Friday, March 11, 2016

ရင်နာလို့  မဆုံးဘူး

ရင်နာလို့  မဆုံးဘူး
----------------------

အိန္ဒိယ အခြေခံဥပဒေ ရေးဆွဲခဲ့တဲ့ ဒေါက်တာ
အမ်ဘေကာ ဟာ ဗုဒ္ဓတရားတော်တွေကို
အမီပြု ပြီး ရေးဆွဲခဲ့တာပါ လို့  ဝန်ခံခဲ့ဘူးတယ်

ဂန္ဒီကလည်း ပါလီမန် စနစ်က ဗုဒ္ဓတရားတော်တွေထဲကနေ စီးမြောလာတာပါတဲ့

apple ဥက္ကဋ္ဌ ကလည်း သူ နည်းပညာတွေ
ဖေါ်ထုတ်နိုင်တာဟာ ဗုဒ္ဓတရားတော်တွေရဲ့
ကျင့်စဉ်ကိုကျင့်ပြီး စိတ်ငြိမ်သက်မှု့ရမှ
ဖေါ်ထုတ်နိုင်တာပါတဲ့

ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ ကဏ္ဌ ဇာတ်တော်ကြီးဟာ လူဖြူ လူမည်း ခွဲခြားစရာ
မလိုပဲ အသားဖြူယုံနဲ့ လူဖြူလို့ မခေါ်ပဲ စိတ်ဖြူစင်မှ လူဖြူခေါ်ကြောင်းနဲ့  အသားမဲယုံနဲ့ 
လူမည်းလို့ မခေါ်ပဲ စိတ်ဖြူစင်မှု့မရှိမှ လူမဲ ခေါ်ကြောင်း ဟောထား တဲ့ ဇာတ်တော်ပါ

ဗုဒ္ဓတရားတော်တွေအတိုင်း ကျင့်သုံးနေထိုင်တဲ့
ဘယ်နိုင်ငံမဆို လေ့လာကြည့်ပါ အစွန်းရောက်ဆိုတာမရှိပဲ အေးချမ်းတဲ့ နိုင်ငံ
အဖြစ်သာ တည်ရှိပါတယ်

ဗုဒ္ဓတရားတော်တွေရှိပြီး မကျင့်သုံးနိုင်ကြလို့ သာ
မြန်မာနိုင်ငံကြီး ဖြစ်ချင်တိုင်း ဖြစ်နေတာပါ

တကယ်ဆို

ဥရောပ နိုင်ငံကြီးတွေကျင့်သုံးနေတဲ့ဒီမိုကရေစီ စနစ်ဆိုတာ
ဗုဒ္ဓတရားတော်တွေထဲက စနစ်ကို မမီနိုင်ပါဘူး
မြန်မာနိုင်ငံက မကျင့်သုံးနိုင်လို့ သာ
ဆင်းရဲနေတာပါ

အခြေခံဥပဒေ ပြောင်းရင် စနစ်ပြောင်းပြီ လို့ 
တကယ်လက်ခံထားတယ်ဆိုရင်

ဘာမှ လုပ်မနေပါနဲ့ 

နိုင်ငံ့ခေါင်းဆောင်တွေနဲ့ 
ဆရာတော်ကြီးများ
ရဟန်းပညာရှိ လူပညာရှိများကို
ဖိတ်ခေါ်ဆွေးနွေးပြီး

ဗုဒ္ဓတရားတော်တွေထဲကသာ
ရွေးထုတ်ပြီး
အခြေခံဥပဒေကို
ရေးဆွဲလိုက်စမ်းပါ

တကမ္ဘာလုံးက
အခြေခံဥပဒေတွေအားလုံး
မြန်မာနိုင်ငံကအခြေခံဥပဒေကို
အတုယူရေးဆွဲကြလိမ့်မယ်

မြန်မာ့အရေးကို အမြန်ကယ်တင်ချင်တယ်ဆိုရင်
ဗုဒ္ဓတရားတော်တွေကို ကျယ်ပြန့် အောင်ဆောင်ရွက်ဖို့ အတွက် အရေးတကြီး
ပြုမှုဆောသ်ရွက်ဖို့  လိုအပ်တယ်

အခုတော့

ဗုဒ္ဓတရားတ်ာတွေရှိနေလျှက်ကို
မြန်မာနိုင်ငံမှာ
အဖွဲ့ အစည်းအချင်းချင်း
ပဋိပက္ခတွေ ဖြစ်နေတာဟာ

ရင်နာစရာ ကောင်းတယ်

              ဦးမြင့်ခိုင်

No comments:

Post a Comment