Wednesday, March 16, 2016

ရွှေနန်းတော်ကျောင်းကြီးကို

#ရွှေနန်းတော်ကျောင်းကြီးကို ဆောက်လုပ်ခဲ့သည့် လျှို့ဝှက်နည်းပညာရှာဖွေတွေ့ရှိ..
**************************************************
မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်းကြီးကို ရှေးမြန်မာမင်း လက်ထက်က မြန်မာ့လက်သမား ပညာရှင်များ လျှို့ဝှက်နည်းပညာများဖြင့် ဆောက်လုပ်ခဲ့တာတွေ့ရှိရကြောင်း ကမ္ဘာ့ရှေးဟောင်း အဆောက်အဦး ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ WMFမှ အတိုင်ပင်ခံ သစ်သားကျွမ်းကျင်ပညာရှင် ဒေါက်တာ ရူဒီခရစ်ထရီရန်က ပြောကြားသည်။

“ရွှေကျောင်းတော်ကြီးကို လေ့လာရာမှာ ဆန်းကျယ်တဲ့ ကြမ်းခင်းနည်းပညာစနစ်ကို တွေ့ရတယ်။ အဆောက်အဦးနှစ်ခုကို လျှို့ဝှက်နည်းပညာနဲ့ ပေါင်းစပ်ဆောက်လုပ်ထားတာ၊ ခေါင်မိုးနှစ်ခု အလယ်မှာ ဆုံနေတာကို အလယ်ကနေ ရေတလျှောက်နဲ့ ဖုံးထားတာတွေ့ရတယ်။ တကယ် ဒီအဆောက်အဦးမှာက အဆောက်အဦး အကြီးတစ်ခုနဲ့ အသေးတစ်ခုကို ပေါင်းစပ်ပြီး ဆောက်ထားတယ်ဆိုတာ အဲဒီရေတလျှောက်ကို စတွေ့ရာကနေမှ သိရတာ တကယ်အံ့သြသွားမိတယ်။ ကျွန်းတိုင်တွေက အရှေ့ဖက်က တိုင်တွေကပဲ ကြမ်းခင်းကို ဖောက်ထွက်တယ်၊ ကျန်တဲ့တိုင်တွေကို မဖောက်ဘူး။ ကြမ်းခင်းထားတဲ့ နည်းပညာက ၁၈ရာစုအစောပိုင်းက နည်းပညာတစ်ရပ်ပဲ၊ ဒီမှာတွေ့ရှိရတာ တအားအံ့သြမိတယ်”ဟု ဆိုပါသည်။

မန္တလေးမြို့ရှိ ဂျက်ဖာစန်စင်တာတွင် ဖေဖော်ဝါရီ ၃ရက်နေ့က ညနေပိုင်းက ပြုလုပ်သော ဟောပြောပွဲတွင် ဒေါက်တာရူဒီက ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွှေနန်းတော်ကျောင်းကြီးအား ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သော ကျွန်းသားများရရှိပြီးဖြစ်၍ အမေရိကန် သံအမတ်ကြီးများ ရန်ပုံငွေဖြင့် WMFက အမေရိကန်ဒေါ်လာ ငါးသိန်းဖြင့် စတင်ဆောင်ရွက်လျက်ရှိရာ ဆက်လက်၍ အမေရိကန်ဒေါ်လာ တစ်သိန်းခွဲ အကုန်ကျခံ ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

Tomorrow

No comments:

Post a Comment