ပလ္လင်ဟူ သည် မြတ်စွာဘုရားသခင်၊ ဓမ္မကထိက၊ ဗြဟ္မာမင်း၊ နတ်မင်း၊ လူမင်းတို့ထိုင်သည့် နေရာဖြစ်ပေရာ ဘုန်းကျက်သရေအပေါင်းနှင့် ပြည့်ဝလှသည်။
ရာဇပလ္လင်(ခေါ်)လူမင်းတို့ ထိုင်ရာနေရာဟူသည် မြင့်မြတ်သည့်နေရာ တစ်နေရာအဖြစ် ပြည်သူတို့က ရှုမြင်ကြသည်။
ပလ္လင်နှင့် စလွယ်တို့သည် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်း၏ အတိတ် နိမိတ်၊ နိုင်ငံတြော်ကီး အေးချမ်းသာယာကာ ကမ္ဘာ့အလယ် တင့်တယ်ဝင့် ထည်မည့် အတိတ်နိမိတ်အဖြစ် ရိုးရာယဉ်ကျေးမှုအရ အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဘဝေါတို့ကို လက်ခံကြသော တို့နိုင်ငံသားတို့က အလေးအနက်မှတ်ယူကြ၏။
''ဇမ္ဗူဒိပ်နိမိတ်ထွန်း''စကားနှင့်အညီ ပလ္လင်နှင့် စလွယ်တို့သည် ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံလှသည့် အမှတ်သင်္ကေတများ ဖြစ်ကြသည်။
တကယ်တော့ပလ္လင်နှင့်စလွယ်တို့သည် ရွှေနန်းတော်ကို ရည်ညွှန်းခြင်း မဟုတ်ပဲ လွတ်လပ်ခြင်း၊ အချုပ်အခြာအာဏာ ပိုင်စိုးခြင်း၊ မြင့်မြတ်ခြင်း၊ ခံ့ညားခြင်း၊ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံခြင်းတို့၏ သင်္ကေတများဖြစ်ကြသည်။
တို့နိုင်ငံတော် လွတ်လပ်ရေးရပြီးနောက် ပထမဦးဆုံးသော နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်လက်ထက်မှစ၍ အစဉ်အဆက် နိုင်ငံတော်သမ္မတများက သီဟာသနပလ္လင်ကို နောက်ခံထားပြီး တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြသည်။
အချုပ်အခြာအာဏာပိုင်စိုးမှု၊ ကိုယ့်ထီးကိုယ်နန်း ကိုယ့်ကြငှန်းကို ကိုယ်စားပြုမှု စသည့်အမှတ်သင်္ကေတများနှင့် ပြည့်စုံပြီး အနက်အဓိပ္ပာယ် နက်ရှိုင်းလှသည့် ပလ္လင်နှင့် စလွယ်တို့ကို တို့နိုင်ငံသားများ တစ်ရပ်လုံးက ရှေးပဝေသဏီကာလမှစ၍ ကျင့်သုံးလာခဲ့သော ဓလေ့ထုံးစံများအဖြစ် အမွန်အမြတ်ထား ထိန်းသိမ်းစောင့်ရှောက်ကြရပါမယ်
ပလ္လင်နှင့်စလွယ်တို့သည် တို့နိုင်ငံတော်၏ အမြင့်မြတ်ဆုံး အမှတ်သင်္ကေတ များဖြစ်ပေရာ မည်သူပင် သမ္မတဖြစ်လာစေကာမူ အမြဲထာဝရ ကျင့်သုံးအပ်သော သမိုင်းအစဉ်အလာအဖြစ် ရှိနေသင့်ပေသည်။
ထို့အတူပင် လွှတ်တော်အဆောင်အယောင်များ ဆောင်ရွက်ရာတွင်လည်း အတိတ်သမိုင်း ထုံးဓလေ့များကို မမေ့မပျောက်ကြဘဲ ဆက်လက်၍ ဂရုဓမ္မ တရားဖြင့် တန်ဖိုးထားရပေလိမ့်မည်။
တို့နိုင်ငံတော် လွတ်လပ်ရေးရပြီးချိန်မှစ၍ ရှေးလူကြီးသူမတို့က ဘိုးစဉ်ဘောင်ဆက် အမွန်အမြတ် သတ်မှတ်ထားသော ယဉ်ကျေးမှုထုံးဓလေ့များကို ခေတ်လူတို့မှသည် မျိုးဆက်သစ်တို့အထိတိုင်အောင် သင့်တင့်လျော်ကန်စွာ တန်ဖိုးထားကြဖို့
လိုအပ်လှပါတယ်
Cd>ကြေးမုံ
ခင်မြတ်သူ
No comments:
Post a Comment