Wednesday, March 7, 2018

ရိပ်​သာ (၁၈)

(၁၈)
သမုဒယသစ္စာ
========
ယောဂီတို့ ဆင်းရဲဖြစ်​​ကြောင်းဆိုတဲ့ အရိယာတို့ သိအပ်​တဲ့ အမှန်​တရားဆိုတာ ဘယ်​ဟာပါလဲဆိုရင်​.......။

ဆာ​လောင်​မှု တဏှာဟာ ဘ၀သစ်​ကို တစ်​ဖန်​ဖြစ်​​စေတတ်​တယ်​။ နှစ်​သက်​ တပ်​စွဲတဲ့ သ​ဘောလည်းဖြစ်​တယ်​။ ​တွေ့ကြုံရသမျှ အတ္တ​ဘော​တွေနဲ့ အာရုံ​တွေမှာ နှစ်​သက်​လက်​ခံ ​ပျော်​လည်း ​ပျော်​စံတတ်​တယ်​။

အဲ့ဒီ တဏှာက ဘယ်​ဟာပါလဲဆိုရင်​.....။

ကာမဂုဏ်​မှာ ဆာ​လောင်​တပ်​မက်​ နှစ်​သက်​မှုဆိုတဲ့ ကာမတဏှာ၊ ဘ၀ကို ဆာ​လောင်​နှစ်​သက်​မှု ဘ၀တဏှာနဲ့ ဘ၀ကင်းပြတ်​ခြင်းကို ဆာ​လောင်​နှစ်​သက်​မှု ၀ိဘ၀တဏှာတို့ ဖြစ်​ကြပါတယ်​။

ယောဂီတို့ အဲ့ဒီတဏှာသုံးပါး ဖြစ်​ခဲ့လို့ရှိရင်​ ဘယ်​မှာဖြစ်​တတ်​ပါသလဲ။ ကိန်း​အောင်း​ပါမယ်​ဆိုရင်​ ဘယ်​မှာ ကိန်း​အောင်းတတ်​ပါသလဲဆိုရင်​.....။

သခါင်္ရ​လောကမှာ ချစ်​ဖွယ်​ သာယာဖွယ်​ဆိုတဲ့ သ​ဘောရှိတယ်​။ အဲ့ဒီ တဏှာသုံးပါး ဖြစ်​လာမယ်​ဆိုရင်​ ချစ်​ဖွယ်​ သာယာဖွယ်​သ​ဘောမှာ ဖြစ်​​ပေါ်တယ်​။ ကိန်း​အောင်းမယ်​ဆိုရင်​လည်း ဒီချစ်​ဖွယ်​ သာယာဖွယ်​ သ​ဘောမှာပဲ ကိန်း​အောင်းပါတယ်​။

သခါင်္ရ​လောကထဲမှာ ချစ်​ဖွယ်​ သာယာဖွယ်​သ​ဘောဆိုတာ ဘယ်​ဟာပါလဲဆိုရင်​.......။

၁။ သခါင်္ရ​လောကထဲမှာ မျက်​စိဟာ ချစ်​ဖွယ်​ သာယာဖွယ်​သ​ဘောပါ။ တဏှာသုံးပါး ဖြစ်​လာမယ်​ဆိုရင်​ မျက်​စိဆိုတဲ့ ချစ်​ဖွယ်​ သာယာဖွယ်​ သ​ဘောမှာ ဖြစ်​​ပေါ်ပါတယ်​။ ကိန်း​အောင်းမယ်​ဆိုရင်​လည်း မျက်​စိဆိုတဲ့ အဲ့ဒီ ချစ်​ဖွယ်​ သာယာဖွယ်​ သ​ဘောမှာပဲ ကိန်း​အောင်းပါတယ်​။ နား၊ နှာ​ခေါင်း၊ လျှာ၊ ကိုယ်​နဲ့ နှလုံးတို့ကိုလည်း မျက်​စိနည်းတူ ဆိုသွားရပါမယ်​။

၂။ ​သခါင်္ရလောကထဲမှာ အဆင်း​တွေ၊ အသံ​တွေ၊ အနံ့​တွေ၊ အရသာ​တွေ၊ အထိအတွေ့တွေ၊ သ​ဘောတရား​တွေမှာလည်း တဏှာသုံးပါး ဖြစ်​​ပေါ်လာပုံနဲ့ ကိန်း​အောင်းပုံတို့ကား တူပါပြီ။

၃။ သခါင်္ရ​လောကထဲမှာ မြင်​သိမှု စက္ခုဝိညာဏ်​၊ ကြားသိမှု ​သောတ၀ိညာဏ်​၊ နံသိမှု ဃာန၀ိညာဏ်​၊ စားသိမှု ဇိဝှါဝိညာဏ်​၊ ထိသိမှု ကာယ၀ိညာဏ်​၊ ကြံသိမှု မ​နောဝိညာဏ်​ အဆက်​တူပြီ။

၎။ သခါင်္ရ​လောကထဲမှာ မြင်​​တွေ့မှု၊ ကြား​တွေ့မှု၊ နံ​တွေ့မှု၊ စား​တွေ့မှု၊ ထိ​တွေ့မှု၊ ကြံ​တွေ့မှု အဆက်​တူပြီ။

၅။ သခါင်္ရ​လောကထဲမှာ မြင်​​တွေ့မှု​ကြောင့်​ဖြစ်​တဲ့ ခံစားမှု၊ ကြား​တွေ့မှု​ကြောင့်​ဖြစ်​တဲ့ ခံစားမှု၊ နံ​တွေ့မှု​ကြောင့်​ဖြစ်​တဲ့ ခံစားမှု၊ စား​တွေ့မှု​ကြောင့်​ဖြစ်​တဲ့ ခံစားမှု၊ ထိ​တွေ့မှု​ကြောင့်​ဖြစ်​တဲ့ ခံစားမှု၊ ကြံ​တွေ့မှု​ကြောင့်​ဖြစ်​တဲ့ ခံစားမှု။ ကျန်​တာ တူပြီ။

၆။ သခါင်္ရ​လောကထဲမှာ အဆင်းကို မှတ်​သားမှု၊ အသံကို မှတ်​သားမှု၊ အနံ့ကို မှတ်​သားမှု၊ အရသာကို မှတ်​သားမှု၊ အထိအ​တွေ့ကို မှတ်​သားမှု၊ အ​တွေးအကြံကို မှတ်​သားမှု၊ သ​ဘောတရားကို မှတ်​သားမှု။ ကျန်​တာ တူပြီ။

၇။ သခါင်္ရ​လောကထဲမှာ အဆင်း၌ ​စေ့​ဆော်​တိုက်​တွန်းမှု၊ အသံ၌ ​စေ့​ဆော်​တိုက်​တွန်းမှု၊ အနံ့၌ ​စေ့​ဆော်​တိုက်​တွန်းမှု၊ အရသာ၌ ​စေ့​ဆော်​တိုက်​တွန်းမှု၊ အထိအ​တွေ့၌ ​စေ့​ဆော်​တိုက်​တွန်းမှု၊ အ​တွေးအကြံ၌ ​စေ့​ဆော်​တိုက်​တွန်းမှု၊ သ​ဘောတရား၌ ​စေ့​ဆော်​တိုက်​တွန်းမှု။ ကျန်​တာ တူပြီ။

၈။ သခါင်္ရ​လောကထဲမှာ အဆင်းကို ဆာ​လောင်​မှု၊ အသံကို ဆာ​လောင်​မှု၊ အနံ့ကို ဆာ​လောင်​မှု၊ အရသာကို ဆာ​လောင်​မှု၊ အထိအ​တွေ့ကို ဆာ​လောင်​မှု၊ သ​ဘောတရားကို ဆာ​လောင်​မှု။ ကျန်​တာ တူပြီ။

၉။ သခါင်္ရ​လောကထဲမှာ အဆင်း၌ ကြံစည်​မှု၊ အသံ၌ ကြံစည်​မှု၊ အနံ့၌ ကြံစည်​မှု၊ အရသာ၌ ကြံစည်​မှု၊ အထိအ​တွေ့၌ ကြံစည်​မှု၊ သ​ဘောတရား၌ ကြံစည်​မှု။ ကျန်​တာ တူပြီ။

၁၀။ သခါင်္ရ​လောကထဲမှာ အဆင်းကို စဉ်းစားမှု၊ အသံကို စဉ်းစားမှု၊ အနံ့ကို စဉ်းစားမှု၊ အရသာကို စဉ်းစားမှု၊ အထိအ​တွေ့ကို စဉ်းစားမှု၊ သ​ဘောတရားကို စဉ်းစားမှုဟာ ချစ်​ဖွယ်​ သာယာဖွယ်​ သ​ဘောပါ။ တဏှာသုံးပါး ဖြစ်​လာမယ်​ဆိုရင်​ သ​ဘောအာရုံကို စဉ်းစားမှုဆိုတဲ့ ဒီချစ်​ဖွယ်​ သာယာဖွယ်​ သ​ဘောမှာ ဖြစ်​ပါတယ်​။ ကိန်း​အောင်းပါမယ်​ဆိုရင်​လည်း သ​ဘောအာရုံကို စဉ်းစားမှုဆိုတဲ့ ဒီချစ်​ဖွယ်​ သာယာဖွယ်​ သ​ဘောမှာပဲ ကိန်း​အောင်းပါတယ်​။

ယောဂီတို့ ဒီတဏှာကို ဆင်းရဲဖြစ်​​ကြောင်း​ခေါ်တဲ့ အရိယသစ္စာလို့ ဆိုအပ်​ပါတယ်​။

အ​သေးစိတ် အချက်​အလက်​များ
=====================
   
တဏှာ သုံးမျိုး

တဏှာ သုံးမျိုးရှိပါတယ်​။ (၁) ကာမတဏှာ၊ (၂) ဘ၀တဏှာ၊ (၃) ၀ိဘ၀တဏှာတို့ဖြစ်​ကြပါတယ်​။

၁။ ကာမဘ၀ကို ​တောင့်​တတဲ့ တဏှာဆိုရာမှာ ကာမဘုံသားတို့အား မိမိရဆဲဘ၀ကို နှစ်​သက်​​ပျော်​​မွေ့မှု၊ ​နောင်​အခါ လူ​ကောင်း နတ်​​ကောင်းစတာ​တွေဖြစ်​လိုမှု၊ ကာမဘ၀မှာ ဆာ​လောင်​ တပ်​မက်​ စွဲလန်းမှု တို့ဖြစ်​ကြပါတယ်​။

၂။ ဘ၀တဏှာကား ကာမဘ၀ကို ​တောင့်​တ လိုချင်​ခြင်းဆိုတဲ့ ရာဂ၊ သဿတဒိဋ္ဌိနဲ့တကွ ဖြစ်​တဲ့ရာဂ၊ ရူပဘ၀ အရူပဘ၀တို့ကို တပ်​မက်​ စွဲလန်းတဲ့ရာဂ၊ ရူပဈာန်​ အရူပဈာန်​တို့ကို နှစ်​သက်​တဲ့တဏှာ တို့ဖြစ်​ကြပါတယ်​။

သဿတဒိဋ္ဌိနဲ့ တကွဖြစ်​တဲ့ ရာဂဆိုရာမှာ "သတ္တဝါ​ကောင်​သည်​ အမြဲတမ်း မပျက်​စီးဘဲ တည်​​နေသည်​" လို့ယူဆတဲ့ ဒိဋ္ဌိနဲ့ တစ်​ပါးထဲဖြစ်​တဲ့ တဏှာပင်​။ ဒီအရ​ကောက်​ခိုက်​မှာ ဘ၀တဏှာထဲက ဘ၀ကို အမြဲရှိ​နေတယ်​လို့ ဘာသာပြန်​ဆိုရမယ်​လို့ မဟာစည်​ဆရာ​တော်​ဘုရားက မှတ်​ချက်​ပြု​တော်​မူပါတယ်​။

၃။ ၀ိဘ၀တဏှာဆိုတာက ​သေရင်​ ​နောင်​ဘ၀ မရှိ​တော့ပြီလို့ ယူဆပြီး ​သေပြီး​နောက်​ ဘ၀မရှိ​တော့ဘဲ အလိုလိုပင်​ ပြတ်​စဲသွားခြင်းကို သာယာနှစ်​သက်​တဲ့ ရာဂပါ။

သမုဒယသစ္စာမည်​ပုံ
=============
သတ္တဝါ​တွေဟာ အမှုကိစ္စ​တွေကို တစ်​ရံမလပ်​ ပြုလုပ်​ကြရပါတယ်​။ အပြစ်​ကင်းတာ ပါသလို မကင်းတာလဲ မနည်းမ​နော​ပေါ့။ အဲ့ဒါ​တွေထဲက အပြစ်​ကင်းတာ​တွေဟာ ကုသိုလ်​ကံ၊ အပြစ်​မကင်းတာ​တွေက အကုသိုလ်​ကံ​တွေ ဖြစ်​လာကြပါတယ်​။ သူတို့ကို နာမည်​တစ်​မျိုး​ပေး​တော့ ဒုက္ခသစ္စာပါ။

ဆိုခဲ့ပါ ကံ​တွေဟာ ဘာ​ကြောင့်​ ဖြစ်​​ပေါ်လာကြရပါသလဲ။ ဘယ်​လို အကျိုး​ပေးနိုင်​ပါသလဲဆိုရင်​.......။

ဥပါဒါနက္ခန္ဓာ​တွေကို သာယာတပ်​မက်​တဲ့ တဏှာ​ကြောင့်​သာပါ။ ဘ၀တိုင်း ဘ၀တိုင်းမှာ ​ရှေးဦးစွာ ဖြစ်​​ပေါ်တဲ့ ဥပါဒါနက္ခန္ဓာအစရှိတဲ့ ဆင်းရဲမှန်​သမျှရဲ့ မူလအ​ကြောင်းရင်းဟာလည်း တဏှာပါပဲတဲ့။

အဲ့ဒါ့​ကြောင့်​ မြင်​ဆဲ ကြားဆဲ စတာ​တွေ အထင်​အရှားရှိတဲ့ ဥပါဒါနက္ခန္ဓာတို့ကိုပင်​ အ​ကောင်းအမြတ်​​တွေလို့ ထင်​မြင်​လာတယ်​။ သာယာနှစ်​ခြိုက်​ ​ပျော်​ပိုက်​လာတယ်​။ လိုလား​တောင့်​တမှု ဖြစ်​လာတယ်​။ အဲ့ဒါ​တွေဟာ တဏှာပါ။ သစ္စာအားဖြင့်​ သမုဒယသစ္စာဖြစ်​ပါတယ်​။ ဒါကို ရှင်​​တော်​ဗုဒ္ဓက "ယာယံ တဏှာ ​ပေါ​နောဗ္ဘ၀ိကာ နန္ဒီရာဂသဟဂတာ - - " စသဖြင့်​ ​ဟောကြား​တော်​ မူထားတာဖြစ်​ပါတယ်​။

သမုဒယသစ္စာပိုင်း ပြီးပါပြီ။
××××××××××××××××××
ငြိမ်းနန္ဒ (၁ - ၃ /၉ /၂၀၁၇)

No comments:

Post a Comment