Monday, August 22, 2016

သန္တတိအမတ်ကြီး လူဝတ်ဖြင့်ရဟန္တာဖြစ် သွားသော ဂါထာ

သန္တတိအမတ်ကြီး လူဝတ်ဖြင့်ရဟန္တာဖြစ်
သွားသော ဂါထာ
------------------------------

ယံ ပုဗ္ဗေ တံ ဝိသောသေဟိ
ပစ္ဆာ တေ မာဟု ကိဉ္စနံ
မဇ္ဈေစေနော ဂဟေဿတိ
ဥပသန္တော စရိဿတိ

ပုဗ္ဗေ ရှေးလွန်ခဲ့ပြီး ချုပ်ခဲ့ပြီးသော ရုပ်နာမ်
သင်္ခါရတို့ ၌ ယံယေ ကိလေသာ အကြင်ကိလေသာ
တို့ သည် ဥပ္ပဇေယျုံ ဖြစ်နိုင်ကုန်၏ ဖြစ်ထိုက်ကုန်၏
တံတေ ကိလေသာ အတိတ်သင်္ခါရတို့ ကိုစွဲ၍
ဖြစ်ထိုက်သော ထိုကိလေသာတို့ ကို ဝိသောသေဟိ
ခြောက်သွေ့ စေပါလော့  ပစ္ဆာယ နောင်ဖြစ်လတ္တံ့သော
ရုပ်နာမ်သင်္ခါရတို့ ၌  တေ သင့်အား ကိဉ္စနံ
ရာဂစသောကြောင့်ကြမှု့ သည်  မာအဟု မဖြစ်ပါစေလင့် မဇ္ဈေ အလယ်ပိုင်း ရုပ်နာမ်
ပစ္စုပ္ပါန် သင်္ခါရတို့ ကို စေနော ဂဟေဿတိ
အကယ်၍ တဏှာဒိဋ္ဌိဖြင့် မစွဲယူငြားအံ့
ဧဝံသတိ ဤသို့ ဖြစ်လတ်သည်ရှိသော် တွံ့  သင်သည်
ဥပသန္တော ကိလေသာအပူမီး ငြိမ်းအေးပြီးသည်ဖြစ်၍
စရိဿတိ  နေထိုင်ရပေလတ္တ့ံ

အဓိပ္ပါယ်ကတော
အနာဂတ်တွေ အတိတ်တွေကို
တွေးမနေပဲ
ပစ္စုပ္ပန် တည့်တည့် ရှု့ ခိုင်းတာပါပဲ

သူက ပါရမီပြည့်လို့ ရသွားတာပါ
ကိုယ်တွေက ပြည့်မပြည့်မသိနိုင်ဘူး
ကိုယ်လည်း ပါရမီပြည့်ပြီးသားဆို
ရသွားနိုင်တာပါပဲ

No comments:

Post a Comment