Thursday, August 18, 2016

သမိုင်းတွင်ခဲ့ပေမယ်.... သမိုင်းပျောက်ကာ လူသိနည်းသွားခဲ့ရသော.....

#သမိုင်းတွင်ခဲ့ပေမယ်....
သမိုင်းပျောက်ကာ လူသိနည်းသွားခဲ့ရသော.....

#စန္ဒာမုနိရုပ်ပွားတော်နှင့်စေတီတော်

ယင်�း�ရုပ်�ပွား�တော်�နှင်�့�စေတီ�တော်�သည်� ကုသိုလ်��တော်�ဘုရား၏ အ�နောက်�ဖက်�တွင်�ကပ်�လျက်�ရှိပါသည်�။
ကုသိုလ်တော် ဘုရားကဲ့သို့ပင် ကျောက်စာချပ်စေတီများ အစီအရီ ဖြင့် တည်ရှိနေသည်။

စန္ဒာမုနိဘုရားဟု ရောက်ဖူးသူတိုင်းသိကြသော်လည်း သမိုင်းအစဉ်လာ ကြီးမားခဲ့ကြသည်ကို မသိကြပါ။

မိမိလည်းလေ့လာရင်း လေ့လာရင်းနဲ့ ရုပ်ပွားတော်၏သက်တမ်းနှင့် သမိုင်းတွင် ကုန်းဘောင်မင်းဆက် ငါးဆက်တိုင်အောင်
နန်းစဉ် မင်းဆက် ကိုးကွယ်ခဲ့သော ရုပ်ပွားတော် ဖြစ်နေသည်ကို သိခဲ့ရကာ အလေးအနက် ကြည်ညိုမိခဲ့ပါသည်။

စန္ဒာမုနိ စေတီနှင့်ရုပ်ပွားတော်သည် တနေရာတည်းပင် ဖြစ်နေသော်လည်း သမိုင်းကြောင်းကာ မတူကြပေ။

ရုပ်ပွားတော်ကို ၁၁၆၄ ခုတွင် ဘိုးတော်မင်းတရာက သံချိန်ပေါင်း ၁၁၃၆၈ ပိဿာ တို့ဖြင့် သွန်းလောင်း ခဲ့သည်။

မြန်မာနိုင်ငံတွင် သံရည်ကျို၍ ပထမဆုံး ပြုလုပ်ထားသောရုပ်ပွားတော် ဖြစ်သည်ဟုဆိုသည်။

ထိုရုပ်ပွားတော်ကို မင်းကွန်းနန်းတော်၏ အနီးတွင် ဘိုးတော်ဘုရားက ရဟန္တာ ၈၀ သောရုပ်ပွားတော်များနှင့်အတူ ပူဇော်ကိုးကွယ်ခဲ့သည်။

၁၁၇၇ ခုတွင် အမရပူရသို့ ပင့်ဆောင်ကိုးကွယ်ခဲ့သည်။
အမရပူရတွင်လည်း ရုပ်ပွားတော်
နှင့်အတူစေတီကြီးတစ်ဆူတည်ကာ ကိုးကွယ်ခြက်ဖြစ်သည်။ ယင်းစေတီကို စန္ဒာမုနိစေတီ ဟုပင်ခေါ်ကြသည်။

ထို့နောက် ဘကြီးတော်မင်းလက်ထက်တွင် အင်းဝသို့ပင့်ဆောင်ကာ မဟာမြတ်မုနိဘုရားတွင် ကိုးကွယ်ရန် ထားရှိခဲ့သည်။

ထိုမှတဖန် သာယာဝတီမင်း လက်ထက်တွင် အမရပူရသို့ ပြန်လည်ပင့်ဆောင်ခဲ့ပြန်သည်။

အမရပူရတွင် ၂၉ နှစ်ကြာ မင်းအဆက်ဆက် ကိုးကွယ်ကြပြီးနောက်
၁၂၂၉ ခုနှစ်တွင်း မင်းတုန်းမင်းက မန်းလေးတောင်ခြေသို့ ပင့်ကာ ကိုးကွယ်ခဲ့သည်။

ယင်းရုပ်ပွားတော်တည်ထားသော နေရာတွင် ရှိသောစေတီကိုလည်း စန္ဒာမုနိစေတီဟုပင်ခေါ်ကြသည်။

အမှန်မှာ စန္ဒာမုနိစေတီသည် မန်းလေးနန်းတော်တည်ဆောက်စဉ်က ယာယီစံနန်းနေရာ ဖြစ်သည်။

မင်းတုန်းမင်း၏ သားတော်များဖြစ်သော မြင်ကွန်း မြင်းခုန် မင်းသားတို့၏ လုပ်ကြံမှုတွင့်
မင်းတုန်းမင်း အသက်ဘေးမှ လွတ်ခဲ့သော်လည်း
ီညီတော်ကနောင်မင်းနှင့်အတူ သားတော် ၃ ပါး အသတ်ခံခဲ့ရသော နေရာဖြစ်သည်။

ယက်းနေရာမှာပင် ဂူသွင်းသင်္ဂြိုကာ
အထိမ်းမှတ်အုတ်ဂူဆောက်ကာ လွမ်းစေတီတည်ထားခဲ့ခြင်း ဖြစ်လေသည်။
ယင်းစေတီ၏ အရှေ့ဘက်တွင် အမှတ်သားကျောက်စာချပ် ရှိနေသေးသည်။

ထိုစေတီ၏ ဘေးတွင် ပြာသာဒ်နှင့်အတူ စန္ဒာမုနိရုပ်ပွားတော်ကို ကိုးကွယ်ထားရှိသောကြောင့် စန္ဒာမုနိ ဘုရားဟု လူသိများကြသည်။

ထို့ကြောင့် ရုပ်ပွားတော်သည် ဘုရင်စဉ်ဆက် နန်းစဉ်မပြတ် ကိုးကွယ်ခဲ့သော ရုပ်ပွားတော် ဖြစ်သည်။

၁၁၆၄ ခုနှစ်တွင် သွန်းလောင်းခဲ့သောကြောင့် ယခုဆိုလျှင် နှစ်ပေါင်း ၂၀၀ ကျော်နေပြီဖြစ်သည်။

သို့ပေမယ့် 
ဘေးမှ ကုသိုလ်တော်ဘုရား' ကျောက်တော်ကြီး'မန်းတောင် စသော တန်ခိုးကြီး ဘုရား စေတီ များ၏ကျော်ကြားမှုတို့က လွှမ်းမိုးနေခြင်းကြောင့် စန္ဒာမုနိဘုရားသည် လူသိနည်း မျက်နာ ငယ်ရသော အဖြစ်သို့ ရောက်နေခဲ့သည်။

မြန်မာနိုင်ငံတွင် သံရည်သွန်းလောင်း ပထမဆုံးသော ရုပ်ပွားတော် ဖြစ်ပြီး ကုန်ဘောင်မင်းဆက် ၅ ဆက်တိုင် ကိုးကွယ်ခဲ့ကာ နှစ်ပေါင်း ၂၀၀ ကျော် နေပြီဖြစ်သော စန္ဒာမုနိ ရုပ်ပွားတော်မြတ်ကို
ကပ်ကျော်၍ မသွားသင့်ပဲ တခုတ်တရ ဖူးမျော်သင့်ပါသည်။

စေတီဝန်းထဲမှ ကျောက်စာနှင့်စေတီများကို ရသ့ကြီးဦးခန္တီမှ အဋ္ဌကထာ ဋီကာများကို ကျောက်ထက်တင်၍ စေတီဖြင့်ငုံကာ ၁၂၇၅ ခု နယုန်လဆန်း ၈ ရက်နေ့မှ စတင်ကာ တည်ဆောက်ခဲ့ခြင်း ဖြစ်ပေသည်။
စေတီအရေအတွက်မှာ ၁၇၇၄ ဆူရှိကြောင်း မှတ်တမ်းတင်ထားပါသည်။

ထို့ကြာင့်
#စန္ဒာမုနိ ရုပ်ပွားတော်သည်
နှစ်ပေါင်း ၂၀၀ ကျော်ကာ

#စေတီတော်သည်
နှစ်ပေါင်း ၁၅၀ ကျော် ၍

#ကျောက်စာချပ်စေတီများမှာ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိနေသည်ကို အံသြဖွယ် မတူထူးခြား ဖြစ်စဉ်များအဖြစ် လေ့လာ သိရှိခဲ့ရပါသည်။

#အရာဝတ္ထု တစ်ခု၏ တန်ဘိုးသည်
ထိုအရာဝတ္ထု ဖြစ်ပေါ်လာရခြင်း၏
သမိုင်းကို သိပါမှ တန်ဘိုးထား ချစ်တတ် မြတ်နိုးတတ် ပူဇော်တတ်လာပေမည်။

ထို့ကြောင့် အရာဝတ္ထု တစ်ခု
ဖြစ်ပေါ်လာရခြင်း၏သမိုင်းကြောင်း လေ့လာရန်လိုအပ်ပေသည်။

                    #အရှင်ကစ္စာယန .(စကားဝါမြေ)

No comments:

Post a Comment