Friday, February 26, 2016

၃၂ ကောဋ္ဌာသ ကမ္မဋ္ဌာန်း

၃၂ ကောဋ္ဌာသ ကမ္မဋ္ဌာန်း
★ ★ ★ ★ ★ ★ ★ ★
၃၂ ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို မိမိခန္ဓာကိုယ်အစိတ်အပိုင်း၌ ဖြစ်ပေါ်လျှက်ရှိသော ရောဂါဝေဒနာအလိုက် ပွားများရှုမှတ်ရန် ဖြစ်ပါသည်။ ထိုသို့ ရှုမှတ်လွယ်ကူနိုင်ရန်အတွက် သက်ဆိုင်ရာအစု(၆)စုကို ပါဠိသက်သက်မဟုတ်ဘဲ အနက်နှင့်တွဲ၍ ဖော်ပြပေးလိုက်ပါသည်။

အစု(၁) - ကေသာ(ဆံပင်)၊ လောမာ(အမွေး)၊ နခါ(ခြေသည်း)၊ ဒန္တာ(သွား)၊ တစော(အရေ)။

အစု(၂) - မံသံ(အသား)၊ နှာရု(အကြော)၊ အဋ္ဌိ(အရိုး)၊ အဋ္ဌိမိဉ္ဇံ(ရိုးတွင်းခြင်ဆီ)၊ ဝက္ကံ(အညှို့)။

အစု(၃) - ဟဒယံ(နှလုံး)၊ ယကနံ(အသည်း)၊ ကိလောမကံ(အမြှေး)၊ ပိဟကံ(အဖျဉ်း-သရက်ရွက်)၊ ပပ္ဖါသံ(အဆုတ်)။

အစု(၄) - အန္တံ(အူမ)၊ အန္တဂုဏံ(အူသိမ်)၊ ဥဒရိကံ(အစာသစ်)၊ ကရီသံ(အစာဟောင်း)၊ မတ္ထလုင်္ဂံ(ဦးနှောက်)။

အစု(၅) - ပိတ္တံ(သည်းခြေ)၊ သေမှံ(သလိပ်)၊ ပုဗ္ဗော(ပြည်)၊ လောဟိတံ(သွေး)၊ သေဒေါ(ချွေး)၊ မေဒေါ(အဆီခဲ)။

အစု(၆) - အဿု(မျက်ရည်)၊ ဝသာ(ဆီကြည်)၊ ခေဠော(တံတွေး)၊ သိင်္ဃာဏိကာ(နှပ်)၊ လသိကာ(အစေး)၊ မုတ္တံ(ကျင်ငယ်)။

ဤသို့သော အသုဘခန္ဓာငါးပါးမှ တစ်ပါးပါးသော ရောဂါဝေဒနာများ နှိပ်စက်ပါက ဖြစ်ပျက်ရှုမှတ်ခြင်းဖြင့် ရောဂါဝေဒနာများ၏ နှိပ်စက်တတ်သောသဘောမှ လွတ်မြောက်နိုင်ပါသည်။
ဥပမာ... မျက်စိနာနေပါက မျက်စိသည် အစု(၆)တွင် အပါအဝင်ဖြစ်သောကြောင့် ၄င်းအစုတွင် ပါဝင်ကြသော အမည်နာမများကို မှတ်သား၍ မျက်ရည်မှ ကျင်ငယ်အထိ ကောဋ္ဌာသ(၆)မျိုးကို အနုလုံ-ပဋိလုံအာရုံပြု၍ ရှုမှတ်ရပါမည်။ ဖြစ်ခြင်းသဘော ပျက်ခြင်းသဘောကို ကောင်းစွာသဘောပေါက် နားလည်နိုင်သည်အထိ ရှုမှတ်စိတ်မြဲနေပါက ရောဂါဝေဒနာများသည် ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ ပျောက်ကင်းသက်သာသွားပါလိမ့်မည်။
တစ်ခြားရောဂါအမည်များကိုလည်း ဤနည်းအတိုင်း ရှုပွားသွားရပါမည်။ အလွတ်ကျက်မှတ်ထားဖို့တော့ လိုအပ်ပါလိမ့်မည်။

ဒါ့ကြောင့်.... "ဆန္ဒဝတော ကိံနာမ ကမ္မံ နသိဇ္ဈတိ"
"အောင်မြင်လိုသောဆန္ဒရှိလျှင် အောင်မြင်ရမည်"ဟူသည့် တရားတော်နှင့်အညီ ကျင့်ကြံအားထုတ် ရှုမှတ်ပါက မုချအောင်မြင်ရမည်သာ။

Yarzar

No comments:

Post a Comment