Monday, August 22, 2016

ရဟန်းတပါးရဲ့ အိပ်မက်

#ရဟန်းတပါးရဲ့ အိပ်မက်

                        [ ၁ ]
    အစ်ကိုလိုဆရာလို ချစ်ခင်လေးစားရတဲ့ ရွာသားဦးဇင်းတပါးဆီက ရလာတဲ့စာအုပ် နှင့်သင်္ကန်းလေးတစ်စုံကို ကုတင်ပေါ် ပြစ်တင်လိုက်ပြီး ကျနော်ငေးငိုင်နေမိသ ည်။ စိတ်ကလည်း လေးလံထိုင်းမှိုင်းရာက နေ တောင်ရောက် မြောက်ရောက်။ " မင်း အဲဒီကျောင်းနေကွ၊ငါတော့ မနေဘူး၊ အဲကျောင်းမှာနေရင်း ရွာက ကိုရင်ကြီး မိန်းမရသွားတာကွ "ဟိုး အရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုဆီက ၁၂နှစ်သားအရွယ်ကျနော်တို့ ဒီလိုစကားအချည်အချပြောရင်း သူငယ်ချင်းမနေချင်တဲ့စာသင်တိုက်လေး မှာကျနော်နေခဲ့ရတာကို အမှတ်ရမိသည်။ (အခုတော့ ကျနော့်စာသင်ဖက်မှာ ကျန်းမာရေးညံ့လို့ လူထွက်သွားပါပြီ)

" ဆရာကြီးလားဆေးမှုနဲ့ထောင်နှစ်နှစ်ဆယ်ကျနေတယ်လို့ကြားတယ် ၊မန္တလေး အိုးဘိုထောင်မှာဆိုလားပဲ"ဝါအတော်ကြီးရမှမိန်းမငယ်ငယ်လေးရပြီး ဗရုတ်သုက္ခ ဖြစ်သွားရရှာတဲ့ ငယ်ဆရာတစ်ယောက်ရဲ့်သတင်းကိုကြားတော့ ကျနော် ဝမ်းနည်းမိ သည်။ စိတ်ထဲမှာလည်းမကောင်း။ ထောင်ဝင်စာသွားတွေ့ရ ကောင်းမလား တွေးရင်း တခြားဆရာနဲ့အတူထွက်တဲ့
လူပျံတော်ဆရာနှစ်ပါးရဲ့သတင်းကို ဖုံးထဲကနေ သူငယ်ချင်းဆီမှာ မေးဖြစ်သ ည်။

                         [ ၂ ] ရဟန်းဝါနှစ်ဝါရနေပြီဖြစ်သောကျနော်သည် ယ္ခုအခါ ရဟန်းတော်များလူထွက်က်ြခြင်းကို မအံ့သြမိပါလေတော့။ နိုင်ငံကျော် ဓမ္မကထိကများလည်း ထွက်သည်။ သာမဏေကျော်နှင့် သာသနဓဇများ ဥဘတောဝိဘင်္ဂဓရများ အဘိဝံသများ လည်း ထွက်ကြသည်၊ စာသင်သား ကိုရင် ပေါက်စနလေးများမှစပြီး အခန်းနေ
ကျောင်းထိုင်ဘုန်းကြီးများအထိလူထွက်ကြသည်။သာမဏေကျော် ဓမ္မာစရိယ Ph D ဘွဲ့ရ ကျောင်းက ဆရာတစ်ပါး "လူထွက်လောက်တယ် " ဒီသတင်းသဲ့သဲ့ကြိုကားရ တော့ " ထွက်နိုင်/မထွက်နိုင် " သူငယ်ချင်း တစ်ပါးနဲ့ကိုယ့်ထင်ကြေးကိုပြောဖြစ်သည်၊ " ဘယ်ထွက်လိမ့်မလဲဟ ၊ မိန်းမဆိုတာဘာမို့လဲ၊ဒီအခြေအနေကို သူ မစွန့်လွှတ်နိုင်ပါဘူး "
ကျနော့်သူငယ်ချင်းက ဒီလိုပြောခဲ့သည်။
အခုတော့ ကျနော်တို့ဆရာဟာ တောင်ငူတက္ကသိုလ်မှာကထိကတစ်ယောက်ဖြစ်နေပြီ၊သူ့မှာသားလေးတစ်ယောက်လည်းရနေပြီ လို့လည်း ကြားသိရသည်။

                        
                             [ ၃ ]
      
        " ဆွမ်းခံသွားရင်း ဆန့်ကျင်ဘက်လိင်
ရဲ့အာရုံတွေ ကျောင်းအထိပါလာတာဟာ
ငါးမန်းကိုက်ခံရတာပဲ"လို့ အဂ္ဂင်္ုတ္တိုရ်ပါဠိ
တော် ဦမိဘယသုတ်ထဲက ဘုရားစကား တွေကို ယူပြီး  စကားကြီး စကားကျယ် ကျ
နော် မပြောလိုတော့။ ပရိနိဗ္ဗာန်စံခါနီး အရှင်အာနန္ဒာကို ဘုရားမိန့်ခဲ့တဲ့ " ရဟန်း
တော်များနှင့် မာတုဂါမ ဆက်ဆံရေး လမ်း
ညွှန်" ကိုလည်း ကျနော် မေ့လျော့ခဲ့မည်။

" မြင် ရော ကျွှမ်းသော တာရော သိက္ခံ ချ လူထွက် ဆယ်ချက် ကုလူပံ " ဒီလင်္ကာ
လေးရဲ့အဓိပ္ပါယ်ကိုတော့ ကျနော် မေ့လျေ
ာ့မထားခဲ့ချင်။ လူဒါယကာ/ မ အိမ်များမှာ
အဝင် အထွက်များတဲ့ ရဟန်းရဲ့ဖြစ်ပေါ်
လာနိုင်တဲ့ ဖြစ်လည်း ဖြစ်တတ်တဲ့ ဆိုးကျိုး
ပြ လင်္ကာလေးကို  အဂ္ဂင်္ုတ္တိုရ်ပါဠိတော်များ
လေ့လာစဉ်က အတော်လေးသဘောကျမိ
ခဲ့ပါသည်။
လူတွေအိမ် သွားဖန်များလာတဲ့အခါ
၁။ဆန့်ကျင်ဘက်လိင် မိန်းမသားကို
အမြဲမပြတ်တွေ့မြင်ရပါလိမ့်မည်။

၂။မြင်ဖန်များလာတဲ့အခါ ( စကားလုံးချင်း
အကြည့်ချင်း ရယ်သံများချင်း)ရောနှောမိ
နိုင်ပါသည်။

၃။ရောနှောဖန်များလာတဲ့အခါ အကျွမ်းဝ
င် ရင်းနီးလာနိုင်ပါသည်။

၎။အကျွမ်းဝင်လာတဲ့အခါ သံယောဇဉ်တွ
ယ်လာနိုင်ပါသည်။ ( စာ၌ ရာဂဘီလူးဝင်
ပူးသည်ဟု သုံးထားပါသည်)

၅။သံယောဇဉ်တွယ်လာတဲ့အခါ (၁)သာသနာ့ဘောင်မှာ မပျော်ပိုက်ခြင်း
(၂)ညစ်နွမ်းသော ပြစ်မှုကို ကျုးလွန်ခြင်း
(၃)သိက္ခာချ၍ လူထွက်ခြင်းများ
ဖြစ်လာနိုင်သည်ဟု ဒုတီယကုလူပဂသုတ်
တော်၌ မြတ်ဗုဒ္ဓက ဟောပြတော်မူခဲ့ပါသ
ည်။

  "လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာ
ပါ " ဒီလိုကျနော်တို့ သိဖူးကြသည်။မာတု
ဂါမကိစ္စများကြောင့် လူထွက်သွားကြတဲ့
အခါ ဒီဥပမာကိုတွေးရင်း ဘယ်သူ့ကိုမှ ကျနော် အပြစ်မဆိုမိပါလေတော့။ (သို့သော် ဘယ်မိန်းကလေးကိုမှ "ကျောင်းကြီးဖျက်မ " မဖြစ်စေချင်) ဒါကြောင့်လည်း  " တကယ်တော့ ဘယ်သူ
မှ မမှားခဲ့ကြပါဘူး။ သံယောဇဉ်ကိုက အနားကွပ်ဖို့. ခက်ခဲခဲ့တာပါကွယ် "ဒီလို
လေးရေးပြီး  ကျနော့် အစ်ကိုလိုဆရာလို
ချစ်ခင်ရတဲ့ လူပျံတော်တပါးဆီ ပို့ဖြစ်ခဲ့သ
ည်။

                        [ ၄ ]

     သံယောဇဉ်ကို အနားကွပ်ဖို့က အပြော
လွယ်သလောက် အလုပ်ခက်သည်။
"သံသာရ ဝဋ္ဋဒုက္ခတော မောစနတ္ထာယ" လို့ ကြွေးကြော်ခဲ့ပေမင့်
"ကြယ်တွေစုံတဲ့ ည" သီချင်းကို နား
ထောင်ရင်း လိုက်ညည်းဖူးကြလိမ့်မည်။
"အညာဟိ လာဘူပနိသာ၊အညာနိဗ္ဗာန ဂါ
မိနီ၊လာတ်လာဘရကြောင်းအကျင့်နဲ့ နိဗ္ဗာန်ရကြောင်း အကျင့်က တခြားစီ "ဒီလို
အော်ရင်း  ဘိုင်ကျပါများလို့ကြာလာတဲ့အခါ မိဘ
ဆွေမျိုး ရဟန်းဒါယကာ/မဆီ မှာ နဝကမ္မငွေတောင်းရ ကောင်းမလားလို့ ကျှနော် စဉ်းစားဖူးသည်။

ရဟန်းတပါးရဲ့ အိပ်မက်ဆိုတာ သံယော
ဇဉ်ကို အနားကွပ်ဖို့ ကြိုးစားခြင်းပဲ ဖြစ်သည်။ ဒီအိပ်မက်ကို ခဏတာ ရူးမူးမိ ၍မေ့မိသည်ဆိုဦးတော့ ပျောက်ပျက်သွား ခွင့် ကျနော်မပေးနိုင်။ဖျောက်ဖျက်ပြစ်လို့မရ။ အိပ်မက်ကို ပျောက်ပျက်စေခဲ့ပါလျင် ရှင်သန်ကျင်လည်ရာ ဘဝဟူသည်မှာ အဓိပ္ပါယ်မရှိတော့ဟု ကျနော် ခံယူထား သည်။

သို့ဖြစ်ရာ သံယောဇဉ်ဟာ အနားကွပ်ဖို့
ခဲယဉ်းနေစေဦးတော့ ရဟန်းဖြစ်သော ကျနော်သည်
ရဟန်းတစ်ပါးရဲ့အိပ်မက်ကို ဘဝပေးတာ
ဝန်အရ မက်ရပါလေဦးမည်။

                  မောင်ရန်ဝေး (မန်းမြေ)
                          
                ၇၈-ခု။ခေါင်ဆုတ်( ၄ )ရက်
                              တနင်္လာနေ့

No comments:

Post a Comment