာကြပါသည်'ဆိုတဲ့ အစီရင်ခံ စာ ဖော်ပြချက်ဟာ ဘင်္ဂါလီမွတ်ဆလင် တွေရဲ့ ထိုးနှက်ချက်ကို သိသာမြင်သာ စေခဲ့ပါတယ်။

၂ဝ၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက် က သမ္မတဦးသိန်းစိန်လက်ထက်မှာ ဖွဲ့ စည်းခဲ့တဲ့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေး ရေး ကော်မရှင်ရဲ့ တာဝန်ပြီးဆုံးခဲ့ပြီဖြစ် ပေမယ့် ကော်မရှင်ရဲ့ အစီရင်ခံစာက တော့ သမိုင်းမှတ်တမ်းအဖြစ် ထာဝရ အသက်ဝင်နေမှာ ဖြစ်ပါတယ်။ ၂ဝ၁၆ ခု သြဂုတ်လထဲမှာပဲ ဖွဲ့စည်းလိုက်တဲ့ ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ 'ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော် မရှင်'ဟာ ကော်မရှင်ဟောင်းရဲ့ အစီရင် ခံစာကို စေ့စေ့စပ်စပ် လေ့လာသုံးသပ်ဖို့ လိုပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်စေ ကော်မရှင်သစ် မှာ နိုင်ငံခြားသား သုံးဦးပါနေတဲ့အတွက် ရခိုင်နိုင်ငံရေး ခေါင်းဆောင်များနဲ့ ရဟန်း ရှင်လူ ပြည်သူလူထုအပေါင်းက လုံးဝ လက်မခံဘူးဆိုတာ သိထားသင့်ပါတယ်။ ပြည်သူ့ဆန္ဒကို တန်ဖိုးထား လေးစား သောအားဖြင့် ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်သစ်ကို အမြန်ဆုံး ဖျက်သိမ်း သင့်ပါကြောင်း ရေးသားတင်ပြ လိုက်ရ ပါတယ်။

မောင်သွေးချွန်
၈-၉-၂ဝ၁၆
(စက်တင်ဘာ ၁၆ ရက်နေ့ထုတ် အောင်ဇေယျတုဂျာနယ် အမှတ် ၁၄၀ မှ ကူးယူဖော်ပြပါသည်)

No comments:

Post a Comment