Monday, August 8, 2016

မင်္ဂလာပါ"နှုတ်ခွန်းဆက်ခြင်းနှင့် မင်္ဂလာတရား●

●"မင်္ဂလာပါ"နှုတ်ခွန်းဆက်ခြင်းနှင့် မင်္ဂလာတရား●
_____________________________________
■လက်အုပ်ချီပြီး "မင်္ဂလာပါ"လို့ နှုတ်ဆက်မည့်သူဟာ မျက်နှာပြုံးရွှင်စွာနဲ့ နှုတ်ဆက်နိုင်ဖို့ ရှေးဦးစွာ မိမိရဲ့စိတ်ကို ကောင်းမွန်ပျော့ပျောင်းအောင် ပြုပြင်လိုက်ရပါတယ်…ဒါဟာ အတ္တသမ္မာပဏိဓိမင်္ဂလာပါ။

■နှုတ်ဆက်တဲ့အခါမှာ မိမိ၏မာန်မာနကို နှိမ့်ချ၍ သူတပါးအား ရိုသေခြင်းအမူအရာ၊မိမိကိုယ်ကို နှိမ့်ချခြင်းအမူအရာနဲ့ လက်အုပ်ချီရပါတယ်… ဒါဟာ ဂါရဝမင်္ဂလာ,နိဝါတမင်္ဂလာ ပါ။

■ပြုံးရွှင်စွာနဲ့ "မင်္ဂလာပါ"လို့ နှုတ်ခွန်းဆက်တာဟာ ကြားရသူဘဝင်မှာတွယ်ငြိသည့် ချိုသာသည့်စကားကို ပြောဆိုတာဖြစ်ပါတယ်… ဒါဟာ ဉာတိသင်္ဂဟမင်္ဂလာ, သုဘာသိတမင်္ဂလာပါ။

"မင်္ဂလာပါ"လို့ နှုတ်ခွန်းဆက်လေ့ရှိသူများဟာ
ဘုရားရှင်ဟောကြားထားသည့် မင်္ဂလာတရားများထဲက
၁။အတ္တသမ္မာပဏိဓိ မင်္ဂလာ
၂။ဂါရဝ မင်္ဂလာ
၃။နိဝါတ မင်္ဂလာ
၎။ဉာတိသင်္ဂဟ မင်္ဂလာ
၅။သုဘာသိတ မင်္ဂလာ စတဲ့ မင်္ဂလာတရားများစွာ ဖြစ်ပွါးနေမှာဖြစ်ပါတယ်…

ဒါကြောင့် လက်အုပ်ချီကာ "မင်္ဂလာပါ" လို့ နှုတ်ဆက်သည့် အလေ့အကျင့်များ ကျင့်သုံးကြပါ လို့ အားလုံးကို မေတ္တာရှေ့ထား တိုက်တွန်းစကားလေး ဆိုပါရစေ……။ပြန်လည်မျှဝေချက်ပေါ့

No comments:

Post a Comment