Thursday, September 8, 2016

မိသားစု တွေ့ဆုံပွဲ

မိသားစု တွေ့ဆုံပွဲ
*******

ဘဝစာမျက်က မညီညာပေမဲ့
စနစ်တကျ စာမျက်နှာတွေ
မလွဲအောင်တော့ စီထားစေချင်တယ်----

မိဘမေတ္တာကြောင့်
ယနေ့အချိန်ထိ ငါတို့ရှင်သန်ခွင့် ရခဲ့တယ်---

မိဘတွေအသက်ကြီးလာပြီ
မိဘတွေရဲ့ အတွေးထဲမှာ
အတိတ်ကို ပြန်လည်းမျှော်လင့်နေမိကြတယ်----

ငါတို့ငယ်ငယ်က ဖြစ်ချင်ခဲ့တဲ့
ဆန္ဒတွေ အားလုံးနီးပါကို
မိဘက ဖြည့်ဆည်းပေးခဲ့တယ်------

အခုငါ့တို့အလှည့်ရောက်လားပြီ
သားသ္မီးဝတ်တရား ကျေပွန်စွာ
ငါ့တို့ တာဝန်ကို ထမ်းဆောင်ပေးခဲ့ပါတယ်-------

မပြည့်စုံသေးပါဘူး
အဖေနှင့်အမေလိုချင်နေတာက
ငယ်ငယ်တုန်ကလို
မိသားစု စုံစုံလင်လင် ပုံရိပ်လေးပါ------

ဘယ်ဖြစ်နိုင်တော့မှာလဲ
အကိုကြီးတွေ အမကြီးတွေက
သူအိမ်ထောင်နှင့်သူ
တခြားနေရာမှာ ရောက်နေကြတာပေါ့-----

မိဘရဲ့ဆန္ဒ ချွတ်စွပ်မတူနိုင်ပေမဲ့
အနီးစပ်ဆုံးဖြစ်နိုင်တာလေးတွေကို
ငါတို့ ပြုလုပ်ပေးသင့်တယ်-------

အမေ့မွေးနေ့
အဖေ့မွေးနေ့ရောက်တိုင်း
မိဘဆန္ဒအတွက်
ကိုယ်ကဦးဆောင်ပြီ
မိသားစု တွေ့ဆုံပွဲလေးလုပ်ပေးရမယ်--------

ချို့တဲ့တဲ့ အကိုအမတွေအတွက်
မိဘမွေးနေ့လာဖြစ်အောင်
စရိတ်ထောင်ပံ့ကာ
မိသားစု တွေ့ဆုံပွဲလေးမှာ
အာလုံးစုံစုံညီညီနဲ့
မိဘကို အတူကန်းတော့ကြမှာပေါ့------

မိဘများရဲ့ဆန္ဒမှာတော့
သားသမီးတွေရဲ့
ကန်တော့ခံရခြင်းဂုဏ်ကို
မျှော်လင့်နေတာ မဟုတ်ပါဘူး-----

မိသားစု စုံလင်ကာ
သားသမီးတွေရဲ့
သိတတ်မြတ်နိုးတတ်တာလေးတွေကို
မျှော်လင့်နေတာပါ----
နည်းပိုတက်နိုင်ရင်
မြေတွေမြစ်တွေပါ ပါစေချင်တာပေါ့----

ဒီထက်နည်းနည်း ပိုပြည့်စုံရင်တော့
မိဘကို အမှူးပြုပြီ
မိဘကန်တော့ခြင်းနဲ့အတူ
ဆွမ်းကပ်သင်္ကန်းလှူတာလေးလုပ်ပေးပေါ့----

တိုးချဲ့ကာ လုပ်ချင်ရင်တော့
မိဘမွေးနေ့တခါ သီတင်ကျွတ်တစ်ခါပေါ့-------

အစမ်းပြုလုပ်ကြည့်လိုက်ပါ
မိဘရဲ့ပီတိမျက်နှာလေးကိုမြင်ပြီ
သင်ထာဝရ ဂုဏ်ယူနေခွင့်ရမယ်-------

ငါတို့ရဲ့စံပြလုပ်ရပ်က
ငါတို့မိဘနေရာရောက်ခဲ့သော်
ငါတို့သားသ္မီးတွေက
နည်းယူပြီးပြုလုပ်ခဲ့မယ်ဆိုရင်
ငါတို့ရဲ့ပျော်ရွှင်မှုပီတိတွေဟာ
ငါတို့အားလုံးရဲ့ မိဘမျက်နှာမှာ
ထင်ဟက်ခဲ့တဲ့ ပီတိကို
ကိုယ်တိုင်ခံစားနိုင်ခွင့်လိမ့်မယ်-------

တိုက်အိမ်မဟုတ်ပေမဲ့
မေတ္တာတွေ ထုံးဖွဲ့နိုင်တဲ့အိမ်ဟာ
ထာဝရပျော်ရွှင်မှုတွေရှိလာမည်အိမ်ပါ-----

ကိုယ်က သားသ္မီးကောင်းဖြစ်သော်
နောက်တစ်ချိန်မှာ
သားကောင်းသမီးကောင်းတွေ
ပိုင်ဆိုင်ထားတဲ့ မိဘကောင်းဖြစ်လာမှာပါ-----

မိသားစုတွေ့ဆုံပွဲလေးကို
မိဘရှိစဉ် အချိန်မီလေး လုပ်လိုက်ကြစို့----

             ( မအတွက် မောင်)

No comments:

Post a Comment