( ရဟန်းနဲ့ လမ်း )
သမုဒယ စခန်းလွှဲဖို့
အခုကတည်းက လမ်းခွဲပါစို့ကွယ် ။
သာသနာ ရှေ့အရေးကိုလ
မကြာမကြာ မျှော်တွေးမိလေတော့
အဖော်ဆွေးဆိုတာ ဒီဘဝ
မေ့ပါရစေ တကယ်
မြတ်ဗုဒ္ဓ သာသနာဝယ်
ပျော်လိုက်မယ် သိက္ခာနဲ့ ။
သံယောဇဉ် အပူမဆွေးပါနဲ့
အခုဝေးတာ အမှန်လမ်းပါပဲ
မြတ်ရဟန်းဘောင် မရွေ့ထိုက်လို့ရယ်
မေ့လိုက်ပါကွဲ့ ။
ဗေဒါ
( ပုံလေးမြင်ရတော့ တွေးမိသလို ရေးဖွဲ့လိုက်မိတယ်
ဘေးတော့ မရှိလောက်ပါဘူး )
No comments:
Post a Comment