Wednesday, March 30, 2016

ပို့ ပေးကြပါ

ပို့ ပေးကြပါ
----------------

သီရိလင်္ကာနိုင်ငံဟာ ဓမ္မစကူလ်းစင်တန်း
ကျောင်းများဖွင့်လှစ်ခဲ့တာ နှစ်ပေါင်း
တစ်ရာကျော်ခဲ့ပါပြီ
အလုပ်လျောက်တဲ့အခါပဲဖြစ်စေ အစိုးရ
ဝမ်ထမ်းလုပ်တဲ့အခါပဲဖြစ်စေ ဓမ္မစကူလ်း
လက်မှပါမှ အဆင်ပြေပါတယ်တဲ့
လက်ရှိသိရိလင်္ကာဝန်ကြီးချု ပ်ကိုယ်တိုင်
ဓမ္မစကူးလ်ကျောင်းဆင်းပါတဲ့

ကျွန်တော်တို့ နိုင်ငံမှာ အဲဒီလိုသင်တန်း
မျိုးတွေမရှိခဲ့လို့ ပြည်သူတွေဟာ ဘာသာ
ရေးမှာ လွန်စွာမှအားနည်းခဲ့ရပါတယ်
သရဏဂုံလည်းမသိ ငါးပါးသီလလည်း
မသိ ဗုဒ္ဓဝင်လည်းမသိခဲ့တဲ့အတွက်
ဗုဒ္ဓဘာသာဟာ အင်အားအနည်းဆုံးဖြစ်
ပြီး ကမ္ဘာမှာ မှေးမှိန်နေရပါ လူငယ်တွေ
ဟာလည်းကိုယ့်ဘာသာတန်ဘိုးကိုမသိလို့ ကျယ်ပြန့် အောင်ဆောင်ရွက်လိုစိတ်
မရှိခဲ့ကြပါဘူး ဒါဟာ ဗုဒ္ဓဘာသာဆုတ်
ယုတ်ခြင်းရဲ့အဓိကအကြောင်းအရင်းပါပဲ

အခု

ကံအားလျှော်စွာ ဓမ္မစကူးလ်သင်တန်း
ကျောင်းတွေ ပေါ်ပေါက်လို့  လာခဲ့ပါပြီ
ဗုဒ္ဓဘာသာဖေါင်ဒေးရှင်းကောင်းဖို့ 
လူငယ်လေးများဟာ အားမာန်အပြည့်နဲ့ 
ဘာသာ သာသနာကို ကယ်တင်ဖို့ အဆင်
သင့်ဖြစ်နေပါပြီ

အရေးကြီးတာက

မိဘတွေက အဲဒီသင်တန်းကျောင်းကို
ကိုယ့်သားသမီးတွေကို ရောက်အောင်
ပို့ ပေးဖို့ ပါပဲ

ဗုဒ္ဓဘာသာကို ကယ်တင်ဖို့ ကမ္ဘာကသိဖို့ 
အားမာန်အပြည့်နဲ့ ဖြစ်နေပါပြီ

နောက်တကြိမ်ကျွန်တော်တို့လက်ထကက
လိုမဖြစ်ဖို့  အရေးကြီးတဲ့အချိန်ကိုရောက်
ရှိနေပါပြီ ဘာသာသာသနာကို လက်ဆင့်
ကမ်းသယ်ဆောင်ဖို့ အတွက် လူကြီးတွေ
က သင်တန်းကျောင်းတွေကိုရောင်အောင်
ပို့ ပေးကြပါ

ဒီတကြိမ်မှ မကယ်တင်နိုင်ရင်ဖြင့်
ဗုဒ္ဓဘာသာဟာ  ရေတိမ်နစ်ရတော့မှာပါ

လူကြီးမိဘနဲ့ 
ဆရာသမားပေါင်းပြီး
ဘာသာသာသနာအတွက်
ခလေးများကို
ဓမ္မစကူးလ်သင်တန်းကျောင်းများသို့ 
အရောက်ပို့ ပေးနိုင်ကြပါစေ  -----လို့ 

ဆန္ဒများစွာဖြင့်---------

No comments:

Post a Comment