Wednesday, March 7, 2018

ရိပ်​သာ (၁)

(၁)
ကန်​​တော့ပန်းဆင်​ စာပလ္လင်
==================
ဒီအရှင်​​ရေးသားလိုက်​တဲ့ သတိပဋ္ဌာန်​စာစုများဟာ ​လောကလူသားတို့အတွက်​ ဘယ်​အတိုင်းအတာအထိ အကျိုးရှိမယ်​မသိ။ ဒီအရှင်​က​တော့ဖြင့်​ ဒီစာစုများကို ကိုယ်​သိသ​လောက်​ အများလည်း သိခွင့်​ရ​ဖို့ အများနားလည်​နိုင်​​အောင်​ ​ရေးသားလိုက်​နိုင်​လို့ အရှင့်​ဘာသာ အလွန်​အားရ ​ကျေနပ်​​နေမိတာ အမှန်​ပါ။

အထူးသဖြင့်​ ဒီစာစုများနဲ့ ပတ်​သက်​ပြီး ​မဖြစ်​မ​နေ ကျေးဇူးစကားဆိုရန်​ ရှိ​နေပါ​သေးတယ်​။ မှီရာပုဂ္ဂိုလ်​​မြတ်​တို့ရဲ့ ​ကျေးဇူးတရားများအ​ကြောင်းပါ။

သတိပဋ္ဌာန်​ဆိုတာ ဘာမှန်းမသိ​ပေမဲ့ ဉာဏ်​​ကောင်း​စေတယ်​၊ အမှန်​တရားကို မြတ်​နိုး​စေတတ်​တယ်​ စတဲ့ အ​ကြောင်းပြချက်​​တွေနဲ့ သတိပဋ္ဌာန်​တရား အားထုတ်​ဖို့ အတင်း​ရော၊ အဓမ္မ​ရော ​စေခိုင်း​တော်​မူခဲ့ကြတဲ့ ဆရာသမားများကို တစိမ့်​စိမ့်​​တွေးပြီး ​ကျေးဇူးတင်​​နေမိပါတယ်​။ ဆရာ​တွေကသာ ဒီသို့ဒီပုံ မ​စေခိုင်းမိခဲ့ကြပါက ဒီအရှင်​ဟာ ဒီအချိန်​ဆိုရင်​ ဘာ​တွေဖြစ်​​နေမယ်​၊ ဘယ်​ဘ၀​ ရောက်​​နေမယ်​မှန်း​တောင်​ မခန့်​မှန်းနိုင်​ပါ။

ညီအစ်​ကို ​လေး​ယောက်​ရှိတာ အသက်​ ၃၆ နှစ်​ကတည်းက အသက်​ရှင်​ကျန်​သူဆိုလို့ ဒီအရှင်​တစ်​ပါးထဲ၊ ​လေးတန်းအတူ​အောင်​ခဲ့ကြတဲ့ ​ယောက်ျား​လေး ၁၄ ​ယောက်​ထဲမှာ ဒီအရှင်​အပါအ၀င်​မှ လက်​ငါး​ချောင်း​တောင်​ မပြည့်​တော့တာ​တွေကို သတိထားမိတိုင်း သတိပဋ္ဌာန်​တရားကို ​ကျေးဇူးတင်​​နေမိပါတယ်​။

ဟုတ်​ပါတယ်​ ဒီအရှင်​ရဲ့ လက်​ရှိပိုင်​ဆိုင်​မှု အားလုံးထဲမှ တစ်​၀က်​​ကျော်​​ကျော်​​လောက်​ဟာ သတိပဋ္ဌာန်​တရား​တော်​ရဲ့ ​ကျေးဇူး​ကြောင့်​လို့ ဆိုနိုင်​ပါတယ်​။ ဗီဇညံ့၊ ပတ်​၀န်းကျင်​ဖျင်း၊ ​ရှေးကုသိုလ်​နည်းခဲ့တဲ့ အရှင့်​အဖို့မှာ လက်​ရှိပိုင်​ဆိုင်​ထားမှုများဟာ အိပ်​မက်​ဆန်​လွန်း​လှပါတယ်​။ ရသင့်​ရှိသင့်​တာထက်​ ဆယ်​ဆမက သာလွန်​ပြီး ပိုင်​ဆိုင်​ထားတယ်​ ဆိုပါစို့ရဲ့။

ဒီအရှင်​ဟာ ပုံမှန်​အားဖြင့်​ တကယ်​တမ်းမှာ ရှိ​နေဖြစ်​​နေသင့်​တာက င​မျောက်​င​ချောက်​အဆင့်​ အနုညာတ​ကျောမွဲပါ။ ဒါမှမဟုတ်​ ဘ၀ယုတ်​တစ်​ခုခုမှာ ရင်​ဆိုင်​ဖြတ်​သန်း​နေရအံ့ထင်​ရဲ့။ အခုမှာ​တော့ အဲ့ဒီထက်​ နည်းနည်း​လေး သာခွင့်​ရခဲ့တယ်​​။ ဒါကိုက အရှင့်​အတွက်​ တန်​ဖိုးမဖြတ်​နိုင်​တဲ့ သတိပဋ္ဌာန်​တရား​တော်​ရဲ့ ​ကျေးဇူး​တွေလို့ ဆိုချင်​ပါတယ်​။

သို့ကလို အ​ကြောင်းချင်းရာ​တွေ​ကြောင့်​ အရှင်​ဟာ ဒီစာစုများနဲ့ သတိပဋ္ဌာန်​တရား​တော်​ကို ကန်​​တော့ပန်းဆင်​လိုက်​ရတာကို အားရ​ကျေနပ်​မိရခြင်းပါ။ ဒါ့အပြင်​ အရှင့်​ကို ပရိယတ္တိစာ​ပေများနဲ့ သတိပဋ္ဌာန်​တရားကို ပတ်​သက်​​စေခဲ့တဲ့ ဆရာသမားများကိုလည်း ဒီစာစုများဖြင့်​ ကန်​​တော့ပန်းဆင်​ပါတယ်​ဘုရား။ ဒါ့အပြင်​ စာပလ္လင်​မှာ ကမ္ဗည်းတင်​ခွင့်​ပြု​တော်​မူကြပါကုန်​ဘုရား။

၁။ လွန်​​တော်​မူပြီးဖြစ်​တဲ့ အရှင့်​ရဲ့ ငယ်​ဆရာ ပူတာအိုမြို့၊ ပန်းလှိုင်​​ကျောင်းဆရာ​တော်​ ဘဒ္ဒန္တအရိယ၀ံသ၊
၂။ ငယ်​ဆရာအထံက​နေ လက်​လွဲယူပြီး မြို့ပြယဉ်​​ကျေးမှု အပါအ၀င်​ ပရိယတ်​ ပဋိပတ်​များကို ဆည်းပူးခွင့်​​ပေး​တော်​မူခဲ့တဲ့ ​ကော့မှူးမြို့၊ ငြိမ်း​အေးချမ်းသာဆရာ​တော်​ ဘဒ္ဒန္တ​ခေမာနန္ဒ၊
၃။ အရှင့်​ကို တပည့်​ဆိုတာထက်​ သားလိုချစ်​ခဲ့၊ လွန်​​တော်​မူပြီးဖြစ်​တဲ့ သာ​မ​ဏေဥပဇ္ဈာယ်​ဆရာ ရန်​ကင်းမြို့နယ်​၊ မိုဃ်း​ကောင်း​ကျောင်းဆရာ​တော်​ ဘဒ္ဒန္တ​သေဋ္ဌိလနဲ့ စာချဆရာများ၊
၎။ လွန်​​တော်​မူကြပြီးဖြစ်​တဲ့ ခရမ်းမြို့၊ ဒုတိယကိုင်းကုန်းဆရာ​တော်​ ဘဒ္ဒန္တ​တေဇ၊ တတိယကိုင်းကုန်းဆရာ​တော်​ ဘဒ္ဒန္တ​ကေလာသနဲ့ လွန်​ပြီးရှင်​ဆဲ စာချဆရာ​တော်​များ၊
၅။ လွန်​​တော်​မူပြီးဖြစ်​တဲ့ မန္တ​လေးမြို့၊ မစိုးရိမ်​တိုက်​သစ်​ဆရာ​တော်​ ဘဒ္ဒန္တသိရိန္ဒာဘိဝံသနဲ့ ဓမ္မသမိဒ္ဓိ​ကျောင်းနာယကဆရာ​တော်​အပါ စာချဆရာများ၊
၆။ မန္တ​လေး သာသနာ့တက္ကသိုလ်​က ဘာဘွဲ့မှ မရခဲ့​ပေမဲ့ တစ်​စုံတစ်​ရာ သင်​​ပေးခဲ့ကြတဲ့ ဆရာသမားများ၊
၇။ ၁၃ နှစ်​သား သာမ​ဏေဘ၀က မဟာစည်​ ကမ္မဋ္ဌာနာစရိယများ ဖြစ်​​တော်​မူခဲ့ကြတဲ့ ထားဝယ်​ဆရာ​တော်​ ဘဒ္ဒန္တသာသန၊ ​နောင်​အခါ ရဟန်းဘ၀ သြဝါဒဆရာပါဖြစ်​​တော်​မူတဲ့ မြစ်​သားဆရာ​တော်​ ဘဒ္ဒန္တဝါသ၀၊ ​နောင်​အခါ ရဟန်းဥပဇ္ဈာယ်​ဆရာဖြစ်​​တော်​မူပြီး ယခုခါ လွန်​​တော်​မူပြီးဖြစ်​တဲ့ ​ရွှေ​ရေး​ဆောင်​ဆရာ​တော်​ ဘဒ္ဒန္တပညာသာမိ၊
၈။ ၈၈ အ​ရေးအခင်းမှာ ​ပြေးရင်းလွှားရင်း တရားရိပ်​မှာ ခိုလှုံခွင့်​​ပေး​တော်​မူခဲ့တဲ့ လှိုင်​မဟာစည်​ဆရာ​တော်​ ဘဒ္ဒန္တစန္ဒာဝရနဲ့ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တပညာသာမိ၊
၉။ ၁၃၇၈ ခုနှစ်​၊ ဝါတွင်းကာလတွင်​ အရှင်​ရဲ့ မဟာစည်​ ကမ္မဋ္ဌာနာစရိယဖြစ်​​တော်​မူခဲ့တဲ့ ငါးသိုင်း​ချောင်းဆရာ​တော်​ ဘဒ္ဒန္တဣန္ဒာသက္ကနဲ့ ဆရာသမားများ၊
၁၀။ တစ်​ပါဒ တစ်​ဂါထာမှစပြီး အရှင့်​ရဲ့ တတ်​သိလိမ္မာ​ရေးအတွက်​ နည်း​ပေးလမ်းပြ ဆိုဆုံးမ​တော်​မူခဲ့ကြတဲ့ ဆရာသမားများ၊

အရှင့်‌ဘ၀မှာ ‌ကျေးဇူးရှင်‌ ဆရာသမားများအပြင်‌ မှတ်‌တမ်းတင်‌ထိုက်‌တဲ့ ​ ကျေးဇူးရှင်​များကိုလည်း  ‌ စာပလ္လင်‌မှာ ကမ္ဗည်းတင်‌လိုပါ‌သေးတယ်‌။

၁။ ပူတာအိုမြို့၊ ပန်းလှိုင်‌ရပ်‌ကွက်‌မှ မိဘနှစ်‌ပါး (ဦး‌စ၀်‌နွဲ့ထမ္မလစ်‌) + ‌ဒေါ်စွဲ့ဖုန်းမ (သီလရှင်‌ ‌ဒေါ် စန္ဒာ‌ထေရီ အဖြစ်‌ဖြင့်‌ လွန်‌ပါသည်‌။)
၂။ စမ်း‌ချောင်းမြို့နယ်‌၊ ကျွန်း‌တောလမ်းမှ ရှင်‌ဒါယိကာမကြီး ‌(ဒေါ်အမာတင်‌)၊
၃။ ရဟန်းဒကာ/မများဖြစ်‌ကြတဲ့
(က) သြစ‌တေးလျနိုင်‌ငံ၊ ‌ရော့ဟန်‌တန်‌ မြို့​နေ ပါ‌မောက္ခဒေါက်‌တာ ဘညွန့်‌ + ‌ ဒေါ်သန်းသန်းဝေ မိသားစု၊
(ခ) ဗဟန်း မြို့နယ်‌၊ ဓမ္မ‌စေတီလမ်း​နေ (ဦးညွန့်‌တင်‌) + ‌(ဒေါ်အိအိဝင်း) မိသားစု၊
၎။ ကံထပ်​ဒကာ/မများဖြစ်​ကြတဲ့
(က) မိုး​ကောင်းမြို့နယ်​၊ ​ညောင်​ကုန်း​ကျေးရွာ​နေ ​(ဒေါ်စွဲ့​အောင်​ဆ)၊ သမီး စွဲ့ပဉ္စမိသားစု၊
(ခ) မိုး​ကောင်းမြို့၊ ​ဈေးကုန်းရပ်​​နေ ​(ဒေါ်စွဲ့ဆိန္နာလစ်​)၊ သား (ဦး​စ၀်​နွဲ့ထွန်း) + ​(ဒေါ်စွဲ့​အောင်​ဆ) မိသားစု၊
(ဂ) ​မိုး​ကောင်းမြို့နယ်​၊ ​ညောင်​ကုန်း​ကျေးရွာမှ အရှင့်​ရဲ့ ​ဆွေမျိုး ညီအစ်​ကို ​မောင်​နှမများ၊
(ဃ) မိုး​ကောင်းမြို့၊ ​အောင်​သုခရပ်​​နေ ​ဒေါ်ခင်​လှ မိသားစု၊
(င) အရှင့်​ကို ရှင်​သာမ​ဏေဘ၀မှ ယ​နေ့ကျ​အောင်​ ပစ္စည်း​လေးပါးဖြင့်​ ​ထောက်​ပံ့လှူဒါန်းခဲ့ကြတဲ့ များစွာ​သော ​ကျွေးမိဘများ၊

ဆိုခဲ့တာ​တွေအပြင်​ အမှတ်​မထင်​ ပြုမူမိခဲ့ကြတဲ့ အခြားအခြား​သော ​ကျေးဇူးရှင်​တို့အားလည်း ​ကျေးဇူးစကားဆိုရင်း ဒီစာပလ္လင်​မှာ မှတ်​တမ်းတင်​ ဂုဏ်​ပြုအပ်​ပါတယ်​။ ဒါ့အပြင်​ အမည်​နာမ​ဖော်​ပြပြီး ​ကျေးဇူးမှတ်​တမ်းပြုချင်​​ပေမဲ့ စာပလ္လင်​အလွန်​ရှည်​သွားမှာစိုးလို့ မှတ်​မှတ်​ထင်​ထင်​ ရှိခဲ့ပါလျက်​ ချန်​ရစ်​ခဲ့ရတဲ့ ​ကျေးဇူးရှင်​တို့အားလည်း နားလည်​ခွင့်​လွတ်​​ပေးကြပါမည့်​အ​ကြောင်း ​တောင်းပန်​စကား ဆိုအပ်​ပါတယ်​။

အချုပ်​အားဖြင့်​ ​ကျေးဇူးတင်​ထိုက်​သူများ အားလုံး အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။

(ငြိမ်းနန္ဒ)
အရှင်​ကုသလာနန္ဒ
ဒေ၀​ကျောင်းတိုက်
ဈေးကုန်းရပ်​ကွက်
မိုး​ကောင်းမြို့
ဖုန်း ၀၉၄၂၆၄၀၀၄၂၄
       ၀၉၇၇၇၀၅၀၈၀၂
(၁၁ /၁၀ /၂၀၁၇)

No comments:

Post a Comment