အဖွဲ့ချုပ် ရဲ့လိုအပ်ချက်တွေ
မှားယွင်းမှုတွေရှိရင်လည်းဘေးကကြည့်မနေဘဲ
ဝေဘန်ထောက်ပြပေးပါ ဆိုတဲ့ ပါတီဥက္ကဋ္ဌရဲ့ မေတ္တာရပ်ခံချက်အရ ပြည်သူတစ်ယောက်အနေနဲ့ အဖွဲ့ချုပ်ရဲ့လိုအပ်ချက်တွေကိုဝေဘန် ထောက်ပြရရင်တော့.......
၁။ တပ်မတော်ကို ထိပ်တိုက်
ဆန့်ကျင်တဲ့ နည်းဗျုဟာ ကို
လုံးဝစွန့်လွှတ်ပါ။
ပါတီဥက္ကဋ္ဌကိုယ်တိုင် စစ်သည်တွေ
ဆီအရောက်သွားပြီး ထိတွေ့ရင်းနှီးမှုရယူပါ။ယခင်တပ်မတော်အစိုးရနဲ့ ယခု တပ်မတော်ကို ကွဲကွဲပြားပြားဖြစ်အောင်ကြည့်ပြီးစည်းရုံးရေး နည်းလမ်းနဲ့
ချစ်ကြည်ရေးတည်ဆောက်
ဆက်ဆံသွားဖို့ကလွဲလို့ တခြား
နည်းဗျုဟာ မရှိဘူးဆိုတာ ကို ပထမဆုံးလက်ခံကျင့်သုံးပြဖို့
လိုအပ်နေပါတယ်။
၂။ အစိုးရ လွှတ်တော်မှာ လုပ်ပိုင်ခွင့်
အာဏာ အပြည့်အဝ ရထားပြီးဖြစ်တဲ့ အတွက်တိုင်းပြည်တိုးတက်ရေး ကို
စိတ်ကြိုက်လုပ်လို့ ရပြီဖြစ်လို့ ၅၉စ အတွက် အချိန်ကုန် ခံနေဖို့ မသင့်ပါ။အစိုးရအဖွဲ့ကို ခိုင်ခိုင်မာမာတည်
်ဆောက်ဖို့သာ အာရုံစိုက်လုပ်သင့်တဲ့အချိန်တွေ လွန်နေပြီဖြစ်လို့ အစိုးရဖွဲ့စည်းရေးကိုသာဖိဖိစီးစီး
လုပ်ဖို့လိုအပ် နေပါတယ်။
၃။ လူထုက ယုံကြည်လို့ လူကိုမကြည့်ဘဲ ရွေးပေးလိုက်တဲ့အတွက် စင်ပေါ်ရောက်လာသူတွေ ကို အရည်အချင်း ပြည့်မှီသူတွေဖြစ်အောင် ဘယ်လိုနည်း
လမ်းနဲ့ လက်ပူတိုက်သင်ရမယ်ဆိုတာ အရေးကြီး ကိစ္စတစ်ရပ်
်အဖြစ် စဉ်းစားလုပ်ဆောင်ဖို့
လိုအပ်နေပါတယ်။လူကိုမကြည့်နဲ့၊တာဝန်ယူပါတယ် ဆိုတဲ့ ကတိစကားဟာ မကြာခင်ကိုယ့်ကို
ပြန်ချည်လာတော့မယ်ဆိုတာ
ကို မမေ့ဖို့ လိုပါတယ်။
၎။ ဒေါ်အောင်ဆန်းစုကြည်
အလွန် NLD အစိုးရ မှာ ဆက်ဒမ်ဟူစိန်မရှိတဲ့ အီရတ် ကဒါဖီမရှိတဲ့ လစ်ဗျား လိုမဖြစ်ရအောင် အခု
ကတည်းက တစ်ဦးတည်း အလုံးစုံချုပ်ကိုင်မှုစနစ် ကနေ အဖွဲ့စနစ်ခိုင်ခိုင် မာမာ ရှိတဲ့
ပါတီဖြစ်အောင်အမြန်ဆုံးတည်ဆောက်ဖို့်  လိုနေပါတယ်။
အဖွဲ့ချုပ်အနေနဲ့ ဒီအချက်လေးချက်
ကို အမြန်ဆုံးပြုပြင် လုပ်ဆောင်သွား
ဖို့ လိုအပ်နေပါတယ်လို့ ထင်မြင်ယူဆမိပါတယ်။ ။
ဦးသောင်းအေး
No comments:
Post a Comment