Monday, August 8, 2016

မဘသနဲ့ ပူးပေါင်းကြပါစို့´´ ==ငွေဝင်း(ချောင်းဆုံ)==

``မဘသနဲ့ ပူးပေါင်းကြပါစို့´´
   ==ငွေဝင်း(ချောင်းဆုံ)==
**********************************
''မြန်မာတို့ခေတ်ဟောင်း၊ စေတီနဲ့တန်ဆောင်း၊ ဆည်ချောင်းနဲ့စပါးနှံ၊ရွှေပေါက္ကံပြည်တကြောမှာ၊ ပေါခြင်တိုင်းပေါတဲ့ပြင်၊ ဝပြောတဲ့သာသနာ၊
ခေါင်းလောင်သံညံမစဲရယ်နဲ့၊''(ဆရာဇော်ဂျီ၏ 'ရှေးခေတ်ပုဂံပြည်' မှ-)ရှေးခေတ်ပုဂံပြည် အနော်ရထာမင်းနှင့်ရှင်အရဟံမထေရ်မြတ်တို့ကြောင့် ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးသည် ခေတ်အဆက်ဆက်၊မင်းအဆက်ဆက်တို့ကို ဖြတ်ကျော်လျက်ထောင်စုနှစ် နှစ်ခုကျော်ခဲ့၍ ယခုတိုင် မယိမ်းမယိုင် ခိုင်ခိုင်မြဲမြဲ ဗုဒ္ဓသာသနာထွန်းကားတည်တံ့ဆဲဖြစ်လေသည်။

ကမ္ဘာကျော် ရွှေတိဂုံ၊ ရွှေစည်းခုံ၊ အနန္ဒာစသောစေတီဘုရားများ
ကို ရှေးယခင်ကဲ့သို့ပင်ပြုပြင်ထိန်းသိမ်း ကြည်ညိုပူဇော်လျက်ပင်ဖြစ်ပါသည်။ သို့ရာတွင်ယခုအခါကမ္ဘာ့လူဦးရေသည်သန်းရှစ်ထောင်ခန့်တိုးပွားများပြားလာခဲ့၍ ဤကမ္ဘာမြေမဟီဝယ် ဘာသာရေးဆိုင်ရာအယူဝါဒ၊ ဂိုဏ်းဂဏများ မတူညီကြသည့် အားလျော်စွာ ဘာသာရေးနှင့်ပတ်သက်၍ အချို့မှာ အကြမ်းဖက်မှုဖြစ်ရပ်များလည်း နေ့စဉ်နှင့်အမျှ ကြားသိနေရပေသည်။
အထူးအားဖြင့်အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်လိုကြသည့် အိုင်အက်စ်ခေါ် စစ်သွေြး<ွကအကြမ်းဖက်ဂိုဏ်းအဖွဲ့အစည်းများပင် ရာနှင့်ချီ၍ နိုင်ငံတကာတွင် အခြေပြုလျက်ရှိကြောင်း သိရသည်။

  နိုင်ငံအချို့သည်လည်းလူဦးရေပေါက်ကွဲမှု ကြုံတွေ့နေရလျက် ပိုင်နက်နယ်မြေမှ နိုင်ငံစွန့်ခွာပြီး ရေကြည်ရာမြက်နုရာသို့နည်းမျိုးစုံတို့ဖြင့်ထွက်ခွာလျှက်ရှိကြောင်း လေ့လာတွေ့ရှိရမည်ဖြစ်ပါသည်။အိမ်နီးချင်းပါကစ္စတန်နိုင်ငံအနေဖြင့်၂ဝ၁၄-၂ဝ၁၅ခုနှစ်တွင်အကြမ်းဖက်မှုများကြောင့်အမေရိကန်ဒေါ်လာ ဘီလီယံ (၁ဝဝ)ခန့် ဆုံးရှုံးနစ်နာခဲ့ပါသည်။

  အဆိုပါ ငွေကြေးပမာဏမှာပါကစ္စတန်နိုင်ငံ
၏ပညာရေးဘတ်ဂျက်ထောက်ပံ့မည်ဆိုလျှင်(၁၃၄)နှစ်ကာလအထိလုံလောက်ဖူလုံမည်ဖြစ်ကြောင်း သိရသည်။ထိုနည်းတူ အိုင်အက်စ်နှင့် အယ်လ်ကိုင်ဒါအဖွဲ့များသည် အီဂျစ်၊ ဆီးရီးယား၊ လစ်ဗျား၊အီရတ်ဆိုင်းနိုင်းကျွန်းဆွယ်စသည်များ
တွင်အုံနှင့်ကျင်းနှင့် အစွန်းရောက်အကြမ်းဖက်လု
ပ်ရပ်များကို တိုးမြှင့်လုပ်ဆောင်လျှက်ရှိလေသည်။

အစ္စလာမ်ဘာသာဝင်များသည်ဘာသာရေးဗဟိုပြု ရေရှည်စည်းရုံးရေးနည်းလမ်းဖြင့်စီမံကိန်းချကာ ဆောင်ရွက်နေကြပါသည်။လူဦးရေတိုးပွားစေရန် ငွေကုန်ကြေးကျခံလျှက်အပြင်းအထန် တရစပ်စည်းရုံးလှုပ်ရှားလျှက်ရှိလေသည်။

ကျွန်ုပ်တို့၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံေ
တာ်၏ အနောက်ဖက်တံခါးသဖွယ်ဖြစ်သောရခိုင်ပြ
ည်နယ်နှင့်မိတ္ထီလာမြို့နယ်များတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခမှာထင်ရှားသော ပြယုဂ်ပင်ဖြစ်ပါသည်။ မြန်မာဗုဒ္ဓဘာသာဝင်တိုင်းသည် ဘာသာရေးကို သွေးအေးမနေသင့်တော့ပါ။
  မြတ်စွာဘုရားသခင်၏သားတော်များဖြစ်တော်မူသော သံဃာတော်များအနေဖြင့်အမျိုးဘာသာသာသနာထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတည်းဟူသော တာဝန်ကို မလွှဲမရှောင်သာ ပါဝင်ဆောင်ရွက်ရမည့် အနေအထားသို့ ရောက်ရှိလာခဲ့ရကြောင်းသိ
ရပါသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ရှေးယခင်ကပင် ကျေးဇူးရှင်မင်းကွန်းဆရာတော်ဘုရားကြီးမှ သက်တော်ထင်ရှားရှိစဉ်ကပင် လမ်းညွှန်သြဝါဒပြုထားခဲ့ပေသည်။

ယခုအခါ ပြောင်ပြောင်တင်းတင်း၊ဘာသာရေး၊ နိုင်ငံရေးတွေရောထွေးပြီး
လူမျိုးခြားတို့ အားကိုးရမည့် ပါတီကြီးကို အမှီသဟဲပြုလျှက်၊ ချဉ်းကပ်လျှက်ရှိ၍ အာဏာရပါတီဖြစ်ရေးအလို့ငှာ ဆောင်ရွက်နေကြလေသည်။

မဘသ(ဗဟို)အဖွဲ့တည်းဟူသော ခံတပ်ကြီးသာ အချိန်မီမဖွဲ့စည်းနိုင်ခဲ့ပါမူ ဘာသာခြားတို့၏ အောင်လံတံခွန် လွှင့်ထူနေပေရော့မည်။
မဘသအဖွဲ့ကြီးသည်ကား မဖြစ်မနေဖွဲ့စည်းထူထောင်ရန် အခြေအနေ၊ အချိန်အခါတို့ကတွန်းပို့နေသကဲ့သို့ပင် ဖြစ်လေသည်။

  သာသနာ့အာဇာနည် သီတဂူဆရာတော်ဘုရားကြီး၊အရှင်တိလောကာဘိဝံသ(အင်းစိန်) ရွာမပရိယတ္တိစာသင်တိုက်ဦးဆောင်၍ ရန်ကုန်နှင့် မန္တလေးမြို့မစိုးရိမ်တိုက်ဆရာတော်ဦးဝီရသူတို့ကဲ့သို့ရဲရဲတောက်ပုဂ္ဂိုလ်ကျော်များမှ မြန်မာနိုင်ငံပြည်နယ်/တိုင်းဒေသကြီးများတွင်သာသနာ့မျိုးချစ်ဇာနည်ဘွားပုဂ္ဂိုလ်များအား အသီးသီးတာဝန်ယူကြစေရန် ဖြန့်ကြက်စီမံဆောင်ရွက်ခဲ့ကြောင်း သိရပေသည်။

ဥပမာဖြင့် တင်ပြရပါလျှင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ အခြေတည်ရာ ပညောင်ပင်ကြီးကို သင်းကွပ်ခုတ်ပိုင်း အမြစ်ပါလှန်ကာ ဖျက်ဆီးပစ်ကြမည့် များပြားလှစွာေ
သာ ဘာသာခြား အဖျက်သမားအင်အားစုများနှင့် မိမိတို့၏ထိုညောင်ပင်ကြီး အခက်၊ အလက်၊ အရွက်၊အသီး၊ အညွန့်၊ အဖူးတို့ဖြင့်အေးမြသည့်အရိပ်အာဝါ
သကိုပေးပြီး သစ်တစ်ပင်ကောင်း
လျှင်ငှက်တစ်သောင်းတို့ မှီခိုပျော်စံရာအဖြစ် ကာကွယ်စောင့်ရှောက်ကြသည့် သံဃာတော်များနှင့် အမျိုး ဘာသာ သာသနာကို အသက်ပေး၍ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြမည့်မြန်မာမျိုးချစ်အင်အားစုများမှာ အခြေအနေကို အရိပ်အကဲတကြည့်ကြည့်ပင် ဖြစ်ပါသည်။
မဘသ(ဗဟို)အဖွဲ့အနေဖြင့်လူထုဆက်သွယ်ရေးလမ်းကြောင်းတွင် ထိရောက်သည့်သတင်းမီဒီယာလုပ်င
န်းများ လျင်မြန်သွက်လက်စွာ အစွမ်းထက်ထိမိလျက် အမျိုး ဘာသာ သာသနာအရေးအား ဦးစားပေးရန် အစီအမံများလည်းဆောင်ရွက်ထားပြီးဖြစ်ကြောင်းကြားသိရ၍ ဝမ်းမြောက်ရပါသည်။

တိုင်းပြည်ဦးသျှောင်မည်သည် အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုး၍ ကျန်စစ်မင်းတို့ကဲ့သို့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပါသည်။ အားပေးချီးမြှောက်ရန် လိုအပ်ပါသည်။

ဤသည်ကို သိကြားစေ သက်သေညွှန်းပြုလျှက် (၁၆.၇.၂ဝ၁၅)နေ့ ထုတ်ဝေသော သာကီသွေးဂျာနယ်ဂျာနယ် အတွဲ(၃)၊အမှတ်(၂)တွင် အရှင်တိလောကာဘိဝံသ(အင်းစိန်)မှ 'မကောင်းမြစ်တာဟူသည် မကောင်းမှုဒုစရိုက်များ မလုပ်ရန်၊ အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေး၊ စီးပွားရေး၊ပညာရေး စသည် တိုင်းရေး၊ ပြည်ရေးပါမကျန်မကောင်းသည့်အ
ရာမှန်သမျှကို တားမြစ်ရမည်၊ ဟန့်တားရမည်၊

ဘာသာ သာသနာပျက်သုဉ်းမည့် အိမ်ထောင်ဖက်ရွေး
ချယ်မှုမပြုရန်၊ဘာသာခြား၊ လူမျိုးခြားအတွက် လုပ်နေသောပုဂ္ဂိုလ်များ၊ ပါတီများကို မဲမပေးရန်၊ ဈေးဝယ်ရာ၌ပင် အဆိပ်ပင်ရေလောင်းမဖြစ်ရန်၊ ဘာသာဖျက်မည့်သူများအား ဈေးရောင်းဈေး
ဝယ်အားမပေးရန်၊ တချို့အမျိုးသမီးများ၏ မိမိခန္ဓာကိုယ်ကို လူမျိုးခြား၊ ဘာသာခြားလက်သို့ ပေးအပ်ရုံမက မိမိနိုင်ငံကိုပါ လူမျိုးခြား၊ ဘာသာခြားလက်သို့အပ်ရန် မိစ္ဆာစေတနာပိုနေမှု၊ တစ်လွဲဆံပင်ကောင်းနေ
မှု ပြုလုပ်နေသည်များကိုဟန့်တားရန် စသည်ဟောပြောပေးခြင်း၊ လမ်းညွှန်ပေးခြင်းများသည်လည်း မကောင်းမြစ်တာဟူသော ဘုန်းကြီးအလုပ်ပင်ဖြစ်သည်'ဟူသောလမ်းညွှန်သြဝါဒကထာသည် လမ်းဆုံလမ်းခွတို့၌ ရွှေစာလုံးများဖြင့်ပင် ချိတ်ဆွဲထားအပ်လှပေသည်။

ကျွန်ုပ်တို့၏ အမျိုး ဘာသ သာသနာတော်ကြီးကို စပါးကြီြးေ>ွမမျိုသလို ဝါးမျိုသွားမည့် နိုင်ငံရေးပါတီတစ်ခုအပေါ် နိုင်ငံရေးအာဏာမအပ်နှင်းမိစေဖို့ စိစစ်ရွေးချယ်ဆန္ဒမဲပေးဖို့တော့ လိုပေလိမ့်မည်။ ဒီမြေမှာနေ၊ ဒီရေကိုသောက်၊ ဒီအသီးစားပြီး၊ဒီညောင်ပင်အောက်ကလူတွေကို'ညောင်ပင်တစ္ဆေဝေလေလေ'ဟုညာသံပေးကာ(ဒီမိုကရေစီအရေး၊လူ့အခွင့်အရေး)ဟူသော စကားလုံးတို့ဖြင့် ဟစ်အော်လျှက် ခြောက်လုံးလှန့်လုံးတို့သည် မော်ဒယ်အောက်နေပါပြီ။ ခေတ်ပေါ်သီချင်းတစ်ပုဒ်၏စာသားလို (ပြောလွန်းလွန်းလို့ ရိုးနေပါပြီ)ဟုဆိုရပေမည်။
              မဘသအဖွဲ့သည်အနာဂတ်ကာလနောင်တွင်လည်း အစဉ်အမြဲသာအမျိုးဘာသာသာသနာကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်လျှက်ရှိမည့်နည်းတူတိုင်းသူပြည်သားလူအများတို့မှလည်းလက်တွဲညီညာစုပေါင်းဆောင်ရွက်နိုင်ကြပါစေဟူ၍ဆန္ဒပြုတင်ပြအပ်ပါသတည်း။ ။

ငွေဝင်း(ချောင်းဆုံ)

သာကီသွေးဂျာနယ် အ တွဲ ( ၃ ) ၊ အ မှ တ် ( ၅ )

``မဘသ(ဗဟို)Online Media´´

No comments:

Post a Comment