• ခုဆိုရင် ပြည်သူတွေ တာဝန်ကျေခဲ့ပါပြီ။ တာဝန် ဘယ်လောက်အထိကျေလဲဆိုရင် လူကိုမကြည့်ဘဲ ပါတီကို ကြည့်ပြီးမဲပေးပါဆိုလို့ မဲပေးခဲ့တာ သေသွားတဲ့ အမတ်တောင် မဲနိုင်ခဲ့ပါတယ်။
• ပြည်သူတွေ ရဲ့တာဝန်ကျေမှုကြောင့် လွတ်တော် ကြီးဟာလဲ အလွန်တိုးတက်လာခဲ့ပါပြီ။ တခါမှ မကြားဘူး မမြင်ဘူးတဲ့ ဘိတ်သိတ်ဆရာလိုလို ဇာတ်မင်းသားလိုလို နဲ့ မဆိုင်တဲ့အဆိုကို တင်သွင်းလိုတင်သွင်း လမ်းဘေးက ဂျာနယ်အပိုင်းအစ လေးကိုကိုင်ပြီး ဆွေးနွေးလိုဆွေးနွေးနဲ့ ဒီကြားထဲ ရှင်းပြဖို့ ခလုတ်မဖွင့်ပေးတဲ့ ဥက္ကဌ ကြီး ဒါတွေအားလုံးလဲ ပြည်သူတွေ မြင်တွေ့ခဲ့ရပါပြီ။
• ဒါတွေဟာ ပြည်သူတွေ အပြစ်မဟုတ်ပါဘူး။ ပြည်သူတွေကို မဲဆွယ်ခဲ့တဲ့သူရဲ့ အပြစ်ပါ။ လွှတ်တော်ဆိုတာ ရပ်ကွက်ထဲမှာလို ကိုယ်ဖတ်ထားတဲ့ ဂျာနယ်လေးကိုင်ပြီး ဆွေးနွေးတဲ့ နေရာမဟုတ်ပါဘူး။ ဒါတွေကို သိသိကြီးနဲ့ ပညာမတတ် နိုင်ငံရေး စီးပွားရေး စတဲ့ အမြင်တွေ မရှိဘဲနဲ့ ဘာလို့လွှတ်တော်ထဲကို သွင်းရတာပါလဲ။ အခုဆိုရင် မြန်မာနိုင်ငံကို ကမ္ဘာကပါ စိတ်ဝင်တစား ကြည့်နေကြတာ အားလုံးအသိပါ။
• ရည်ရွယ်ချက်က ဘာပါလဲ ? ပြည်သူတွေကို လိမ်ညာခဲ့တာပါလား ? ခုဆိုရင် ပြည်သူတွေက မယုံရတဲ့ အထဲ ဦးကိုနီက ကိစ္စတော်တော်များကို ဝင်ရောက်စွက်ဖက်လာ တာကိုအားလုံး မြင်တွေ့နေရပါတယ်။ ပြည်သူတွေကို မငြိမ်မသက် ဆူပူအောင်လုပ်ပြီး သွေးခွဲချင်တာပါလား ? ၅၉ စ ပြီးတော့ မျိုးစောင့်ဥပဒေ ပယ်ဖျက်ရေး ဒါတွေဟာ သံဃာတော်တွေနဲ့ ပြည်သူတွေကို ထိပ်တိုက်တွေ့ပေးနေတယ် လို့ ကျွန်တော်ထင်မြင် မိပါတယ်။ ခုလာပြန်ပြီ အတာသင်္ကြန်ကို ၂၀၁၇ မှာမကျင်းပရေး ဒီကိစ္စတွေဟာ မြန်မာနိုင်ငံမှာ အရေးကြီးတယ်ဆိုတာ သိသိကြီးနဲ့ လုပ်နေတာ ဘာကြောင့်ပါလဲ လူတွေကို လမ်းပေါ်မှာ ထပ်သေခိုင်းချင်နေတာလား ?
• နောက်ဆုံးပြောရရင် ဘယ်နိုင်ငံရေးသမားမှ လမ်းပေါ်မှာမသေခဲ့ပါဘူး တကယ်သေခဲ့တာ ပြည်သူ ကျောင်းသားနဲ့ သံဃာတွေပါဘဲ။ ဒီလိုပြန်ဖြစ် အောင် ရည်ရွယ်ချက်ရှိရှိလုပ်နေတာဆိုရင်တော့ နှောင်မြန်မာပြည်ပျက်အောင် လုပ်တဲ့ တရားခံဟာ့ ဆိုတဲ့ ခင်ဗျားဖြစ်သွားမယ်ဆိုတာ။
kkmm
No comments:
Post a Comment