“ထူးခြားလွန်းတဲ့ ဒါရိုက်တာကြီး”
==================
စာရေးသူထံ ပြင်သစ်နိုင်ငံသား ဒါရိုက်တာကြီးတစ်ယောက် ရောက်လာပါတယ်။ ဒီ မတ်လထဲမှာပဲ။ ပြန်သွားတာလည်း မကြားသေးပါဘူး။
တစ်လနီးပါး ကြာကြာနေထိုင်ပြီး အသေးစိတ် လေ့လာတာပါ။ ကင်မရာကတော့ သေးသေးလေးပါ။ ကြည့်လိုက်ရင် သာမန်ပဲထင်ရပေမယ့် မြန်မာငွေနှင့် တန်ဖိုးဖြတ်ရင် သိန်း နှစ်ထောင်ကျော် တန်ပါတယ်တဲ့။
သင်းသမားအများစုက အားနှင့်မာန်နှင့် ပြောနေတုန်း ရုပ်ဆိုးပန်းဆိုးတွေ ရိုက်လွှင့်တတ်ကြပေမယ့် သူကတော့ ကြည်ညိုဖွယ်ဆောင်တဲ့ အမူအရာတွေပဲ ရွေးရိုက်တာပါ။
အသစ်တက်လာမည့် ပြင်သစ်သမ္မတကို ဝီရသူ ဇာတ်ကားလေးနှင့် မိတ်ဆက်ပေးပြီး အမျိုးသားရေးအသိပေးဖို့ပါတဲ့။
ရဟန်းဘွဲ့အမည်က ဝိစိတ္တ
လူတွေသိထားတာက ဝီရသူ
ဝီရသူ ဆိုတဲ့ ကလောင်တစ်ချောင်း စတင်ပေါ်ပေါက်လာပုံကိုလည်း စနစ်တကျမေးပါတယ်။
ထေရဝါဒ စာအုပ်နှင့် ပရိယတ္တိရွှေချိန်ခွင် စာအုပ်နှစ်အုပ်ကိုလည်း တောင်းပါတယ်။
လက်ရေးမူ မူရင်းကိုလည်း တစ်မျက်နှာချင်းပြန်စီပြီး PDF ဖိုင် လုပ်ယူသွားပါတယ်။
အင်္ဂလိပ်လိုပြန်ဆိုထားတဲ့ သမိုင်း၏ တရားခံ စာအုပ်၊ လက်ဖဝါးပေါ်က ကံကြမ္မာ စာအုပ်၊ ပြည်တော်ပြန်ဆွေးမျိုးများ စာအုပ်တွေ စတစ်နှင့် ကူးယူသွားသလို နိုင်ငံရေး၊ အမျိုးသားရေး၊ ဘာသာရေး၊ ငြိမ်းချမ်းရေး၊ ယဉ်ကျေးမှု၊ ပရဟိတဆိုင်ရာ စာရေးသူ ဆောင်ရွက်ချက် ဗီဒီယိုဖိုင်တွေ ကူးယူသွားပြီး ခွင့်ပြုချက်လက်မှတ်ပါ ထိုးပေးရပါတယ်။
၂၀၁၂ ဇွန်လ ၈ ရက်၊ ရခိုင် ဂျီဟဒ်အလုပ်ခံရတဲ့ ဗီဒီယိုဖိုင်လည်း ပြလိုက်ပါတယ်။ ကြည့်ပြီး အတော်ဝမ်းနည်းသွားပါတယ်။ ကမ္ဘာကြီးသိအောင် ဖော်ထုတ်မယ်လို့လည်း ကတိပြုသွားပါတယ်။
စာရေးသူရဲ့ ဇာတိ ကျောက်ဆည်မြို့ကိုလည်း နှစ်ကြိမ်တိတိ သွားလေ့လာပါတယ်။ စာရေးသူရဲ့ ငယ်ဆရာ မင်းကုန်းမဟာစာသင်တိုက်ကြီးရဲ့ ပဓာန နာယကဆရာတော်ကြီးထံ သွားရောက်ပြီး ရိုက်ကူးတာလည်း တွေ့ရပါတယ်။
မုဒိမ်းကျင့်၊ အုပ်စုဖွဲ့အကြမ်းဖက်၊ ဘုန်းကြီးခေါင်းဖြတ်၊ ဆိုင်ကယ်ခိုးဂိုဏ် စတဲ့ ဒုစရိုက်တွေနှင့် နာမည်ကြီးတဲ့ ကျောက်ဆည်မြို့နယ်၊ လက်ပန်(ကုလား)ရွာကြီးကိုလည်း သွားလေ့လာပါတယ်။
တရားပွဲ၊ ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲ၊ ဟောပြောပွဲ စတာတွေကို လိုက်လံရိုက်ကူးတဲ့အပြင် ကြည်ညိုဖွယ်ရာ သံဃာတော်များ ဆောင်ရွက်ချက်တွေကိုလည်း ရိုက်ကူးပါတယ်။ ဥပမာ စာဖြေနေပုံ၊ ဆွမ်းခံတန်းစီကြွနေပုံ၊ စုပေါင်းဘုရားဝတ်တက်နေပုံတွေပါပဲ။
စာရေးသူ အဖမ်းခံရစဉ်က စာရေးသူ ဘွဲ့ယူတုန်းက ဓာတ်ပုံအယ်လ်ဘမ် (ဘွဲ့ယူမှတ်တမ်း) အသိမ်းခံရပုံ၊ ပြန်မရတော့ပုံတွေကို ပြောပြတော့ ခေါင်းသွက်သွက်ခါပြီး ငြီးငြူရှာပါတယ်။ မျက်ရည်လေးတွေလည်း ဝေ့ဝဲလည်ပေါ့။
စာရေးသူ ထောင်ထဲမှာရေးခဲ့တဲ့ သီချင်းတွေ၊ ကဗျာတွေ၊ ဆောင်းပါးတွေ၊ ဝတ္ထုတွေ၊ စာတမ်းတွေကိုကြည့်ပြီး အတော်အံ့သြနေပါတယ်။
နာမည်ပေးကောင်းလို့ဆိုပြီး ခဏခဏလည်း ချီးကျူးပါတယ်။ ဒါပြီးရင် ထိုင်းကိုသွားဦးမှာပါတဲ့။
ဒီဇာတ်ကားတည်ဖြတ်ပြီးရင် ပြန်လာပြဦးမှာပါတဲ့။ ဝီရသူတော့ ဟောလိဝုဒ်မင်းသားကြီး ဖြစ်ဦးမှာပေါ့နော်။ ဝီရသူအကြောင်း မကောင်းလွှင့်တဲ့ မီဒီယာတွေတော့ အီးမှန်ထားတဲ့ မျက်နှာမျိုးတွေနှင့် ကြိုဆိုကြမှာ မြင်ယောင်မိသေးတယ်။
ဒီဒါရိုက်တာကို စိတ်ဝင်စားမိသေးလား?။
ဇာတ်ကားထွက်ရင် သိရမှာပါနော်။
သူက ဗုဒ္ဓဘာသာကိုလေ့လာရင်း ဗုဒ္ဓဘာသာဝင်ဖြစ်သွားတာ သုံးနှစ်ပဲ ရိုပါသေးတယ်။
ထေရဝါဒနှင့် ပရိယတ္တိရွှေချိန်ခွင် စာအုပ်နှစ်အုပ် ဖတ်ဖူးသူတိုင်း စာရေးသူအကြောင်း သိကြပါတယ်။
စာမဖတ်ဘဲ ရမ်းပြစ်မှားနေကြတဲ့ မွတ်ကုလားနှင့် ဖွတ်ကြားတွေလောက်သာ အဆိုးမြင်လေ့ရှိတတ်ကြတာပါ။
ဝီရသူ (မစိုးရိမ်)
25.3.2016
PM-1:38
No comments:
Post a Comment