Thursday, March 17, 2016

သာသနာ နဲ့ စစ်တပ်သည် နိုင်ငံတော်အတွက် အားထားရာ "

" သာသနာ နဲ့ စစ်တပ်သည် နိုင်ငံတော်အတွက် အားထားရာ "
__________________________________

စစ်တပ် ကစပြောကြည့်ရအောင်

စစ်တပ်ဆိုတာ ပြည်သူလူထုထဲက

တိုင်းရင်းသား ပြည်သူတွေနဲ့သာပေါင်းစည်းထားတဲ့ အဖွဲ့အစည်းပါ

စစ်တပ် ဆိုတာ
ဗိုလ်ချုပ်အောင်ဆန်းလက်ထက်က
စစ်သားဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့
တစ်သွေး တစ်သံ တစ်မိန့်ကို နာခံရတယ်

ဦးနေဝင်း ( သို့ ) ဦးသန်းရွှေ လက်ထက်
စစ်သားဟာလည်း လက်ရှိ  
ခေါင်းဆောင်အမိန့်ကိုပဲ
တစ်မိန့်တစ်သံ အောက်မှာနေရတာပါ
မာလိန်မှူးရဲ့ လမ်းညွှန်ချက်
အောက်မှာ အမိန့်ရယ်နာခံ

ကိုယ့်ဘဝကို ပုံအပ်ထားသူချည်းသာပါ

စစ်သား နဲ့ စစ်ပွဲ
တိုင်းရင်းသားပြည်သူလူထုအနေနဲ့ စစ်ပွဲကိုမလိုလားဘူး ဒါပေမယ့် အသက်လု ပြေးလွှားရှောင်ပုန်းခွင့်ရှိပါသေးတယ်

စစ်သားငယ်ငယ် ကျည်ဆံကြားတိုးဝင်

ကျည်လာရာအံတုရန်သူကို အသေခံ တိုက်ထုတ်ပေးခဲ့တဲ့ စစ်သားငယ်

စစ်ပွဲတွေပြီးဆုံးသွားတဲ့ အခါ ငြိမ်းချမ်းခြင်း အေးချမ်းခြင်းရဲ့အသီးအပွင့်ကို ပြည်သူကပဲ

တိုက်ရိုက်စားသုံးရတာပါ

စစ်သားတို့တိုက်ပွဲမှာသေဆုံးသွားတော့
ငြိမ်းချမ်းမူလိုချင်သူ ဘယ်သူစာနာဖူးသလဲ

စစ်သားရယ်ငယ်ငယ်
မင်းလို ငါလို လူငယ်လေးတွေပါမှာပေါ့

မင်းလို ငါလို အပေါင်းနဲ့ အသင်းနဲ့ပါ
မင်းလို ငါလို မိ နဲ့ ဖ နဲ့ရယ်ပါ
မင်းလို ငါလို မိသားစုလေးတွေနဲ့
မင်းလို ငါလို ချစ်သူရည်းစား
ရင်ခုန်တတ်သူတွေပါကွာ

ဘယ်သူ ချစ်ရသူနဲ့ ခွဲချင်မှာလည်း

တစ်ဖွဲ့ အသက် တစ်ယောက်အသက် နဲ့

ပြည်ထောင်စုလူထုတစ်ခုလုံးအတွက်

မြူမှုန်လေးအရွယ် သဘောထားလို့

လွင့်ချင်တိုင်းလွင့်ရ ကြွေချင်တိုင်း ကြွေ
ဝေလာတဲ့ ငြိမ်းချမ်းရေးအသီးအပွင့်ကို
မင်းတို့ ငါတို့ပြည်သူလူထုက
ချိုမြိန်စွာစားသုံး သူ့ကျေးဇူးလေးတော့

အသိအမှတ်ပြုသင့်ပါတယ်

အချုပ်အခြာအာဏာအောက်မှာ
တည်ငြိမ်ခြင်းရဲ့ အရသာမှာ
မင်းရယ်ငါရယ် စားသုံး
သူတို့လေးတွေကို အတုအယောင်ထင်လို့
သူတို့အသက်ကို အမှိုက်တစ်စလို့
ပျက်ရယ်ပြုရင် သူအသက်နဲ့

အလဲထပ်ထားတဲ့ ငြိမ်းချမ်းရေးကို
အရောင်မဆိုးပဲ သူ့ကျောရိုးတွေနဲ့ ခင်ထားတဲ့ ငြိမ်းချမ်းမူလမ်းမပေါ်လမ်းမလျှောက်ပါနဲ့တော့

************************

သာသနာ

လူသားတွေ လူမျိုးစုတစ်ခုတိုင်းမှာ
ကိုယ်ပိုင်သာသနာဆိုတာ ရှိတတ်ကြပါတယ်

လက်ရှိ ငါတို့ရဲ့ သာသနာရဲ့ အရိပ်
သာသနာရဲ့ အဆုံးအမအောက်မှာ
အေးချမ်းခြင်း ငြိမ်းချမ်းခြင်း ဆိုတာရှိပါတယ်

လိမ္မာယဉ်ကျေး ဆုံးမပေးတဲ့သာသနာ

မိုက်မဲမူရဲ့ မှန်တချပ်ကိုလည်း
သာသနာက လမ်းပြပေးပြန်တယ်
သာသနာရဲ့ အောက်မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့

ပိဋကတ် သုံးပုံ အပိုင်းခွဲလို့
ဝိနည်း သုတ္တာန် အဘိဓမ္မာ စသဖြင့်
ခွဲခြမ်းစိတ်ဖြာလို့ လူထုကို အလင်းရယ်ပြ

တိုက်စစ်မှူး သံဃာတော်တွေက
လမ်းပြကာ ဆုံးမစကားဆိုပေးပါတယ်
ဒါဟာ လူသားထုအတွက်
မငြိမ်းချမ်းခြင်း နဲ့ ငြိမ်းချမ်းခြင်းကို
ဝေဖန်ပိုင်းခြား ရွေးချယ်တတ်စေဖို့
လမ်းပြပေးပြန်တယ်

စောစောက စစ်တပ်ကျတော့
မငြိမ်းချမ်းခြင်းကို
သူတို့အသက်ပေးစတေးခံ
ငြိမ်းချမ်းစေတဲ့ တိုက်စစ်မှူးတွေပေါ့

သာသနာကြောင့် လိမ္မာခြင်းကို ရရှိတယ်

သာသနာကြောင့်
အေးချမ်းခြင်းကို ရှိစေတယ်ဆိုရင်

စစ်တပ်ကြောင့်
ငြိမ်းချမ်းရေးကို ရ ရှိစေပါတယ်

ငြိမ်းချမ်းစွာလုပ်ကိုင်စားသောက်
အေးချမ်းစွာ နေတတ်ရင်
ချမ်းသာစွာနေထိုင်ရပြီး
အေးချမ်းစွာ ဘဝကို ဖြတ်သန်းနိုင်ကြပါစေ

မှတ်ချက်။  ။

ဆရာတော်အရှင်ဇနကာဘိဝံသ၏
၁၃၁၃ ခုနှစ် - ကဆုန်လဆန်း -၁- ရက်နေ့
ည - ၇ -  နာရီ တွင် ဟောကြားသော
တရားဟောကြားချက် ခေါင်းစဉ်အား

ကိုယ့်အတွေးနဲ့ ပုံဖော်ပြခြင်းပါ
အမှားပါရင် ခွင့်လွှတ်ပါ

ဆရာတော်အားဦးခိုက်လျက်

           
( 30.11.2013 နေ့က ကျွန်တော် ရေးခဲ့သော post ပြန်လည်တင်ပြခြင်းဖြစ်ပါသည် )

No comments:

Post a Comment