Saturday, March 5, 2016

ရှင်ပြုပွဲ

Monday, 26 March 2012

ရှင်ပြုပွဲ

ဓါတ်စက်ဖွင့်သံ
တညံညံ
နဘေးအိမ်ကခြံ..။

တွံတေးသိန်းတန်
ဖွင့်ပါလို့
စိုးအောင်လည်း ပါဗျို့..။

ကွမ်းတောင်းကိုင်တဲ့
ယမင်းခင်
အလှဆုံးကျော့ယဉ်ယဉ်..။

ရွာနီးကပင်
လာကာငေး
ရွာ၏ဂုဏ်ဆောင်လေး..။

ဗျောစည်စမ်းတဲ့
ရွာသားဟန်
ခန်းငြားတည်ကြည်ပြန်..။

ကာလသားတွေ
အကြံပေး
ရှင်လောင်းဝှက်မယ်တွေး ..။

အလှူ့အမ
သိသောခါ
ရှင်လောင်းရွေးပါဗျာ ..။

ဆင်မြင်းစုံညီ
စီရီနွှဲ
ရှင်ပြုကုသိုလ်ပွဲ..။

ပျိုးယုဝသုန်
10:43:42 PM
26-03-2012
Monday (BNE)

No comments:

Post a Comment