မေတ္တာသုတ်န့ဲ့မရတော့လည်း
•~•~•~•~•~•~•~•~•~•~•~•~•
ပြောကြတယ် ဗုဒ္ဓက အရာရာကိုမေတ္တာနဲ့ 
အောင်ခဲ့တာတဲ့ ဒါ့ကြောင့် မကောင်းတဲ့သူ
တွေကို မေတ္တာပို့ မှ အဆင်ပြေမှာတဲ့
လူတယောက်က အခြားလူတယေက်ကို
သတ်ဖို့ လာနေရင် မေတ္တာပို့ ကြည့်လိုက်
သတ်မဲ့သူဟာ စိတ်ပြောင်းပြီးမသတ်ပဲ
နေရင်နေသွားလိမ့်မယ် ဒါတောင် မေတ္တာ
ပို့ တဲံ့သူရဲ့ သီလသမာဓိပညာ အားအစွမ်းတခုခုရှိမှ ဖြစ်နိုင်တာ
တဦးတယောက်ချင်းစီဆိုရင်တော့
မေတ္တာပို့ရတာ အဆင်ပြေနိုင်တယ်
ဘုရားရှင်လက်ထက်တော်အခါက
ပုထုဇဉ်ရဟန်းအချို့ ကို ဂိုင်းဆရာကြီး
တွေက မဲဆွယ်စည်းရုံးပြီးခေါ်သွားတော့
ဘုရားရှင်ကအဂ္ဂသာဝက နှစ်ပါးကို ချစ်သားတို့ သင်တို့ တပည့်တွေကို ပြန်ခေါ်ခဲ့ကြတဲ့ ခေါ်သွားသူတွေက ကြမ်းတမ်းခက်ထန်တယ် သင်တို့ ကို
ရန်ပြုနိုင်တဲံ့အတွက် ချစ်သားတို့ လည်း
တပည့်တပန်းများများခေါ်သွားကြတဲ့
နောက်တခါ နန္ဒောပနန္တ နဂါးမင်းကို
ဆုံးမတော့ ဘာ့ကြောင့်မေတ္တာနဲ့ မဆုံးမပဲ
တန်ခိုးနဲ့  ဆုံးမခိုင်းတာလည်း
အဖြေက ရှင်းပါတယ်
မေတ္တာနဲ့ ရတာရှိသလို
မေတ္တာနဲ့ မရတာရှိတယ်
ကမ္ဘာပေါ်မှာ ဘာသာလေးခုရှိတယ်
အခြားဘာသာသုံးခုက
သန်းပေါင်း ၅၀၀၀ ကျော်ရှိတယ်
်
ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားက
သန်း ၅၀ ကျော်ရှိတယ် ဒါတောင်
အကုန်မပါဘူး အယူလွဲနေသူတွှေရှိ
သေးတယ်
သန်းငါးထောင်ကျော်ကို
သန်း ၅၀ က ဘယ်လိုမေတ္တာပို့ မလဲ
ပို့ တဲ့သူတွေကလည်း သီလသမာဓိပညာ
မှာ သမာဓိနဲ့ ပညာကိုထားလိုက်
ငါးပါးသီလတောင် ဘယ်နှစ်ပါး လုံသလဲ
ထိရောက်မယ်လို့ ထင်ပါသလား
ပို့ ရမဲ့လူတွေကကော မေတ္တာပို့ လို့
ပြောင်းလဲနိုင်လောက်အောင် ပြည့်စုံရဲ့လား
ဆရာတော်တပါးကို
ကျွန်တော် လျှောက်ခဲ့ဘူးသလိုပါပဲ
သူ့ ကျောင်းက တောရကျောင်းဆိုတော့
မြွေပေါတယ် ကျွန်တော်က ဆရာတော်
မြွေတွေ့ တော့ ဘယ်လိုများကျင့်သုံးသလဲ
ဆိုတော့
မေတ္တာပို့ လိုက်တာပဲကွာ တဲ့
မြွေက သွားလားဆိုတော့
သွားတဲ့မြွေရှိသလို
မသွားတဲ့မြွေလည်းရှိတယ် တဲ့
မသွားတော့ဘယ်လိုဆက်လုပ်လဲ ဆိုတော့
မေတ္တာသုတ်မရတော့လည်း
တုတ်သုတ်ပေါ့ကွာတဲ့
ဗုဒ္ဓသာသနာတော်ကြီး အင်အားနည်း
ပေမဲ့ ဒီနေ့ ထိတည်မြဲနေတာဟာ
မေတ္တာသုတ် ကြောင့်ချည်းမဟုတ်ပါဘူး
လုံ့လထုတ်ပြီးကာကွယ်ခဲ့ရတာတွေ
အများကြီးရှိပါတယ်
မိစ္ဆာဒိဋ္ဌိတွေ အင်အားများလာတာဟာ
ဗုဒ္ဓဘာသာ ပျက်စီးဖို့ အကြောင်းပါ
ဒါ့ကြောင့် မေတ္တာနဲ့ ကာကွယ်ရမှာရှိသလို
အရေးကြုံလာရင် လုံ့ လထုတ်ပြီး ကာကွယ်ရတာမျိုးလည်းရှိပါတယ်
ဒုဋ္ဌဂါမဏိမင်းကြီးတို့ လည် ဒီလိုပါပဲ
လုံ့ လထုတ်ပြီးကာကွယ်ခဲ့တာပဲါ
မေတ္တာပို့ လို့ ရတဲ့အခြေအနေရှိသလို
မေတ္တာပို့ လို့ မရတဲ့အခြေအနေလည်း
ရှိတတ်တာကို နားလည်ပါ
ပုံသေမထားပါနဲ့ 
သာသနာတော်ကိုကာကွယ်ဖို့ 
ပုံသေသတ်မှတ်ချက်မရှိပါဘူး
်
အခြေအနေနဲ့ အချိန်အခါကို
ကြည့်ပြီးကာကွယ်ရမှာပါ
ရဟန်းတော်တွေ နိုင်ငံရေးကိုမပါချင်ပေမဲ့
လူတွေအငြိုငြင်ခံပြီး ပါနေရတာဟာ
အဲဒီလိုအယူအဆကြောင့်ပါပဲ•••
်
No comments:
Post a Comment