Saturday, March 19, 2016

မဘသရဲ့ ပဲ့ကိုင်ရှင် (သို့) ကျေးဇူးတော်ရှင် အင်းစိန်ရွာမဆရာတော်” အပိုင်း(၂)

“မဘသရဲ့ ပဲ့ကိုင်ရှင် (သို့) ကျေးဇူးတော်ရှင် အင်းစိန်ရွာမဆရာတော်” အပိုင်း(၂)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျေးဇူးတော်ရှင် အင်းစိန်ရွာမဆရာတော်ဘုရားကြီးဟာ အမျိုးဘာသာ၊သာသနာတော်တော် ထွန်းကားပြန့်ပွားရေးအတွက် ဘ၀တစ်ခုလုံးကို သာသနာကိုပေးလှူထားတာပါ။ အမျိုးဘာသာသာသနာအတွက်ဆိုရင် အနစ်နာခံဖို့ဝန်မလေးသလို ပေးဆပ်ဖို့လည်းအသင့်ဖြစ်နေတတ်ပါတယ်။ လွန်ခဲ့တဲ့ (၂) နှစ်လောက်က မဘသ(ဗဟို) ဥက္ကဋ္ဌဆရာတော်ဘုရားကြီးနဲ့ ဗဟိုဦးဆောာင်ဆရာေ တ်ာတွေဟာ နိုင်ငံတော် သံဃာ့မဟာနာယကဆရာတော်ဘုရားကြီး များထံကို သြ၀ါဒခံယူခဲ့ပါတယ်။ အဲဒီလို ခံယူတဲ့နေရာမှာ ကျေးဇူးတော်ရှင် ဥက္ကဋ္ဌဆရာတော်ဘုရားကြီးဟာ မိမိထက် ဂုဏ်၊သိက္ခာ၊၀ါတော် ငယ်တဲ့ သံဃာနာယကဆရာတော်တွေကို ရိုသေစွာလက်အုပ်ချီပြီး မဘသရဲ့ သဘောထားအမှန်နဲ့ ရပ်တည်ချက်ကိုလျှောက်ထားရှင်းပြခဲ့ပါတယ်။

တကယ်က ဆရာတော်ဘုရားကြီးဟာ သံဃာနာယက ဒုတိယဥက္ကဋ္ဌေ ဟာင်းတပါးဖြစ်သလိုလည်း လက်ရှိမှာလည်း နိုင်ငံတော်သြ၀ါဒါစရိယ ဆရာတော်ကြီးတပါးပါ။ ဒါပေမယ့် အမျိုးဘာသာ၊သာသနာ့အတွက် ရိုးကျိုးခယတော်မူတာဖြစ်ပါတယ်။ နှလုံးသဲပွတ်လှိုင်းထရိုက်ခတ်တဲ့အထိ ဆရာတော်ဘုရားကြီးရဲ့ အမျိုးဘာသာ၊သာသနာတော်ကို ချစ်မြတ်နိုးတော်မူတဲ့စိတ်ကို ကြည်ညိုလေးစား အားကျမိပါတယ်။

အဲဒီအချိန်အခါက ပြည်ပသြဇာခံ ဘာသာခြားရဲ့ထောက်ပံ့မှုနဲ့ ရပ်တည်နေတဲ့ အသားထဲကလောက်ထွက်တဲ့ သစ္စာဖောက် မီဒီယာတွေက အမျိုးဘာသာ၊သာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (မဘသ) နဲ့ နိုင်ငံတော်သံဃာမဟာနာယက အဖွဲ့ (မဟန)ကို သွေးထိုးပေးေ နတဲ့အချိန်ဖြစ်လို့ အလွန်အရေးကြီးနေတဲ့ကာလပါ။ မဘသ အဖွဲ့ကြီးကို မဟန နဲ့စင်ပြိုင် သံဃာ့အဖွဲ့အစည်းထောင်တယ်ဆိုပြီး မဘသ နဲ့ မဟနကို ထိပ်တိုက်တွေ့အောင် ကွဲပြားအောင် မီဒီယာမှိုင်းတိုက်နေတာဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးဟာ မိမိရဲ့ ဂုဏ်၊သိက္ခာကိုတောင်ထည့်မတွက်ဘဲ အမျိုးဘာသာ၊သာသနာချစ်မြတ်နိုးတော်မူတဲ့စိတ်တခုတည်းနဲ့ မိမိကိုယ်ကို သာသနာကိုပေးဆပ်ပြီး မဟနဆရာတော်တွေထံ သြ၀ါဒခံယူပြီး မဘသရဲ့ လမ်းစဉ်နဲ့ မူဝါဒကိုလျှောက်ထားရှင်းပြလိုက်တဲ့အတွက် မီဒီယာနဲ့ ဒေါ် လာစားတွေဖြစ်စေချင်သလို ပြိုကွဲတာမျိုး ပြဿနာတစ်စုံတစ်ရာမဖြစ်ဘဲ မဟန ဆရာတော်ကြီးတွေဟာ မဘသရဲ့ အမျိုးဘာသာ၊သာသနာပြုလုပ်ငန်းစဉ်ေ တွကို ယုံကြည်အားပေးလာခဲ့ကြတာဖြစ်ပါတယ်။

       ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးဟာ အမျိုးဘာသာ၊သာ သနာအတွက် ဘ၀တစ်ခုလုံးကို တံတားတစ်စင်းလိုထိုးပေးထားတာပါ၊ ဘာသာ၊သာသနာအတွက် မလိုသူတွေရဲ့ စော်ကားခြင်း၊ကဲ့ရဲခြင်း၊ပြစ်တင်ခြ င်းတွေကို သာသနာ့မျက်နှာ ဘုရားမျက်နှာတစ်ခုတည်းနဲ့ သည်းခံထားခဲ့တာပါတယ်။

သာသနာအတွက်ဆိုရင် ကြီးကြီးငယ်ငယ်၊ရွယ်ရွယ်လတ်လတ်မည်သူကိုမဆို မိမိရဲ့ဂိုဏ်သိရ်ကိုချိုးနှိမ်ပြီး မာနကိုမြေကြီးအထိချထားတဲ့ ဘုရားအလောင်းေ တ်ာလိုစိတ်ဓါတ်တော်ပိုင်ရှင်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ကဆုန်လ ညနေခင်းမှာ စာရေးသူထံကို ဖုန်းတစ်လုံးဝင်လာပါတယ်၊ ဖုန်းကိုကိုင်ပြီး ဘယ်သူလဲ ? လို့ မေးလိုက်တော့ “အင်စိန်ဆရာတော်ပါ”လို့ ဖြေပါတယ်။ “ အင်စိန်ဆရာတော်” လို့အသံကြားလိုက်တော့စာရေးသူရဲ့ ဦးခေါင်း ဟာ တောင်လုံးလောက်ကြီးသွားပြီး လူကလဲ ကောင်းကင်ပေါ်ပျံသွားသ လိုခံစားလိုက်ရပါတယ်။

ကျေးဇူးတော်ရှင် အင်းစိန်ဆရာတော်ဘုရားနဲ့ စာရေးသူဆိုတာက “ကောင်းကင်နဲ့ မြေကြီး” “ရွှေပန်းခက်နဲ့ ကျီးအာရွက်” လို အဆ ရာထောင် မက ကွာခြားလွန်းလှပါတယ်။ ဆရာတော်ဘုရားကြီးလို သံဃာ့ထိပ်ခေါင် တင်သံဃာ့ရာဇာမထေရ်ကျော် တစ်ပါးက စာရေးသူလို အညတြသံဃာငယ် တစ်ပါးကို ဖုန်းဆက်တယ်ဆိုတော့ ဘယ်သူကများ မအံ့သြဘဲ၊၀မ်းမသာ ဘဲ၊ ခေါင်းမကြီးပဲ၊ ကောင်းကင်ပေါ်ပျံတက်သလိုမျိုး မဖြစ်တဲ့သူ ရှိနိုင်ပါ့မလဲ။

“အင်းစိန်ဆရာတော်”လို့ သံဃာ့ပိတာတစ်ပါးက ငါလိုသာမာန်သံဃာငယ် တစ်ပါးကို ဖုန်းဆက်တာ ဖြစ်ကောဖြစ်နိုင်ပါ့မလားလို့ မ၀ံ့မရဲ သံသယစိတ် ၀င်မိပေမယ့် ဆရာတော်ဘုရားကြီးရဲ့ အသံတော်စစ်စစ်ဖြစ်နေတာကြောင့် ရိုသေစွာနာယူ နာထောင်မိပါတယ်။ ဆရာတော်ဘုရားကြီးက စာရေးသူကို ရွာမကျောင်းတိုက်ကို ခေါ်တာပါ ၊ စာရေသူဆရာတော်ဘုရားရဲ့ ထံတော် ပါးကို ရောက်တော့ မဘသဗဟိုမှာ ဘာသာ၊သာသနာလုပ်ငန်းတွေကို ၀ိုင်းဝန်းလုပ်ပေးဖို့ တာဝန်ပေးအပ်ပါတယ်။

ဒီနေရာမှာ ပြောလိုတာက ဆရာတော်ဘုရားကြီးက အမျိုးဘာသာသာသနာ အတွက်ဆိုရင် မိမိကိုယ်ကို ပေးဆပ်ထားတာကိုပါ။ ဆရာတော်ဘုရားကြီးလို ပုဂ္ဂိုလ်မြတ်တစ်ပါးက စာရေးသူလို သာမညရဟန်းတပါးကို အရေးတယူလုပ်စရာတောင်မလိုပါဘူး ဒါပေမယ့် အမျိုးဘာသာ ၊သာသနာအတွက် ကိုယ်တော်ကို ပေးအပ်လှူဒါန်းထားလို့သာ အခုလိုလုပ်နိုင်စွမ်း ရှိတာဖြစ်ပါတယ်။

  ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးဟာ အမျိုးဘာသာသာသနာအ တွက်ဆိုတဲ့ အင်မတန်မြင့်မြတ်တဲ့ သူတော်ကောင်းတို့ထုံး ဘုရားလော င်းတို့ရဲ့ စိတ်နှလုံးမျိုးရှိတော်မူတာဖြစ်ပါတယ်။ ပါတီအတွက်၊ ပုဂ္ဂိုလ်တစ် စုံတယောက်ကောင်းစားရေး၊ ငါကောင်းစားရေးဆိုတဲ့ ကျဉ်းမြောင်းနိမ့်ကျတဲ့ အတွေးမျိုးလုံးဝ ကင်းတော်မူပါတယ်။

ဒါ့ကြောင့်လည်း ဒီမိုကရေစရေလှုပ်ရှုားမှုနဲ့ ပတ်သက်ပြီး ထောင်တွင်း အကျဉ်းကျခံတော်မူခဲ့ရတာဖြစ်ပါတယ်။ ဒါကိုတောင် ဆရာတော်ဘုရားကြီး ဦးဆောင်တဲ့ မဘသ အဖွဲ့ကြီးဟာ ပါတီတစ်ခုရဲ့ လက်ဝေခံဖြစ်တယ်ဆိုပြီး ယုတ်မာသူတွေက လုပ်ကြံကြပါတယ်။ မဘသ အဖွဲ့ကြီးဟာ မည်သည့် အဖွဲ့အစည်းနဲ့မှ မပတ်သက်တဲ့ သာသနာပြုအဖွဲ့ကြီးသာဖြစ်ေ ကြာင်း မဘသ အဖွဲ့ကြီးနဲ့ပတ်သက်ပြီး မည်သူမဆို လွတ်လပ်စွာ မေးမြန်းစုံး စမ်းနိုင်ကြောင်းကို ပွင့်လင်းမြင်သာစွာ ကြော်ငြာဖိတ်ခေါ်ထားပါတယ်။

တကယ်တော့ သူတို့ဟာ ကိုယ့်ရဲ့ ဘာသာ၊သာသနာကိုအလေးမထားတဲ့ အားနည်းချက်ကို ဖုံးကွယ်လိုတာရယ် တခြားပြိုင်ဘက်အဖွဲ့အစည်းကို အလဲထိုးချင်တာရယ်ကြောင့် တချက်ခုတ်နှစ်ချက်ပြတ်သဘောမျိုးနဲ့ မဟုတ်မမှန်လုပ်ကြံပြီး ၀ါဒမှိုင်းတိုက်ပြီး စော်ကားပြစ်မှားခဲ့ကြတာဖြစ်ပါ တယ်။

ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးဟာ မဘသ အဖွဲ့ကြီးမဖွဲ့စည်းခင်က စာဝါပို့ချ ပရိယတ္တိသာသနာပြုတော်မူပြီး စာဝါပိတ်ရင် ကျောင်းတိုက်နဲ့ လာဘ်လာဘကိုစွန့်ပယ်ကာ တောထွက်ကြွပြီး ၀ိပဿရှုပွားပွား တရားအားထုပ်နေတဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။

“ရောက်လာဝန်တာ မရှောင်တာ (ခေါင်းရှောင်တာ) သူဟာ လူ့ဗလ” “ရောက်လာဝန်တာ ဆောင်ရွက်တာ (မရှောင်တာ) သူဟာ ပဏ္ဍိတ ”
ဆိုတဲ့အတိုင်း ဆရာတော်ဘုရားကြီးဟာ ၂၀၁၂ခုနှစ်အတွင်း မြန် မာနိုင်ငံ မှာဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ဘာသာရေးကိုအခြေခံတဲ့ အဓိကရုန်းေ တွဖြစ်ေ ပ်ါပြီး နှစ်ဘက်ဘာသာဝင်တွေ၊ပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ ကိုယ်ဆင်းရဲ၊စိတ်ဆင်းရဲ၊ဘ၀ဆင်းရဲတွေကို ကြားသိ၊မြင်သိရတဲ့အတွက် လွန်စွာထိတ်လန့်သံဝေဂဖြစ်တော်မူပြီး ဒီလိုပြဿနာမျိုးတွေ နောက်ထပ်မဖြစ် ပွားအောင်ဆိုတဲ့ ဘယ်လိုကူညီရမလဲလို့ စဉ်းစာနေခဲ့ပါတယ်။

ဒီအချိန်မှာပဲ သီတဂူဆရာတော်အပါအ၀င် ဆရာတော်များက မဘသအဖွဲ့မှာ အင်းစိန်ဆရာတော်အနေနဲ့ ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး အမျိုးဘာသာ၊သာသ နာအကျိုးဆောင်ရွက်ပေးဖို့ တာဝန်ပေးလာကြပါတယ်။ “ဆရာတော်လည်း အသက်အရွယ် အိုမင်းမစွမ်းဖြစ်သည်ကို ပဓာနမထားဘဲ တိုင်ပြည်နှင့် လူမျိုး၊ ဘာသာ သာသနာအတွက် အသက်အရွယ်ကို မငဲ့ဘဲ စွမ်းနိုင်သလောက်                ဆောင်ရွက်မည်ဟု သန္နိဋ္ဌာန်ချပြီး ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းကို” အမျိုးစောင့် ဥပဒေအောင်ပွဲအထိမ်းအမှတ် အောင်ပွဲသဘင်မှာ မိန့်ကြားတော် မူခဲ့ပါတယ်။

စားလည်း အမျိုးဘာသာသာ၊သာသနာစိတ် ၊ အိပ်လည်း အမျိုးဘာသာ၊ သာသနာစိတ်ပဲရှိတဲ့အကြောင်းကို စာရေးသူကို မိန့်ဖူးပါတယ်။ အမျိုးစောင့် ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက်လည်း “ သစ္စာပြု၊ အဓိဋ္ဌာန်ပြု” ခဲ့တဲ့အကြောင်း ကိုလည်း အောင်ပွဲအခမ်းအနားမှာ မိန့်တော်မူပြီးဖြစ်ပါ တယ်။ ကျေးဇူးတော် ရှင် ဆရာတော်ဘုရားကြီးရဲ့ သစ္စာတော် မေတ္တာတော် အနုဘော်တော်ေ ကြာင့် မြန်မာ့ပြည်အရေးစိတ်အေးသင့်သလောက်အေးရမယ့် အမျိုးစောင့် ဥပဒေကြီးလည်း အောင်မြင်စွာ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးဟာ မဘသ ဥက္ကဋ္ဌတာဝန်ကို တာဝန်ယူဆောင်ရွက်နေတာဟာ ကိုယ်ကျိုးမပါ၊တိုင်းပြည်အကျိုး၊ဘာသာ သာသနာအကျိုး သက်သက်မျှသာဖြစ်ပါတယ်။

မဘသဥက္ကဋ္ဌတာဝန်မယူခင်ကတည်းက ဆရာတော်ဘုရားကြီးဟာ ဘုန်းကံကြီးမား၊ ထင်ပေါ်ကျော်ကြားပြီးသား ဖြစ်ပါတယ်။ တိုင်ပြည်နဲ့ ဘာသာ၊ သာသနာနောင်ရေး ကောင်းစားရေးအတွက်မို့သာ အစွပ်စွဲခံ၊စော်ကား ဒဏ်တွေကို ကြံ့ကြံ့ခံလို့ အနစ်နာခံတော်မူတာဖြစ်ပါတယ်။

မဟုတ်မမှန် လုပ်ကြံပုတ်ခတ်သူတို့ကြောင့် လာဘ်လာဘနည်းပါးမှာ အခြွေအရံသင်းပင်း လျော့နည်းမှာကို စိုးကြောက်ပြီး အမှန်တရားကို မျက်ကွယ်ပြု အမှားကိုဒူးထောက်ကာ သာသနာနောင်ရေးမျက်နှာသာမပေး ဘဲ ငါကောင်းစာရေးအတွက် အမှန်တရားကိုမျက်ကွယ်ပြုသွားကြတဲ့သူတွေ မနည်းပါဘူး။

ဆရာတော်ဘုရားကြီးဟာ အမျိုးဘာသာ၊သာသနာအတွက် အသက်ဆက်နေ သည့် သာသနာ့အာဇာနည်ပီပီ ဘုရားမျက်နှာတော်တစ်ခုတည်းနဲ့ အသက်နဲ့ ခန္ဓာကို ဘုရားရှင်နဲ့ သာသနာတော်ကိုပေးအပ်ပြီး အမျိုးဘာသာသာ၊ သာသ နာပြုခရီးကို ဘုရားအလောင်းတော်စိတ်ဓါတ်နဲ့ ဆက်လက်ချီတက်နေမည် သာဖြစ်ပါတယ်။

(မဘသ၏ ပဲ့ကိုင်ရှင်ဖြစ်တော်မူသည့် ကျေးဇူးတော်ရှင် အင်းစိန်ရွာမဆရာတော် ဘုရားကြီးအား ဤဆောင်းပါးဖြင့် ဦးညွှတ်ကန်တော့ပါ၏)

ဓမ္မ၀ီရ ဒေါက်တာအရှင်တေဇနိယ

Credit----- ဓမ္မ၀ီရဒေါက်တာအရှင်တေဇနိယ

No comments:

Post a Comment