ထိပ်ဆုံးရောက်ချင်ရင် ထိပ်တန်းအတွေးတွေးပါ
---------------------------------------------
မြန်မာလူမျိုးအများစုဟာ သင်္ကြန်ကာလမှာ
မိမိတို့ ရဲ့မိဘတွေရှိရာအရပ်ကိုပြန်ပြီး အနားယူ
လေ့ရှိတယ် မတွေ့ တာကြာပြီဖြစ်တဲ့ မ်မိတို့ 
ရပ်ရွာကိုပြန်ကာ သူငယ်ချင်းအပေါင်းအသင်း
ညီအကိုမောင်နှမတွေနဲ့  ပြန်လည်တွေ့ ဆုံလေ့
ရှိကြတယ်
ဒီနေရာမှာ တခုတွေးမိတယ်
အနားယူတယ်ဆိုတာ ဘယ်လိုယူတာလည်း
အများစုကတော့ အိမ်ပြန်ပြီဆိုကတည်းက
ကားပေါ်မှာသောက်စားမူးယစ်တယ် ကိုယ့်ရပ်ရွာ
ပြန်ရောက်တော့ သူငယ်ချင်းတွေနဲ့ စုပြီး သောက်
စားမူးယစ်ပျော်ပါးတာတွေကို ထပ်လုပ်ပြန်တယ်
မိဘကိုခေါင်းစဉ်တပ်ပြီးပြန်ပေမဲ့ တကယ်တမ်း
ကျတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ သာအချိန်ကုန်ပြီး ပြန်ဘာတော့မိဘကိုဦးသုံးကြိမ်
လောက်သာချပြီးပြန်လာခဲ့ကြတယ်
အရက်နာကျလာတော့ လူကလည်း မလုပ်ချင်
မကိုင်ချင်ဖြစ်နေတယ် အလုပ်ကလည်း ပြန်ဆင်း
ရတော့မယ် ပိုက်ဆံကလည်း သုံးလိုက်လို့ အကုန်
ကုန်ပြီးအိမ်ကတောင်ပြန်တောင်ရတဲ့အခြေအနေ
မျိုးတွေ တွေ့ နေရတယ်
ဒါဟာ အနားယူဖို့ ပြန်တာ တဲ့လား
လူကကော အနားရခဲ့လား
ပိုက်ဆံကုန်တယ် အကုသိုလ်ရတယ် ကျမ္မာရေး
မကောင်းဘူး မိဘကိုလည်းဘာမှ လုပ်မပေးခဲ့
နိင်ဘူး ရပ်ရွာအတွက် အမျိုးဘာသာအတွက်ဆို
တာ ဝေလာဝေး မိဘတွေကလည်း ငါ့သားလေး
တခါတလေပြန်လာတာ ပျော်ပါစေဆိုတဲ့ မချိတင်ကဲ ခွင့်လွှတ်ခြင်းနဲ့ ပေါ့
ဒါ ဒီနေ့ ဖြစ်နေတဲ့ ဖြစ်စဉ်
တကယ်ဖြစ်သင့်တာက
ကိုယ့်ရပ်ကိုယ့်ရွာပြန်မယ်
မိဘနဲ့ အတူ ဥပုဒ်သီတင်းသီလ ဆောက်တည်မယ်
သူငယ်ချင်းတွေနဲ့ အတူ စုပေါင်းပြီး ရပ်ရွာအကျိုး
ဘာသာသာသနာအကျိုးတွေဖြစ်တဲ့ တရားပွဲ
တရားစခန်း ယဉ်ကျေးလိမ္မသင်တန်းတွေဖွင့်မယ်
ကိုယ့်မိဘလည်း ငါ့သားလေး လိမ္မာလာပြီဆိုတဲ့
အတွေးနဲ့ ပျော်မယ် မျက်နှာလွဲနေရတာတောင်
အရင်လိုစိတ်မပူတော့ဘူး
ရပ်ရွာကောင်းကျိုး ဘာသာသာသနာ အကျိုးလည်းဆောင်ရွက်ပြီးသားဖြစ်မယ်
သူငယ်ချင်းတွေလည်း ကိုယ့်ကိုအမှီပြုပြီး
ကုသိုလ်ကောင်းမှု့တွေရမယ် ကိုယ့်ရပ်ရွာလည်း
တိုးတက်မယ် ကိုယ်လည်း ကုသိုလ်ကောင်းမှု့
တွေအများကြီးရမယ်
ကိုယ်ပင်ပင်ပမ်းပမ်းရှာဖွေလို့ ရလာတဲ့ ပိုက်ဆံဟာ
လည်း တန်ဘိုးရှိစွာသုံးဖြစ်သွားတဲ့အတွက်
ကိုယ်လည်းအကျိုးရှိမယ် မြို့ ပြန်လာတော့လည်း
ဝမ်းသာပိတိလေးနဲ့ ပေါ့
ဒါက ဖြစ်သင့်တဲ့ဖြစ်စဉ်
သင်္ကြန်ကိုပြန်တဲ့ လူတွေဟာ အများကြီး
ကုန်ရတဲ့ငွေတွေဟာလည်းအများကြီး
အဲဒီလိုတန်ဘိုးရှိတဲ့အချိန်တွေ ကုန်တဲ့ငွေတွေကိုသာ
အစားထိုးပြီးပြောင်းလဲနိုင်မယ်ဆိုရင်
ချွတ်ခြုံကျနေတဲ့ မြန်မာနိုင်ငံကြီးဟာ
ခဏလေးဦးမော့လာမှာပါ
နိုင်ငံထိပ်တန်းရောက်ဖို့ ဆိုတာကလည်း
ပြည်သူတွေ ထိပ်တန်းအတွေးတွေးနိုင်ဖို့ 
အရေးကြီးပါတယ်လို့ 
အကြံကောင်းလေး ပေးပါရစေ
share
No comments:
Post a Comment