" ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တော်၌ ဧတဒဂ်ရ ရဟန္တာပုဂ္ဂိုလ်ထူးများ"
===============================================
၁ ။ အရှင်ကောဏ္ဍညမထေရ် ဝါရင့်ခြင်း ရတ္တညူအရာ၌ ဧတဒဂ် ရတော်မူပါတယ်
၂။ အရှင်သာရိပုတ္တရာမထေရ် ဉာဏ်ပညာကြီးခြင်းအရာ၌ ဧတဒဂ် ရတော်မူပါတယ်
၃။ အရှင်မဟာမောဂ္ဂလာန်မထေရ် တန်ခိုးဣဒ္ဓိပါဒ်ကြီးခြင်းအရာ၌ ဧတဒဂ် ရတော်မူပါတယ်
၎။ အရှင်မဟာကဿပမထေရ် ဓုတင်ဆောင်ခြင်း အရာ၌ ဧတဒဂ် ရတော်မူပါတယ်
၅။ အရှင်အနုရုဒ္ဓါမထေရ် ဒိဗ္ဗစက္ခုအဘိညာဉ် အရာ၌ ဧတဒဂ် ရတော်မူတယ်
၆။ အရှင်ဘဒ္ဒိယမထေရ် အမျိုးမြတ်ခြင်းအရာ၌ ဧတဒဂ် ရတော်မူပါတယ်
၇။ အရှင်လကုဏ္ဍကဘဒ္ဒိယမထေရ် အသံသာယာခြင်းအရာ၌ ဧတဒဂ် ရတော်မူပါတယ်
၈။ အရှင်ပိဏ္ဍောလဘာရဒွါဇမထေရ် ရဲတင်းသောစကားကို ဆိုရာ၌ ဧတဒဂ် ရတော်မူပါတယ်
၉။ အရှင်မန္တဏိပုတ္တပုဏ္ဏမထေရ် ဓမ္မကထိက အရာ တရားဟောခြင်း အရာ၌ ဧတဒဂ် ရတော်မူပါတယ်
၁၀။ အရှင်ကစ္စည်းမထေရ် အကျဉ်းကို အကျယ်ဟောခြင်း အရာ၌ ဧတဒဂ် ရတော်မူပါတယ်
၁၁။ အရှင်မဟာပန္တကမထေရ် အရူပဈာန်မှ ထ၍ ရဟန္တာဖြစ်ခြင်းအရာ၌ ဧတဒဂ် ရတော်မူပါတယ်
၁၂။ အရှင်စူဠပန္တကမထေရ် မနောမယ အဘိညာဉ် ဖန်ဆင်းခြင်းအရာ၌ ဧတဒဂ် ရတော်မူပါတယ်
၁၃။ အရှင်သုဘူတိမထေရ် အပြစ်မရှိသောနေခြင်းနှင့် အလှူခံထိုက်ခြင်းအရာ၌ ဧတဒဂ် ရတော်မူပါတယ်
၁၄။ အရှင်ခဒိရဝနိယရေဝတမထေရ် တောရဆောက်တည်ခြင်းအရာ၌ ဧတဒဂ် ရတော်မူပါတယ်
၁၅။ အရှင်ကင်္ခါရေဝတမထေရ် ဈာန်ဝင်စားခြင်းအရာ၌ ဧတဒဂ် ရတော်မူပါတယ်
၁၆။ အရှင်သောဏဇောဠိဝီသမထေရ် လုံ့လဝီရိယကြီးခြင်းအရာ၌ ဧတဒဂ် ရတော်မူပါတယ်
၁၇။ အရှင်သောဏကုဋိကဏ္ဏမထေရ် အဟောအပြောကောင်းခြင်း အရာ၌ ဧတဒဂ် ရတော်မူပါတယ်
၁၈။ အရှင်သီဝလိမထေရ် လာဘ်လာဘ ပေါများခြင်းအရာ၌ ဧတဒဂ် ရတော်မူပါတယ်
၁၉။ အရှင်ဝက္ကလိမထေရ် သဒ္ဓါတရားလွန်ကဲခြင်းအရာ၌ ဧတဒဂ် ရတော်မူပါတယ်
၂၀။ အရှင်ရာဟုလာမထေရ် သိက္ခာသုံးပါး ကျင့်ဆောင်ခြင်းအရာ၌ ဧတဒဂ် ရတော်မူပါတယ်
၂၁။ အရှင်ရဋ္ဌပါလမထေရ် သဒ္ဓါတရားဖြင့် ရဟန်းပြုခြင်း အရာ၌ ဧတဒဂ် ရတော်မူပါတယ်
၂၂။ အရှင်ကုဏ္ဍဓာနမထေရ် စာရေးတံမဲ ပထမယူခြင်းအရာ၌ ဧတဒဂ် ရတော်မူပါတယ်
၂၃။ အရှင်ဝင်္ဂီသမထေရ် ဖွဲ့ဆိုသီကုံးမူ့၌ ဉာဏ်ပဋိဘာန်ရှီခြင်းအရာ၌ ဧတဒဂ် ရတော်မူပါတယ်
၂၄။ အရှင်ဥပသေနဝင်္ဂန္တမထေရ် ကြည်ညိုဖွယ်ရာဖြစ်ခြင်း အရာ၌ ဧတဒဂ် ရတော်မူပါတယ်
၂၅။ အရှင်ဒဗ္ဗမထေရ် သံဃာတော်များအတွက် နေရာချထားခြင်း အရာ၌ ဧတဒဂ် ရတော်မူပါတယ်
၂၆။ အရှင်ပိလိန္ဒဝစ္ဆမထေရ် နတ်တို့ချစ်မြတ်နိးခြင်း အရာ၌ ဧတဒဂ် ရတော်မူပါတယ်
၂၇။ အရှင်ဗာဟိရဒါတုစိရိယမထေရ် လျင်မြန်စွာ ထိုးထွင်း၍ သိတော်မူခြင်း အရာ၌ ဧတဒဂ် ရတော်မူပါတယ်
၂၈။ အရှင်ကုမာရကဿပမထေရ် ဆန်းကြယ်စွာ တရားဟောခြင်း အရာ၌ ဧတဒဂ် ရတော်မူပါတယ်
၂၉။ အရှင်ကောဌိကမထေရ် ပဋိသမ္ဘိဒါလေးပါးရခြင်း အရာ၌ ဧတဒဂ် ရတော်မူပါတယ်
၃၀။ အရှင်အာနန္ဒာမထေရ် အကြားအမြင်များခြင်း သတိကောင်းခြင်း လုံ့လဝီရိယကြီးခြင်း ဉာဏ်ကောင်းခြင်း အလုပ်အကျွေးအပြုအစုကျင့်ခြင်း အရာ၌ ဧတဒဂ် ငါးတန်ရရှိရာ၌ ဧတဒဂ် ရတော်မူပါတယ်
၃၁။ အရှင်ဥရုဝေလကဿပမထေရ် အခြွေအရံများခြင်း အရာ၌ ဧတဒဂ် ရတော်မူပါတယ်
၃၂။ အရှင်ကာဠုဒါယီမထေရ် ဆွေတော်မျိုးတော်တို့ကို ကြည်ညိုစေခြင်း အရာ၌ ဧတဒဂ် ရတော်မူပါတယ်
၃၃။ အရှင်ဗာကုလမထေရ် ကျန်းမာရေးနှင့် ပြည့်စုံခြင်း အရာ၌ ဧတဒဂ် ရတော်မူပါတယ်
၃၄။ အရှင်သောဘိတမထေရ် ပုဗ္ဗေနိဝါသနုဿတိအဘိညာဉ်အရာ၌ ဧတဒဂ် ရတော်မူပါတယ်
၃၅။ အရှင်ဥပါလိမထေရ် ဝိနည်းဆောင်ခြင်း အရာ၌ ဧတဒဂ် ရတော်မူပါတယ်
၃၆။ အရှင်နန္ဒကမထေရ် ဘိက္ခုနီတို့အား ဆုံးမခြင်းအရာ၌ ဧတဒဂ် ရတော်မူပါတယ်
၃၇။ အရှင်နန္ဒမထေရ် ဣနြေ္ဒစောင့်ခြင်းအရာ၌ ဧတဒဂ် ရတော်မူပါတယ်
၃၈။ အရှင်မဟာကပ္ပိနမထေရ် ရဟန်းများအား ဆုံးမခြင်းအရာ၌ ဧတဒဂ် ရတော်မူပါတယ်
၃၉။ အရှင်သာဂတမထေရ် တေဇောဓာတ် သမာပတ်ဝင်စားရာ၌ ဧတဒဂ် ရတော်မူပါတယ်
၄၀။ အရှင်ရာဓမထေရ် ဒေသက ဘုရားရှင်အား ဒေသနာဉာဏ်အဆင့်ဆင့် ပွင့်စေခြင်းအရာ၌ ဧတဒဂ် ရတော်မူပါတယ်
၄၁။ အရှင်မောဃရာဓမထေရ် ခေါင်းပါးသောအကျင့်ကို ဆောင်ခြင်းအရာ၌
ဧတဒဂ် ရတော်မူပါတယ်
ဦးသက်စိန် (ဖြူး) မြတ်ဗုဒ္ဓသာသနာ့အခြေခံ စာအုပ် နှာ 648/649/650/651
................................................Posted by Pearl Treasure
No comments:
Post a Comment