"လေယဉ်ပိုက်လော့တယောက်ဖြစ်ဖို့သိရှိထားသင့်သည့်အချက်များ''
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
.
❑ Department of Civil Aviation ရဲ့ MCAR Part 2 Flight Crew
Licensing နဲ့ International Civil Aviation Organization ရဲ့ Annex 1 Personnel Licensing တို့ကို ကိုးကားပြီးရေးပါမယ်။
.
❑ ❑ပထမတအုပ်က ၁၄၇ မျက်နှာ ဒုတိယ တအုပ်က ၁၂၈ မျက်နှာ ရှိတာမို့ ခြုံငုံ
မိအောင်ရေးဖို့မလွယ်သော်လည်း အတက်နိင်ဆုံးကြိုးစားရေးပါ့မယ်
ကြော်ငြာတွေမှာပြောသလို ပိုက်လော့ တယောက်လွယ်လွယ်နဲ့ဖြစ်လာတာ
မဟုတ်ဖူးဆိုတာ လေကြောင်းစိတ်ဝင်စားတဲ့ လူငယ်တွေ သိရင် အညာမခံ
ရတော့ပဲရေးရကျိုးနပ်ပါပြီသတင်းအချက်အလက်ဆိုတာအရမ်းအရေးကြီးပါ
တယ်အဲ့တာကြောင့်လည်း လူတွေက ခုခေတ်ကို information age လို့ခေါ်
တာပေါ့ဗျာပိုက်လော့ဖြစ်လိုတဲ့လူငယ်များအတွက် သတင်းအချက်အင်မတန်
ရှားပါးပါတယ်ကျွန်တော်ထက် အဆပေါင်းများစွာ သိသော တတ်သော
ဆရာကြီးများ Captain ကြီးများရှိသော်လည်း ကျွန်တော့ရဲ့အနည်းငယ်မျှသော ဗဟုသုတ များကို မျှဝေခွင့်ပြုပါအဓိက ရေးလိုသည်မှာ တပ်မတော်လေ မှ
ကူးပြောင်းလာသော ပုဂ္ဂိုလ်များ ကို မရည်ညွှန်းပဲ အပြင် flying school များ
တွင် တက်ရောက်လိုသူများအတွက် သာ ဖြစ်ပါတယ်။
.
(၁) ပညာအရည်အချင်း ဘယ်လောက်အနိမ့်ဆုံးရှိရမလဲ
►GCE O level / 10 တန်း အောင်ဆိုရင် ရပါတယ်
မြန်မာနိင်ငံရဲ့ တခုတည်းသော လေယာဉ်မောင်း သင်တန်းကျောင်း MAA
မှာတော့ Physics Maths English အနိမ့်ဆုံး အမှတ် ဘယ်လောက်ရ ရ
မယ်ဆိုတာရှိပါတယ်
(၂) ပိုက်ဆံဘယ်လောက်ကုန်မလဲ
►ဒေါ်လာ ခြောက်သောင်း ဝန်းကျင်ခန့် ကုန်ကျနိင်ပါတယ်
(၃) အချိန်ဘယ်လောက်ကြာကြာတက်ရမလဲ
►အကြမ်းမျဉ်း ၂ နှစ်ခန့်ကြာပါ့မယ်
(၄)ကျန်းမာရေးဆေးစစ်မှုတွေလိုအပ်ပါသလား
►►လိုပါတယ် Class 1 Class 2 Class 3 medical certificate အမျိုးမျိုးရှိပါတယ် အကျယ်တော့မရေးတော့ပါဘူး
(၅) ပိုက်လော့ လိုင်စင်အမျိုးအစားဘယ်နှစ်မျိုးရှိလဲ
အကြမ်းမျဉ်း ၄ မျိုးရှိပါတယ်
❑Student Pilot Licence SPL
❑Private Pilot Licence PPL
❑Commercial Pilot Licence CPL
❑Airline Transport Pilot Licence ATPL
.
(၆) သင်တန်းတက်နေစဉ် ဘယ်လိုင်စင် ကိုင်ရမလဲ
Student Pilot Licence ရှိရပါမယ်
.
(၇) ကျောင်းဆင်းဆင်းချင်း လေကြောင်းလိုင်းတခုမှာ တန်းအလုပ်ဝင်လို့ရလား
►[မရပါဘူး CPL ရှိမှရပါမယ်]
.
(၈) လိုင်စင်တွေကို ဘယ်အဖွဲ့အစည်းကပေးလဲ
လေကြောင်းလိုင်းများမှသော်လည်းကောင်း ICAO မှသော်လည်းကောင်း လေယာဉ်အမောင်းသင်ကျောင်းများမှသော်လည်းကောင်း မပေးပါဘူး သက်ဆိုင်ရာ လေကြောင်းအာဏာပိုင်အဖွဲ့အစည်း Civil Aviation Authority သို့ Department of Civil Aviation တွေကပဲပေးပါတယ်
.
(၉) Student Pilot Licence ကနေ Commercial Pilot Licence လျောက်
ချင်ရင် အနိမ့်ဆုံးဘာတွေလိုမလဲအနဲဆုံး ပျံသန်းချိန် နာရီ ၂၀၀ ရှိရပါမယ်
လေယာဉ်မောင်းသင်တန်းကျောင်းတွေက Diamond 40 NG, Diamond 42 NG လေယာဉ်များဖြင့်သာ သင်တာများပါတယ်
တကယ့်လက်တွေ့မှာ မြန်မာပြည်ဥပမာ နဲ့ ပြောရရင် ATR တွေများလို့ additional training / Simulator မောင်းဖို့လိုပါတယ် အဲဒါကို type rating လို့ ခေါ်ပါတယ် မောင်းနှင်လိုတဲ့ လေယာဉ်ပျံအမျိုးအစားတွေ ပြောင်း ပြောင်း သွားတာနဲ့ အမျှ Licence ထုတ်ပေးမယ့် regulatory body ရဲ့ certification တွေ ပြောင်းသွားတာကို type rating လုပ်တယ်လို့ခေါ်ပါတယ်
.
(၁၀) CPL ကနေ ATPL လျောက်ရင် ဘာတွေလိုမလဲ
►CPL အဖြစ် အနဲဆုံး ပျံသန်းချိန် နာရီ ၁၅၀၀ ရှိရပါမယ် pilot in command အဖြစ် နာရီဘယ်လောက် instrument က နာရီ ဘယ်လောက် cross country က နာရီ ဘယ်လောက် သတ်မှတ်ချက်ရှိသေးသော်လည်း ရှုပ်ကုန်မှာ စိုးလို့ ချန်ထားခဲ့မယ်
(၁၁) တခြားနိင်ငံ က CPL ရရင် မြန်မာပြည်မှာ မောင်းလို့ရပြီလား
►မရပါဘူး အနိမ့်ဆုံတော့ Air Law စာမေးပွဲလေးတော့ဖြေရပါအုံးမယ်
.
(၁၂) တခြားနိင်ငံက CPL ATPL တွေ မြန်မာပြည်မှာ မောင်းချင်ရင် ဘာလုပ်ရ
မလဲDCA မှာ Validation / Conversion လူပ်ရပါမယ် နဲနဲရှုပ်လို့ ကျွန်တော်
မပြောတော့ဘူးကြုံ ကြိုက်လို့ ကိုယ်တွေ့ ဥပမာ လေး တခုပြောရရင် မန္တလေး ကိုSolar Impulse လေယာဉ်လာတုံးက သူတို့ လေယာဉ် တရုတ် ကို ပျံတက်ချိန်မှာ Air Myanmar ရဟတ်ယာဉ်နဲ့ aerial shoot ရိုက်ဖို့စီစဉ်ကြပါတယ် သူတို့အဖွဲ့ထဲမှာပါတဲ့ တယောက်က ရဟတ်ယာဉ် pilot ခုံမှာ ဝင်ထိုင်ပြီး ကိုယ်တိုင်မောင်းချင်ကြောင်း ကျွန်တော်တို့ Acting DG ဦးမင်းလွင်ကိုခွင့်တောင်းပါတယ်
သူကမ္ဘာ အရပ်ရပ်မှာ ရဟတ်ယာဉ် ဘယ်နှစ်မျိုး မောင်းဖူးကြောင်းပြောပါတယ်
Acting DG က တခွန်းပဲပြန်ပြောလိုက်ပါတယ် No ခွင့်မပြုနိင်ဖူးတဲ့ သူ့ လိုင်စင်ကို မြန်မာပြည်မှာပျံဖို့ Validation / Conversion မှ မလုပ်ထားတာ
.
(၁၃) CPL လိုင်စင်ပူပူနွေးနွေးရရင် ဘာဖြစ်မလဲ
လေကြောင်းလိုင်းတွေမှာ Co pilot လို့ခေါ်တဲ့First Officer ဖြစ်နိင်ပါတယ်
.
(၁၄) လေယာဉ်မောင်းသင်တန်းဆင်းပြီးသွားရင် ရော ထပ်ကုန်ကျမှုရှိနိင်သေးလား
►ရှိနိင်ပါတယ် အထက်မှာ ကျွန်တော်ပြောခဲ့သလို ကိုယ်သင်ခဲ့ရတာ Diamond လေယာဉ် ကိုယ်မောင်းမယ့် လေကြောင်း ကိုယ်အလုပ်ဝင်လိုတဲ့လေကြောင်းမှာရှိတာက ATR သို့ Embraer 190 ဆိုရင် Simulator ထပ်ဖြေဖို့ ဒေါ်လာ ၂ သောင်း ၃ သောင်း လောက်ကုန်အုံးမှာပါ ကံကောင်းထောက်မလို့ အလုပ်အရင်ရပြီး
လေကြောင်းလိုင်းက ပိုက်ဆံထုတ်ပေးရင်တော့တမျိုးပေါ့
(၁၅) ကိုယ်တက်လိုတဲ့ကျောင်းရဲ့ခိုင်မာမှုကို ဘယ်လိုစဉ်းစားမလဲ
အနိမ့်ဆုံး website လိပ်စာလေးတောင် မပေးနိင်ရင် မစဉ်းစားနဲ့တော့
လေယာဉ် ဘယ်နှစ်စင်းရှိလည်းလေယာဉ်အမျိုးအစား ဘယ်နှစ်မျိုးရှိလည်း
Simulator ရှိလားInstrument rating / type rating တွေရော ဘယ်လောက်လုပ်ပေးနိင်လဲသက်ဆိုင်ရာလေကြောင်း အာဏာပိုင်အဖွဲ့အစည်းရဲ့ Approval
ရထားတဲ့ကျောင်းလားပြည်တွင်းမှာတက်ရင်တမျိုးပေါ့
ပြည်ပမှာတက်မယ်ဆိုရင် နေထိုင်စားသောက်စရိတ် ထည့်စဉ်းစားရမယ်
ကောင်းသတင်းဘယ်လောက်ကျော်စောလည်း အရင်တက်ဖူးသူများကိုမေးပါ
.
မူရင်း annex တွေ regulation တွေ ဖတ်ချင်ရင်အောက်မှာ link ပေးထားပါတယ်
http://www.dca.gov.mm/images/dcafiles/files/MCAR%20Part%202%20FCL%282Ed2013%20%29.pdf
http://dcaa.trafikstyrelsen.dk:8000/icaodocs/Annex%201%20-%20Personnel%20Licensing/Personnel%20Licensing%20-%2010th%20ed%20-%20July%202006.pdf
(မူရင်းရေးသားသူ- Aung Soe Moe : Senior Officer (Air Transport) @ ASEAN Secretariat Office, Jakarta)
No comments:
Post a Comment