အိပ်မက် ဖန်ဆင်းရှင်
**********
ဘယ်တော့မှ မမက်ခဲ့ဖူးတဲ့
ကိုယ်ဘဝအတွက်
ပျော်ရွှင်ဖွယ် အိပ်မက်ကို
ခဏတာမက်ခွင့်ရရန်
အိပ်မက်တန်းခိုးရှင်တစ်ပါး ပေါ်လာခဲ့တယ်.....
ဖန်ဆင်းရှင်ဝါဒကို
လက်မခံခဲ့ပေမဲ့
အိပ်မက်တွေကို ဖန်ဆင်းပေးမည့်
ဖန်ဆင်းရှင် မဘုရားကိုတော့
ကိုယ်ဘဝအတွက်
ပျော်ရွှင်ဖွယ် အိပ်မက်တွေကို
ထာဝရ မက်ခွင့်ရဖို့ရန်
အကြွင်းမဲ့ အသိအမှတ်ပြုလိုက်မိတယ်------
သူဟာ
ကိုယ်ဘဝအတွက်
အိပ်မက်ရဲ့တန်ခိုးရှင်မဖြစ်ချင်ရင်တောင်
ကိုယ်ကတော့
ကိုယ်ဘဝအတွက်
ပျော်ရွှင်ဖွယ် အိပ်မက်တွေကို
ထာဝရ မက်ခွင့်ပေးတတ်တဲ့
တန်ခိုးရှင်အဖြစ်
ထာဝရအသိအမှတ်ပြု လက်ခံနေမှာပါ
သူဟာ
တစ်ဦးတည်သော
ကိုယ်ရဲ့အိပ်မက်တန်ခိုးရှင်ပါပဲ-----
အလင်းအိမ်
No comments:
Post a Comment