Monday, August 8, 2016

ဘယ်သူလိုက်မှာလဲ

ဘယ်သူလိုက်မှာလဲ
==============
အာဇာနည်
သူရဲကောင်းတွေကို
ကောင်းကင်ကဦးညွတ်လျက်
မြေပြင်က ရင်ဖွင့်လျက်
ကြယ်စင်တွေက လင်းလက်လျက်..

ဒို့မြန်မာမြေမှာ
နိုင်ငံအတွက် ပေးဆပ်
ုမြတ်သော အာဇာနည်တွေ..

ဒို့မြန်မာမြေမှာ
ငြိမ်းချမ်းရေးအတွက် ပေးဆပ် မြတ်သောအာဇာနည်တွေ...

ဒို့မြန်မာမြေမှာ
လောကအတွက် ပေးဆပ်
မြတ်သောအာဇာနည်တွေ...

သူတို့ရဲ့
သွေးတွေ
သည်မြေမှာမခမ်းသေးဘူး...

သူတို့ရဲ့
စိတ်ဓာတ်တွေ
သည်မြေမှာ မပြတ်သေးဘူး..

သူတို့ရဲ့
နှလုံးသားတွေ
သည်မြေကို ထွေးပွေ့ထားဆဲ..

သူတို့ရဲ့
မျှော်လင့်ခြင်းပန်းတိုင်
လှမ်းကိုင်ဖို့က
ဒို့တွေရဲ့တာဝန်...

ကဲ...
သွေးကွဲ
သွေးခွဲသူတွေ ဘေးဖယ်..

အမှန်တရားအတွက်
ဘဝနဲ့အတ္တကို ပေးဆပ်
မြင့်မြတ်သူတွေ...

ငြိမ်းချမ်းရေးအတွက်
သွေးရဲသူတွေ..

သည်ပြည်အတွက်
လိုက်ရဲတဲ့သူ
လက်တွဲ လက်မြဲ
သတ္တိဇွဲနဲ့ ရှေဆက်ကြစို့...

.......................ကိုလင်း

No comments:

Post a Comment