Wednesday, August 10, 2016

ဗိဿနိုးသမိုင်းဟူ၍ သီးခြားမတွေ့ရပါ..

သမိုင်းအထောက်အထား...

တင်ပြပေးပါမည်..

စာဖက်သူများ..သဘောတရားနဲ့

သိစေချင်လိုပါ...

ရှေ့ဟောင်းသုတေသနမှ..
ရာဇ၀န်မှတ်တမ်းကို...တချို့လူတွေသိစေရန်တင်ပြပေးပါမည်...

ဗိဿနိုးသမိုင်းဟူ၍ သီးခြားမတွေ့ရပါ..

သို့သော်လည်း...တောင်တွင်းကြီးမြို့ သမိုင်း၏ ရှေ့ပိုင်းတွင်းကား ဗိဿနိုးမြို့အကြောင်း
ကို အကျယ်တဝင့်ဖော်ပြထားလေသည်၊

ယင်း တောင်တွင်းကြီးသမိုင်းမှာ ရှေ့ မကျလှသော်လည်း မင်းတုန်းမင်းကြီး
လက်ထက် မြေလပ်စစ်ကဲ နေမျိုးမင်းလှ
သိရိသင်္ခယာ ဘွဲ့ရသော ပုဂ္ဂိုလ်က သမိုင်း
အစောင်စောင်ကို ညှိနိုင်းပြုစုထားသည်ဟု
ဆို၏။
ဗိဿနိုးမြို့ ပန်ထွာပြည်၏ အကြောင်းကို
မဟာသမ္ဘဝနှင့် စူဠသမ္ဘဝ တို့အား ဖောင်နှင့်
မျောလိုက်သော အခန်းမှာ အစပြုထားလေ
သည် ညီနောင်နှစ်ပါးတို့၏ စမြိန်ပွဲတော်ကို
ခိုးယူစားသောက်သော စန္ဒမုခိ ဘီလူးမ၏
လက်ကိုဖမ်းကိုက်မိသည့်ကာလ၊

မာတုဂါမတို့၏  ပဋိသန္ဓေတည်ခြင်းအကြောင်းရှစ်ပါးကို ဆံထုံးကိုကိုင်ခြင်း လက်
ကိုကိုက်ခြင်း ဖြစ်သော အင်္ဂပဉ္စင်္ဂ ပဋိသန္ဓေ
သည်  ထို ဘီလူးမ၏  အမြိုက်ဖြင့် သွန်းသ
ကဲသို့ အစွန့်အညိ ရှိပေသည်။

မဟာသမ္ဘဝနှင့်  စူဠာသမ္ဘဝ တို့၏  ပသာဒ
စက္ကုကို ကုမကြည်လင်စေပြီးသည့်နောက်
တွင် ထွက်ခွာလာခဲ့ရာ ဘီလူးမသည်
တောင်တွင်းကြီးမြို့အနောက်ဘငါးတိုင်ကွာ
သောအရပ်သို့ ရောက်လျင် သားမိန်းမ တစ်ယောက်ဖွားမြောက်မျက်နာမြင်လေသည်။

ထိုအရပ်တွင်လည်း တစ်ဦးသော ရသေ့သည်  ကမ္မဌာန်းစီးဖြန်းသီတင်းသုံး၍
နေ၏၊ ထိုရသေ့သည် နေ့ဆွမ်း အလို့ငှါ
သစ်သီး ရှာမှီး သွားလာခိုက်  ဘီလူးမနှင့်
ကလေးငယ်ကို တွေ့မြင်ရာတွင် သူတပါး
သမီးကို စားအံ့သောငါ ခိုးယူလာသည်
အထင်ဖြင့် ချောက်လှန့်လွှတ်လိုက်လေသည်။

ဘီလူးမသည် ကလေးငယ်ကို ပြစ်ခွာပြေးသ
ဖြင့် ရသေ့က ကျန်ရစ်သောသမီးငယ်ကို
ကောက်ယူမွေးစားထားခဲ့ပါသည်။

သမီးငယ်သည်ကြီးပြင်းလာတဲ့အခါ...

မှတ်ချက်...သုသေတနနှင့် မဆိုင်ပါ..
စာဖက်သူအတွက်..ဗဟုသုတပါ...

ရှေ့ဟောင်းသုသေန..ဦးအောင်သော်..

ဆက်လက်တင်ပြပါမည်။

အားလုံးကျေးဇူးတင်ပါသည်..

အမှားအမှန်ရှိခဲ့ရင် ဝင်ရောက်အကျန်ပြုနိုင်
ပါသည်.....

No comments:

Post a Comment