အကြီးစား လူမိုက်ကြီးများ
•~•~•~•~•~•~•~•~•~•~•
ကမ္ဘာလောကဓာတ်ကြီးတခုလုံးမှာ လူအပါအဝင်
သတ္တဝါအမျိုးအစား မြောက်မြားစွာ ရှိတယ်
အဲဒီအထဲမှာ ကံအကောင်းဆုံးက
လူဆိုတဲ့အမျိုးပဲ နတ်တွေတောင် သေရင်
လူ ဖြစ်အောင်ကြိုးစားလေ့ရှိကြတယ်
အဲဒီ လူဆိုတဲ့ စာရင်းမှာ ကိုယ်ပါနေပြီ
လူတိုင်းကံကောင်းလားဆိုတော့
မကောင်းနိုင်သေးဘူး
ကမ္ဘာပေါ် မှာနိုင်ငံပေါင်း ၂၁၀ ကျော်ရှိပါ
တယ် အဲဒီထဲကမှ ဗုဒ္ဓဘာသာဝင်နိုင်င
ံဟာနည်းနည်းလေးပဲရှိပါတယ်
အဲဒီနည်းနည်းလေးထဲမှာ ကိုယ်ပါနိုင်မှ
ကံကောင်းတာ အခု ကိုယ်ပါနေပြီ
ကမ္ဘာပေါ်မှာ ဘာသာ ကြီး ၄ ခုရှိတယ်
အယူအဆအမျိုးရှိကြတယ် အဲဒီအထဲကမှာ ဗုဒ္ဓဘာသာဝင်ဖြစ်ခွင့်ရှိမှ
ကံကောင်းနိုင်မှာ
အခုအဲဒီအထဲမှာကိုယ်ပါနေပြီ
ဗုဒ္ဓဘာသာဝင်ဖြစ်တာတောင် ဝိပဿ နာ
အားထုတ်ခွင့်ရမှ ကံကောင်းတာ
ယိုးဒယားမှာ လူပေါင်းသောင်းနဲ့ ချီပြီး
ထိုင်နိုင်တဲ့ အထင်ရှားဆုံးဝိပဿ နာ
ကျောင်းဆိုတာဟာ လူသေကောင်တွေ
ကို ရှ့  နေကြတဲ့အဆင့်ပဲရှိတယ် သမထ
အဆင့်ပဲရှိတော့တယ် ဝိပဿ နာ အဆင့်
မဟုတ်တော့ဘူး ယိုးဒယားက ဆရာတော်
ကြီးတွေကိုယ်တိုင်မြန်မာနိုင်ငံကိုလာပြီး
ိဝိပဿနာတရားတွေစနစ်တကျအားထုတ်ကြရတယ်
ဗုဒ္ဓဘာသာဝင်နိုင်ငံတွေထဲမှာမှ အချိန်မရွေး လည်းထိုင်နိုင်တယ် တရားပြဆရာလည်း အပေါဆုံးက
မြန်မာတနိုင်ငံပဲရှိတော့တယ်
အဲဒီအထဲမှာ ကိုယ်ပါနေပြီ
အဲဒီတော့
ပူလောင်လှတဲ့ ကန္ဓာရ ထဲမှာ
သွားနေတဲ့လူတရောက်ဟာ
အရိပ်အာဝါသကောင်းတဲ့ သစ်ပင်
တပင်လည်းတွေ့ တယ် သစ်ပင်အောက်
မှာရှိတဲ့ ရေချမ်းစင်မှာလည်း အလွန်အေးမြလှတဲ့ ရေကိုလည်း
သောက်သုံးခွင့်ရမယ်ဆိုရင်
အဲဒီအခွင့်အရေးကိုလက်လွှတ်ခံသင့်
ပါသလာ်း
အခု အဲဒီလိုအခွင့်အရေးမျိုးကို
ရနေကြတာပါ
သောက်တာ
မသောက်တာ ကတော့
ကိုယ့်သဘောပါပဲ
ကိုယ့်တန်ဘိုးမှ
ကိုယ်မသိရင်တော့
ကိုယ့်ထက်မိုက်တဲ့သူ
မရှိတော့ဘူး
လူမိုက်ကြီးများ
မဖြစ်ကြပါစေနဲ့်
shareု
No comments:
Post a Comment