Monday, August 8, 2016

"မြန်မြန်လုပ်လိုက်..အချိန်မီသေးတယ်"

"မြန်မြန်လုပ်လိုက်..အချိန်မီသေးတယ်"
••••••••••••••••
နောင်ဘဝ မပြောနဲ့ ၊ မနက်ဖြန်ခါ.."သင်"ဘာဖြစ်မယ် ဆိုတာတောင် မသေချာဘူး။
သေချာတာ တခုကတော့.. " ဝိပဿနာ " အားထုတ်ယင်တော့.. အို၊နာ၊သေ က လွတ်မြောက်နိုင်မဲ့ နိဗ္ဗာန် ကို ရောက်မယ် ဆိုတာတော့ အသေအချာပြောနိုင်တယ်။

အပယ်တခေါက်ကျသွားလို့ ကတော့.. အတော်နဲ့ ပြန်တက်လာဖို့ မလွယ်ဘူး။တချက်လေးလွဲသွားယင် "ဘွားတေး"လုပ်လို့ မရဘူး။
ကံကောင်းလို့  နောက်တစ်ခါ လူလာဖြစ်ရင်တောင် သာသနာနဲ့ ဆုံဖို မလွယ်။ဒီလိုအခွင့်အရေး မျိုးဘာမှမရှိဘူး။

ပါဠိ တွေ နားလည်စရာလည်း မလိုဘူး၊ နားမလည် လို့ လည်း စိတ်မပျက်နဲ့ ၊ ပရိယတ္တိ တွေ မသိလို့ လည်း ဘာမှ အားမငယ် နဲ့ ...။
မြတ်စွာဘုရားရှင်သက်တော်ထင်ရှားရှိစဉ် ရဟန်းတပါးက ဘုရားရှင်ကို လျှောက်တယ် "အရှင်ဘုရား တရားထူးရဖို့ ဘယ်လောက်ထိ
ဗဟုသုတ အကြားအမြင်ရှိရင် တရားရနိုင်ပါသလဲ "ဘုရားလို့ လျှေက်တော့ ဘုရားရှင်က.."ချစ်သား ဒါကအနိစ္စ၊ ဒါကဒုက္ခ၊ ဒါကအနတ္တ လို့ ဆိုတဲ့ စကားသုံးခွန်းကြားဖူးယုံနဲ့ တရားရဖို့ လုံလောက်ပြီလို့ ပြန်ဖြေခဲ့တော်မူပါတယ်။
ဒီစကားသုံးခွန်းကတော့ ကျွန်ုပ်တို့ 
နေ့ စဉ် ကြားနေကျတွေပါ ဒါ့ကြောင့် တရားထူးရဖို့ ပြည့်စုံနေပြီလို့ သိထားကြစေလိုပါတယ်။

နောက်ပြီး...စူဠပန္ဓက မထေရ်ဟာ အက္ခရာ
၄၄ လုံးကို ၄ လကျက်တာတောင် မရဘူး
ဒါနဲ့ လူထွက်ဖို့ ဘုရားရှင်ကိုလျှောက်တော့
ဘုရားရှင်က "ငါဘုရားသာသနာမှာ စာမတက်လို့  မဂ်ဖိုဂ်နိဗ္ဗါန် မရဘူးဆိုတာ မဖြစ်ရဘူး"ဆိုပြီး
တရားပြလိုက်တာ ရဟန္တာဖြစ်သွားတယ်။

ဒါ့ကြောင့်ဆရာတော်ကြီးတွေက
စာမတက်လို့ ငရဲမကျဘူး
သီလမရှိရင်တော့ ငရဲ ကျမှာပဲတဲ့
စာတက်ဖို့ ထက် သီလလုံခြုံ ဖို့ က ပိုအရေး
ကြီးပါတယ်လို့  ဆုံးမခဲ့ပါတယ်။

ဆရာတော်ကြီးတပါးကဆိုရင် "မဂ်ဖိုလ်
နိဗ္ဗါန်ရတဲ့လူကတွေထဲ..ကကြီးခခွေး မတက်တဲ့လူက
ပိုများတယ်တဲ့..။

ဒါ့ကြောင့်မိတ်ဆွေတို့  စာမတက်တာ
ဥာဏ်ထိုင်းတာတွေဟာ တရားအတွက်
ပြဿနာမရှိပါဘူး ။သီလ လုံလုံခြုံခြုံ နဲ့ တရားကိုသာ ကြိုးကြိုးစားစားအားထုတ်ကြဖို့ အရေးကြီးပါတယ်။

အဲဒါကြောင့်.."ဝိပဿနာ" ဆိုတာ လွယ်လွယ်လေး...သင့်မှာ စဉ်းစားတတ်တဲ့ ဉာဏ် နဲ့  ဝိရီယ ရှိယင် ရနေပြီ။

ခုချက်ခြင်း..
သင့် အနေ နဲ့ သက်သာသလို..
တင်ပလ္လင် ခွေသာ ထိုင်လိုက်ပါ။
လက်ဝါးနှစ်ဖက်ကို ဖြန့် ပြီး ဘယ်ဖက်လက်ဝါးပေါ် ညာဖက်လက်ဝါး တင်လိုက် ၊
လက်မ နှစ်ချောင်းကို ထိပ်ခြင်းထိထား၊
ခါးကို ၉၀ ဒီဂရီ မတ်နေအောင်ထား ဒါဘဲ။
ပြီးယင် အသက် ပုံမှန်ကလေးရှု၊
လေဝင်သွားယင်
"ဝင်တယ်" ဆိုပြီး အသိစိတ်က မှတ်၊
လေပြန်ထုတ်ယင်
"ထွက်တယ်" ဆိုပြီး အသိစိတ်က မှတ်၊
အဲဒါဘဲ " ဝိပဿနာ " ဆိုတာ။
ကဲ.. ဘယ်လောက်လွယ်လဲ..။

မှတ်နေယင်းက...ထူးထူးခြားခြား မိမိခန္ဓာ ကိုယ်မှာ တခုခု ...
ဘာပေါ်ပေါ်..ဘာဘဲပေါ်လာလာ "သိတယ် သိတယ် "ဆိုပြီး မှတ်နေယုံဘဲ။
ငြိမ်ငြိမ်လေးထိုင်ပြီး မှတ်နေရတဲ့ ကိစ္စ၊
ပင်ပန်းတာလည်း မဟုတ်၊ ဘာမှ..မလုပ်တတ်စရာမရှိဘူး။

ထိုင်ရတာ ညောင်းလာ..လား?
အေးလေ..ဒါပေါ့ အကျင့်မှ မရှိသေးတာ..
ကြာတော့..ညောင်းမှာပေါ့။ ညောင်းယင် နာလာမှာ ပေါ့.. ။အဲဒီတော့ နာ တယ် လို့  မှတ်ပေါ့..။အစပိုင်းမှာ မခံမရပ်နိုင် ဖြစ်လာယင် နော်..။ သည်းမခံနိုင်တဲ့ အဆုံး..
နည်းနည်းသက်သာအောင် အနေအထားကို ပြင်၊ ဖြည်းဖြည်းပြင်နော် ၊ အဲဒီ ပြင်တဲ့အခါမှာလည်းဘဲ  "ပြင်တယ် ပြင်တယ်" ဆိုပြီး စိတ်က သိနေရမှာ နော်..။

ကုန်ကုန်ပြောမယ်
ဘာပေါ်ပေါ် စိတ်က မလွတ်စေနဲ့ ၊
ရှုယင်းရှုယင်း ခန္တာ ပေါ်မှာ တစ်ခုထက်မက မှတ်ရမှာတွေ  များလာယင်တော့.. လောလောဆယ်အထင်ရှား ဖြစ်နေတာကို ရှု ၊ အဲဒါ..
" ဝိပဿနာ " ဘဲ။

ကဲ.. ဒီတော့ "အချိန်မီသေးတယ်" ဒီနေ့  အခုချက်ခြင်း "ဝိပဿနာ " အားထုတ်လိုက်တော့...။
••••••••••••••••••••••••

ခန္ဓာ(၅)ပါးတစ်ဦး(ဓမ္မဒါနပြုသူ)

( ဆရာတော်များ ထံမှ နာယူခဲ့ သော တရားတော် များမှ..မှတ်သားနာယူထားသမျှ ကောက်နှုတ်ချက် ကို ရေးသားဓမ္မဓါန ပြုပါသည်  )

No comments:

Post a Comment